တအာင်းမြေမှဓါတ်ပုံများ





                                  ရူခ်ူရ် တအာင်းများ၏ ရိုးယာမြေ၀ိုင်းအက  အား ညီညာစွာကပြနေပုံ
                                           ရူခ်ူရ် တအာင်း(ပလောင်)ရိုးယာ မြေ၀ိုင်းအက
2011ခုနှစ် ဆန်တန်းအောင်ကျောင်းသူကျောင်းသားများ အား ဂုဏ်ပြူဆုချိးမြင့်ခြင်းနှင့်  တအာင်းစာပေ  သင်
တန်းမှ ဆုရရှိကျသော  တအာင်း လူငယ်မောင်မယ်များ  စာပေနေ့အခမ်းအနားတွင်    အမှတ်တရရိုက်ရှိခဲ့ပါ
သည်။ 
                လူမျိုးစုတစ်စုတွင်  စာပေသည်လည်းအဓိကကျသော အခန်းကဏ္ဏတွင်ပါဝင်ပါသည်။    စာပေမရှိ
လျှင်လူမျိုးတုန်းသွားသည်ဟုဆိုနိုင်သည်။ထို့ကြောင့်  တအာင်းလူငယ်များ တအာင်းစာပေနေ့ကို   မနေ့နိုင်
အောင် တအာင်းစာပေအခမ်းအနားကြီးကို ကျင်းပခဲ့သည်။ တအာင်း(ပလောင်)တို့၏ သြဂုဏ်လ  ( ၃၀ )ရက်
နေသည်  တအာင်း(ပလောင်)များ၏ မနေ့နိုင်ဖွယ်နေ့လေးတစ်နေ့ဖြစ်ပါသည်။
                         စာပေပေါ်ပေါက်လာပုံ အကျဉ်း
                ၁၉၆၅-ခုနှစ်တွင်  ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဥက္ကဌနှင့် ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်များနမ့်ဆန်မြို့သို့ ရောက်ရှိလာပြီး တောင်ပိုင်နယ် ပလောင်စာမူအဖွဲ့ ဖွဲ့ရန်မေတ္တာရပ်ခံခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။သို့
သော် ရှမ်းပြည်နယ်ဦးစီးအဖွဲ့က အောက်ပါ ပုဂ္ဂိုလ်တို့အား စာပေဖြစ်မြောက်ရေးအဖွဲ့အဖြစ် ၁၉၆၇ -ခုနှစ်
ဇူလိုင်လ(၁၇) ရက်နေ့တွင်  ဖွဲ့စည်းခဲ့ပါသည်။
                          သို့သော် အထမြောက်အောင်မြင်ခြင်းမရှိခဲ့ပါ။ ရန်ကုန်-မန္တလေးတက္ကသိုလ်များတွင် ပညာ
သင်ကြားနေကြသော တအာင်းကျောင်းသူ/ကျောင်းသား ကြိုးစားအားထုတ်မှု၊နယ်ခံတအာင်းမိဘပြည်သူများ
၏တအာင်းစာပေတမူတည်းဖြစ်မြောက်စေလိုသော ဆနဒပြင်းပြမှုကြောင့် နမ့်ဆန်၊နမ့်ခမ်း၊ကွန်ခိုင်၊မူဆယ်၊
လားရှိး၊သီပေါ၊ကျောက်မဲ၊တောင်ကြီး၊ကလော၊မိုးကုတ်၊မန္တလေး၊ရန်ကုန်မြို့များမှ ကိုယ်စားလှယ်များပါဝင်
သောပလောင်စာပေနှင့် ယဉ်ကျေးမှု ဗဟို ကော်မတီကို ပထမ အကြိမ်ညီလာခံ (၂၉-၂-၇၂)နေ့တွင် ဖွဲ့စည်း
လိုက်သည်။
                                    ပထမ အကြိမ်ညီလာခံတွင် ပလောင်စာပြုပုဂ္ဂိုလ်များက အမျှော်အမြင်ကြီးစွာဖြင့် မိမိ
အနှစ်နှစ်အလလပြုစုခဲ့သော စာမူကို ဗဟိုကောင်မတီသို့ အသီးသီးပေးအပ်လှူဒါန်းခဲ့သည်။ ၄င်းစာမူများကို
တက္ကသိုလ် ကျောင်းသားများက စာပြူပုဂ္ဂိုလ်များထံလော့လာခြင်းသင်ယူခြင်း အကြံဥာဏ် များတောင်းခံခြင်း
ပြုပြီးနောက် ပလောင် တစ်မျိုးသားလုံး အသုံးပြနိုင်မည့် တစ်မူတည်းသော ပလောင်စာမူ၍ ဒုတိယအကြိမ်
ညီလာခံ(၃၀.၈.၇၂) နေ့တွင် တညီတညွတ် တည်း အတည်ပြုပြဌာန်းနိုင်ခဲ့ပါသည်။
                 ဒုတိယအကြိမ်ညီလာခံကို ၁၉၇၂-ခုနှစ်၊သြဂုဏ်(၃၀)ရက်မှ စက်တင်ဘာ(၂)ရက်နေ့အထိ၊နမ့်ခမ်း
မြို့တွင် ကျင်းပခဲ့သည်။တတိယအကြိမ်ညီလာခံကို ၁၉၇၃ ခုနှစ် ဧပြီ(၉)ရက်မှ(၁၁)ရက်နေ့အထိ မိုးကုတ်မြို့
တွင် ကျင်းပခဲ့သည်။စတုထ္တအကြိမ် ညီလာခံကို ၁၉၈၂ -ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့မှ(၂၇)ရက်နေ
အထိနမ့်ခမ်းမြို့တွင် ကျင်းပခဲ့သည်။ပဉ္စမအကြိမ် ညီလာခံကို ၁၉၉၂ ခုနှစ် မတ်လ(၃)ရက်နေ့မှ (၅)ရက်နေ့
အထိ ကျောက်မဲမြို့တွင် ကျင်းပခဲ့သည်။ ဆဠမအကြိမ် ညီလာခံကို ၁၉၉၆ ခုနှစ် မတ်လ (၂၀) မှ(၂၂)ရက်နေ့
အထိနမ့်ဆန်မြို့တွင် ကျင်းပခဲ့သည်။ သတ္တမအကြိမ် ညီလာခံကို(၂၀၀၀)ပြည့်နှစ် မတ်လ(၂၂)ရက်နေ့မှ(၂၄)
ရက်နေ့အထိနမ့်ဆန်မြို့တွင် ကျင်းပခဲ့ပါသည်။ အဠမအကြိမ် ညီလာခံကို ၂၀၀၄ ခုနှစ် မတ်လ (၂၁)ရက်နေ့
မှ (၂၃)ရက်နေ့အထိ နမ့်ခမ်းမြီု့ ကျားဖြူခန်းမ တွင် ကျင်းပခဲ့သည် ။
         ယခု နှစ်တွင် တအာင်းစာပေသည် နှစ်လေးဆယ် ပြည့်ခဲ့ပါပြီ ....................................
2011 ခုနှစ် စာပေသင်တန်းတက်ရောက်ခဲ့ကျသော ကျောင်းသူ/ကျောင်းသားများနှင့်သင်တန်းပို့ချပေးခဲ့
သောဆရာမရာမများနှင့် အမှတ်တရဓါတ်ပုံ
တအာင်းစာပေနေ့အခမ်းအနားတွင်ဆုရရှိခဲ့ကျသော တအာင်းလူငယ်မောင်မယ်များ
             တအာင်းပလောင်  ၁၃ ဖော်လူငယ်မောင်မယ်များရိုးယာဝတ်ဆုံများနှင့်တွေ့ရစဉ်

                                             ဇယန်းတအာင်း(ပလောင်)ပျိုဖြူလေး
 ဂူခ်ူရ် တအာင်း(ပလောင်)
 နမ့်ခမ်း တအာင်း(ပလောင်)၀တ်ဆုံလေးနှင့်တွေ့ရစဉ်
    မိုင်းကိုင် သို့ ကွင်းဆင်းလေ့လာစဉ် မိုင်းကိုင်ရှိပလောင်များအားတွေရစဉ် ရိုးရာမှတ်တမ်းအဖြစ် ရိုက်ရှိခဲ့ပါသည်။
        သီပေါ ဘော်ကြိုဘုရားတွင် ကျင်းပခဲ့သော ပွဲတောင်တွင် ပါဝင် ဖျော်ဖြေခဲ့သော တအာင်းပျိုဖြူများ
                                         ဘုရားပွဲရှိ တအာင်းတို့ ပျော်ရွင် စရာမြင်ကွင့်လေး
တအာင်းပလောင်တို့၏ ရိုးရာသိုင်းအကဟန်ဖြင့် အကြီးအကဲများအားကြိုဆိုနေစဉ် 

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................