Tuesday, July 10, 2012

Panasonic TZ-25






ဈေးနှုန်းမြင့်မားပြီး စွမ်းဆောင်ရည်အထူးကောင်းမွန်တဲ့ မိသားစုသုံး Panasonic TZ-25 ကင်မရာဖြစ်ပါတယ်။ အပျော်တမ်းအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Auto Compact ကင်မရာတစ်လုံးဖြစ်ပေမယ့် ကင်မရာရဲ့လုပ်ဆောင်ချက်တွေဟာ အိတ်ဆောင် Professional ကင်မရာတစ်လုံးလို ပံ့ပိုးစွမ်းဆောင်ပေးမှာဖြစ်ပါတယ်။ ဘော်ဒီဒီဇိုင်းကတော့ ရိုးရှင်းပါတယ်။

အရောင်အသွေးတွေနဲ့ လှပစွာ ဖန်တီးထုတ်လုပ်ပေးထားတာ တွေ့ရပါတယ်။ ဒီကင်မရာကို လူငယ်များအနေနဲ့ ပိုမိုအကြိုက်တွေ့နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ခရီးဆောင်အသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေစေနိုင်တဲ့အပြင် ပုံထွက်အရည်အသွေးကိုလည်း အထူးစိတ်ချလို့ရနိုင်ပါတယ်။

အားသာချက်
ပုံရိပ်ကြည်လင်ပြတ်သားမှုအတွက်ပါဝင်တဲ့ Megapixel ဟာ ၁၂.၁ ရှိတာကြောင့် Auto Compact ကင်မရာတစ်လုံးမှာရှိသင့်တဲ့ အရည်အသွေးနဲ့ ကိုက်ညီမှုရှိတယ်လို့ဆိုရမှာပါ။ Zoom ဆွဲအားဟာလည်း အထူးကောင်းမွန်ပါတယ်။ ဒီကင်မရာဟာ အခြား Auto ကင်မရာများထက်ပိုမို Zoom ကစားနိုင်ပြီး Optical Zoom 16X ပါဝင်တာကိုတွေ့ရပါတယ်။ LCD Screen အရွယ်အစားမှာ ၃ လက်မရှိပြီး LEICA အမျိုးအစားမှန်ဘီလူးကို တပ်ဆင်အသုံးပြုထားပါတယ်။ အပျော်တမ်းအတွက် စုံလင်တဲ့စနစ်တွေကို ထည့်သွင်းဖန်တီးပေးထားတဲ့အပြင် လုပ်ဆောင်ချက်များကိုလည်း လွယ်ကူစွာ ကိုင်တွယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလင်းအမှောင်အတွက် ISO ကို ၃၂၀၀ အထိ အသုံးပြုနိုင်တာကြောင့် လိုအပ်တဲ့အလင်းအားအတွက် လုံလောက်မှုရှိပါတယ်။ Movie ကိုလည်း Full HD အရည်အသွေးနဲ့ မှတ်တမ်းတင်ရိုက်ကူးနိုင်မှာပါ။ လက်ရှိဈေးကွက်ထဲမှာ အနီရောင်နဲ့ အနက်ရောင်နှစ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

အားနည်းချက်
ကင်မရာရဲ့ဈေးနှုန်းဟာလည်း အနည်းငယ်များနေတာကို တွေ့ရပါတယ်။ လုပ်ဆောင်ချက်နဲ့ စွမ်းဆောင်ရည်ပိုင်းမှာကတော့ အားနည်းချက်မရှိပါဘူး။ View Finder မပါဝင်တာကလည်း ဒီကင်မရာရဲ့ အားနည်းချက်တစ်ခုဖြစ်ပါတယ်။ 3D စနစ်နဲ့ GPS စနစ်တို့လည်း ပါဝင်ခြင်းမရှိပါဘူး။ ဒါတွေကတော့ ဒီကင်မရာရဲ့ အားနည်းတဲ့အချက်တွေဖြစ်ပါတယ်။

သုံးသပ်ချက်
ဒီကင်မရာဟာ ဈေးနှုန်းများပေမယ့် အကောင်းကြိုက်သူအတွက်ကတော့ အဆင်ပြေနိုင်တဲ့ဈေးနှုန်းဖြစ်တယ်လို့ ဆိုရမှာပါ။ ပြည်တွင်းဈေးကွက်မှာ ကျပ်၃၉၀,၀၀၀ ၀န်းကျင်နဲ့ ရောင်းချပေးနေတာကို တွေ့ရပါတယ်။ ဒီကင်မရာမှာ အားနည်းချက်အချို့ရှိပေမယ့် အဓိကကျတဲ့ အပိုင်းမဟုတ်ပါဘူး။ အသုံးပြုသူတွေအနေနဲ့လည်း ကိုင်တွယ်အသုံးပြုမှုအပိုင်းမှာ အဆင်ပြေနိုင်သလို စိတ်ကျေနပ်မှုကိုလည်း အပြည့်အ၀ရရှိကြမယ်လို့ထင်ပါတယ်။ ဒါကြောင့် မိသားစုအပျော်တမ်းအသုံးပြုရန် သင့်တော်တဲ့ကင်မရာတစ်လုံးဖြစ်တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။

No comments:

Post a Comment

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................