သတင်းများနှင့်အသိပညာ


ဘရာဇီးကခေါင်းနှစ်လုံးနှင့်ကလေး

ဘရာဇီးနိုင်ငံတွင် အသက်၂၅နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဦးခေါင်းနှစ်လုံး ပါရှိသည့် ကလေးငယ်တစ်ဦးကို မွေးဖွားခဲ့ကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ဖော်ပြသည်။ မာရီယာဒီနာဇာရေး အမည်ရှိ အမျိုးသမီးသည် .......................................

ဆက်လက်ဖတ်ရှု့နီုင်ရန် <><><>
.

 

 

 

Mail ထဲကမဟုတ်ပဲ Gtalk Off Line Login လုပ်ကြရအောင်

Gtalk Gadget လို့ ခေါ်တဲ့  http://talkgadget.google.com/talkgadget/popout ကိုသွားလိုက်ပါ။
အဲဒီမှာ အရင်ဆုံး Signinကို နှိပ်လိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း Gtalk ကUsername နဲ့ Password ကိုရိုက်လိုက်ပါ။ ဒါဆိုရင် စလို့ ရပါပြီ… သူငယ်ချင်းတို့ရဲ့ မိတ်ဆွေတွေကို Gtalk မှာလိုပဲ တွေ့ရမယ်။ ဒါပေမယ့် ပုံမှန် Gtalk နဲ့ တော့ အကုန်မတူဘူးနော်။ သူက တစ်မျိုးလေး…..........


ဆက်လက်ဖတ်ရှုရန် <><><><>

 

 

USB Drive ကိုသုံးပြီး Window password တွေကို ဖျက်တာ ပြင်တာလုပ်တဲ့နည်း

Memory Stick အတွင်းသို့ Offline NT ကို ထည့်သွင်းခြင်း
ပထမဆုံး Offline NT Password & Registry Editor ကို  http://pogostick.net/~pnh/ntpasswd/usb110511.zip ကနေ Download ဆွဲပါ။ ရလာမှာက Zip ဖိုင်ပါ။ အဲဒါကို Extract လုပ်ပါ။ ISO ဖိုင်တစ်ဖိုင် ထွက်လာပါလိမ့်မယ်။ အဲဒီ ISO ဖိုင်ကို Extract လုပ်ပါ။ Memory Stick ကို Format ချပါ။ ပြီးရင် Command Prompt ကိုဖွင့်ပါ။ အောက်ပါ Command တွေ ပေးပါ။ ဒီ Command တွေဟာ Memory Stick ထဲကို Bootloader ထည့်သွင်းခြင်း ဖြစ်ပါတယ်။ ဒါမှ Stick ကနေ Boot လုပ်လို့ ရမှာပါ။
1.    diskpart
2.    list disk
3.    select disk x (x နေရာမှာ Memory Stick ရဲ့ Disk number ကို အစားသွင်းရပါမယ်)

 ဆက်လက်ဖတ်ရှုရန် <><><><>

 

 

လျှပ်စစ်နည်းပညာသစ်တစ်ခု တီထွင်အောင်မြင်

မန်းသားလေး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၄)
News Picတီထွင်အောင်မြင်ခဲ့သည့် လောင်စာမဲ့လျှပ်စစ်ထုတ်လုပ်မှုကိုဦးစိုင်းသန့်ဇင်ကလက်တွေ့စမ်းသပ်ပြနေစဉ်။
ဓာတ်ပုံ- မန်းသားလေး
အိုဇုန်းလွှာပျက်စီးခြင်း၊ ကမ္ဘာ့ရေနံနှင့်လောင်စာဆီရှားပါးမှုပြဿနာ
ကို ကာကွယ်ရန် လောင်စာမဲ့ လျှပ်စစ်နည်း ပညာသစ်ကို တီထွင် အောင်မြင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းနည်းပညာကို တီထွင်ခဲ့သော............................

ဆက်လက်ဖတ်ရှုရန် <><><><><


Windowsမတတ်၊မကြာခဏပြုတ်ကျနေပါက

ရေးသားသူ လေလွင့်သူလေး ,

အငယ်စား - 
အများဆုံးကတော့ Software Patch တစ်ခုခုကြောင့်ဖြစ်နိုင်ချေရှိပါတယ်။ Windows ကို automatic update လုပ်ဖို့ Settingလုပ်ထားခဲ့ရင် ကိုယ်သတိမထားမိလိုက်ဘဲ System ဖိုင်တွေကိုပြောင်းသွားနိုင်ပါတယ်။
System ဖိုင်တွေပဲဖြစ်ဖြစ်၊ driver.........................................

ဆက်လက်ဖတ်ရှုရန် ><><><><>< read more ...


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးတော့မယ်

2011-12-03
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို နောက်ခံထားပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ကို ရုပ်ရှင်အဖြစ် ရိုက်ကူးနိုင်ဖို့အတွက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ရုပ်ရှင်နယ်ပယ်က ထင်ရှားတဲ့ ဒါရိုက်တာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေကို နေအိမ်မှာ ဖိတ်ခေါ်ပြီး ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

AFP
မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို လန်ဒန်မြို့တွင် တွေ့မြင်ရစဉ်...............................................

ဆက်လက်ဖတ်ရှုရန် >><><><><

လေ့လာစရာ အင်္ဂလိပ်စာ အဖြာဖြာ (Index of English Language Articles)

 

 

 

မြန်မာယူနီကုတ်ဖန်တီးခဲ့သူ 

မြန်မာစာကို ကွန်ပျူတာပေါ်တွင် အသုံးချနိုင်ရေးအတွက် အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားခဲ့သော အင်္ဂလန်နိုင်ငံသား Keith Stribley သည် ၁၅.၂.၂၀၁၁နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ပါသည်။ Keith သည် . . . . . .

ဆက်လက်ဖတ်ရှုရန် >>>>>>

 

 

ဗုဒ္ဓစွယ်တော် ပုံရိပ်ပေါ်သည့်သတင်း အစိုးရ ဆက်တိုက်ဖော်ပြ

 

ဘုရားသောက်တော်ရေခွက် အတွင်း ဗုဒ္ဓမြတ်စွယ်တော် ပုံရိပ်တခု ပေါ်နေသည့်အတွက်လာရောက်
ဖူးမြော်သူလူအများနှင့် စည်ကားနေကြောင်း အစိုးရထုတ်သတင်းစာများတွင် ရက်ဆက် ရေးသားနေသည်ကို
တွေ့ရသည်။ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် မဉ္စူသကလမ်းနေ ဦးထွန်းမြင့်၏ နေအိမ်ရှိ
 
 ဘုရားသောက်တော်ရေခွက် အတွင်း ဗုဒ္ဓမြတ်စွယ်တော် ပုံရိပ်တခု ပေါ်နေသည်ကို နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၈ နာရီခန့်မှ စ၍ ယနေ့ထိ တွေ့နေရဆဲ ဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှု့ရန်>>>>>>>

 

 

 

တရုတ်က မြန်မာကို McWill နည်းပညာပေးအပ်

ရေးသားသူ SaiKoThu ,
တရုတ်နိုင်ငံ၊ ဘေဂျင်း Xinwei ကုမ္ပဏီက ၎င်းတို၏ McWill နည်းပညာကို မြန်မာနိုင်ငံသားပိုင် Link Global ကုမ္ပဏီသို့ ယနေ့ တရားဝင် လွဲပြောင်းပေးအပ်လိုက်သည်။ အဆိုပါ နည်းပညာ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ မြတ်တော်ဝင် ဟိုတယ်၌ ယနေ့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တရုတ်ကုမ္ပဏီက နည်းပညာပိုင်းဆိုင်ရာ သင်တန်းများပို့ချခြင်းနှင့် နည်းပညာပံ့ပိုးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းနည်းပညာများလက်ခံရယူသောLinkGlobalကုမ္ပဏီကထုတ်လုပ်မှုအပိုင်းနှင့်ချို့ယွင်းမှုများ ပြုပြင်ရေးကို 
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတို့၏ ပြောကြားချက်အရ သိရှိရသည်။ "ဒေသဆိုင်ရာ ကုမ္ပဏီအား နည်းပညာ လွှဲပြောင်းပေးအပ်တာကြောင့် McWill ဆက်သွယ်ရေး Terminal များကို ထုတ်လုပ်နိုင်တဲ့အတွက် မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ ထုတ်လုပ်မှု အသစ်တစ်ရပ် အောင်မြင်စွာ စိုက်ထူနိုင်မှာ ဖြစ်ပါတယ်" ဟု တရုတ် ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားသည်။ Link Global ကုမ္ပဏီမှ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းကလည်း Terminal ၅၄ လုံးတည်ဆောက်သွားမည်ဖြစ်ကြောင်း McWill ဖုန်းများကို ကျပ် ၅၆၀,၀၀၀ (အင်တာနက်ပါ) နှုန်းဖြင့် မြို့ကြီးများ၊ ဝေးလံသော မြို့များတွင် သုံးစွဲလျက်ရှိကြောင်း လာမည့် လအနည်းငယ်အတွင်း အခြားဖုန်းများနည်းတူ McWill ဖုန်းများကို လည်း သက်သာစွာ ဝယ်ယူသုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။ ဘေဂျင်း Xinwei ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ မူပိုင်ဖြစ်သော Broadband Wireless Access နည်းပညာကို SCDMA,CDMA၊ ၎င်း မှတစ်ဆင့် McWill စသည့် ဆက်သွယ်ရေး နည်းပညာများကို တီထွင်ခဲ့ပြီး ကဏ္ဍအသီးသီးတွင် သုံးစွဲလျက်ရှိကာ အဆိုပါ နည်းပညာကို နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် သုံးစွဲလျက်ရှိကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 






                                                
                                                  တအာင်းစာပေနေ့အခမ်းအနား
                           ရှမ်းပြည့်နယ်မြောက်ပိုင်း နမ့်ဆန်မြီု့၊ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ တွင်ကျင်းပခဲ့
သော (၄၀)ကြိမ်မြောက်အခမ်းအနား ကို နမ့်ဆန်မြီု့အတွင်းရှိ တအာင်း(ပလောင်)လူမျိုးများ၊   ရပ်ဝေးများမှ
တအာင်းညီအစ်ကိုမောင်နှမများ၊နမ့်ဆန်မြီု့ရှိ ဌာနဆိုင်ရာ အကြီးအကဲများ ၊ယခုနှစ်     တက္ကသိုလ်ဝင်တန်း
အောင်မြင်ကြသော ကျောင်းသူ/ကျောင်းသားများ နှင့် ရပ်မိရပ်ဖများအားလုံး မိမိတို့၏ တအာင်း(ပလောင်)
စာပေနေ့အခမ်းအနားကို တစည်တကားတိုက်တိုက်ဝန်းဝန်းနှင့် တက်ရောက်ခဲ့ပါသည်။
               
                  


ကျယ်ကောင်တွင်ဖြစ်ပွားသော ဆိုင်ကယ်လုရပ်မှု

၂၀၁၁ခုနှစ်၊စက်တင်ဘာ(၂)ရက်နေ့တွင်တရုတ်-မြန်မာနယ်စပ်၊ယူနန်ပြည်နယ်၊ကျယ်ဂေါင်မြို့တွင်ဆိုင်ကယ်
ကယ်ရီသမားများအား လူဆိုးဂိုဏ်းအဖွဲ့မှဓားထောက်ပြီး ဆိုင်ကယ်(၄)စီး လုယူသွားသည်ဟု သိရသည်။
မြန်မာပြည်သားဆိုင်ကယ်ရီသမားများထံမှဆိုက်ကလုံးအမျိုးအစား(၁)စီး၊လော့်ဂျား(၁)စီးနှင့်ဘီးဟောင်း(၂)စီး
လုယူသွားသည်ဟုသိရပါသည်။ထိုလူဆိုးဂိုဏ်းသည်မြန်မာပြည်သားများဖြစ်ကြပြီး ကာလတန်ကြာကျယ်
ဂေါင်တွင် ကျင်လည်နေသူများ ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်မှာ လားရှိုးသားအမည်ဖြင့် လူသိများပြီး အရင်ကလည်း ဆိုင်ကယ်လုမှုဖြင့် အဖမ်းခံရပြီး တရုတ်ပြည်တွင် ထောင်ကျဖူးကာ သြဂုတ်လတွင် ပြန်လွတ်လာခဲ့သူဖြစ်သည်။ သူပြန်လွတ်လာပြီးချင်း ဆိုင်ကယ်လုယက်မှုတွေ ဆက်တိုက်ပြန်ဖြစ်နေသည်ဟု ဆိုင်ကယ်ကယ်ရီ သမားတစ်ဦး၏ ပြောပြချက်အရသိရပါသည်။

လုယက်ခံရသော ဆိုင်ကယ်သမားများသည် တရုတ်ရဲသို့တိုင်ကြာသော်လည်း အရေးယူပေးခြင်းမရှိသလို မြန်မာရဲလည်း အရေးမယူပေးနိုင်သဖြင့် ဆိုင်ကယ်ဆုံးရှုံးမှုတွေခဏခဏဖြစ်ပေါ်နေသည်ဟု သိရသည်။

သြဂုတ်လဒုတိယပတ်တွင်လည်း လာ့်ဂျား(၁)စီးနှင့်နယူးဆန်းဘိုဆိုင်ကယ်(၁)စီးအလုခံရသည်ဟု သိရသည်။ ဆိုင်ကယ်ကယ်ရီသမားများလည်း ကျယ်ဂေါင်းတွင်း ဆိုင်ကယ်စီးရာတွင် ကြောက်ကြောက်လန့်လန့်ဖြစ်နေရ သည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

  



ဆိုင်ကယ်သမားများ သတ်နတ်ပစ်ခံရ

၂၀၁၁ခုနှစ်၊ မေလ၊ပထမအပတ်တွင် ကွတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင် ဒုရဲအုပ်မျိုးမင်းဇော်မှ သိန်းနီမြို့နယ်၊ ပန်စုံရွာသား ဆိုင်ကယ်ကယ်ရီ သမားများကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်၊၊

ဖြစ်ပွားပုံမှာ ကွတ်ခိုင်မြို့နှင့်နမ့်ဖတ်ကာအကြားရှိ နမ့်ခိုင်တံတားပေါ်တွင် ရဲများမှဆိုင်ကယ် ကယ်ရီသမားများထံ ပုံမှန်ငွေတောင်းသည့် နေရာတွင်ဖြစ်သည်၊၊ သို့သော်အဆိုပါနေ့တွင် လူကြီးခရီးစဉ်ရှိသည့်ဆိုပြီး ရဲများက တတားပေါ် ပေးမဖြတ်သည့်အပြင် တံတားကို ရှောင်ကွင်းသွားသော  ဆိုင်ကယ်သမား(၄)ဦးကိုလည်း ဖမ်းဆီးခဲ့သည်၊၊

ထို့ကြောင့်ကွင်းလမ်းအတိုင်းမသွားပဲ လမ်းမကြီးတံတားအတိုင်းသွားသော ပန်စုံရွာသားများအဖွဲ့ကို  တံတားစောင့်ရဲအဖွဲ့ ကနေ လမ်းပိတ်လိုက်ရာ ဆိုင်ကယ်သမားများက ရပ်မပေးသည့်အတွက် ဒုရဲအုပ်မျိုးမင်းဇော်မှ သေနတ်ဖြင့်(၃)ချက်ပစ်ရာ၊ တစ်ချက်မှာ ကိုစိုင်းဆိုသူ၏ ဗိုက်မှန်သွားသည်။ ထိုနေ့တွင်းချင်းပဲ ကွတ်ခိုင်ဆေးရုံသို့ပို့ကာ တစ်လကျော်ကြာဆေးရုံတွင် ဆေးကုသမှု ခံယူစေခဲ့သည်။ ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြောဆိုမှုကြောင့် မိမိဘာသာဆေးကုသစရိတ်ကို အကုန်ကျခံရသည့် အပြင် အမှုမဖွင့်ရန် ကြေအေးပေးလိုက်ရကြောင်း သိရှိရသည်။

ကွတ်ခိုင်ရဲဝန်ထမ်းများသည် နမ့်ခိုင်တံတားပေါ်တွင် တံတားလုံခြုံရေးအကြောင်းပြကာ ဆိုင်ကယ်၊ကား၊ထော်လဂျီ သမားများထံ တရားမဝင် ငွေတောင်းရမ်းသည့်နေရာလည်းဖြစ်သည်။ ဆိုင်ကယ်တစ်စီးလျှင် ကျပ်(၂၅၀၀)ပေးရပြီး တရုတ်နယ်စပ်မှ လားရှိုးအထိ ငွေတောင်းရမ်းသည့် ရဲဂိတ်(၁၀)ဂိတ်ကျော်ရှိသည်ဟု ဆိုင်ကယ်သမားများ ပြောပြချက်အရ သိရှိရသည်၊၊

အလားတူ ၂၀၁၁၊မတ်လတွင် ကွတ်ခိုင်-သိန်းနီကြားရှိ မန်ပိန်းရွာတွင် ရဲဝန်ထမ်း တစ်ပွင့်စက်အခေါ် မြင်းခြံဆိုသူမှာလည်း ဆိုင်ကယ်သမားများထံ ငွေတောင်းရာမှစကားများပြီး ပွိုင့်တူးတူး သေနတ်နှင့်ပစ်ခတ်၍ ဆိုင်ကယ်သမားတစ်ဦး ဝမ်းဗိုက် ထိမှန်ကာ သေဆုံးသွားခဲ့သည်။သေဆုံးသူမှာလားရှိုးအဝင် ဝန်တင်လားတပ်(လားတပ်ရင်း)မှ တပ်ကြပ်ကြီး တစ်ဦးရဲ့သား ဖြစ်ကြောင်း သိရှိရသည်။ ရဲအရာရှိအား ထောင်ဒဏ်(၂)နှစ်ချလိုက်သည်ဟု ရဲများပြောပြချက်အရ သာဆိုင်ကယ်သမား မိသားစုဝင်များမှသိရသည်။






 ရေကြီးခြင်းများဖြစ်ပွားနေ

ချင်း​တွင်း​၊ ​ ပဲခူး​ နဲ့​ စစ်​တောင်း​မြစ်​ရေ​တွေဟာ စိုး​ရိမ်​ရေမှတ်ထက် ​ကျော်လွန်​နေ တဲ့​အတွက် ပဲခူး​၊​ ​တောင်ငူ၊​ က​လေး​မြို့​တွေအပါအဝင် မြို့​ရွာတချို့​မှာ ​ရေကြီး​ရေလျှံမှု​တွေ ဖြစ်ပွား​နေသလို မိုး​သည်း​ထန်း​မှု​ကြောင့်​ ​ရေကြီး​၊​ ​မြေပြိုမှု​တွေဖြစ်ပွား​နေတဲ့​အတွက် လမ်း​ပန်း​ဆက်သွယ်မှု ပြတ်​တောက်​နေပါတယ်။
ပဲခူး​မြစ်​ရေ မြင့်​တက်မှု​ကြောင့်​ ပြီး​ခဲ့​တဲ့​ ဩဂုတ် ၉ ရက်​နေ့​ကတည်း​က မြို့​ပေါ် ​ရေကြီး​မှု ဖြစ်ပွား​ခဲ့​ပါတယ်။



**အချိန်ပေးပါ**

**အချိန်ပေးပါ**

ရေးသားသူ SaiKoThu ,
အချိန်ပေးပြီး စာဖတ်ပါ။ ဒါဟာ ဥာဏ်ပညာကြီးမြင့်မှုရဲု့အုတ်မြစ်ပဲ။
......................
Google Talk  ဘာသာပြန်များ
English to Myanmar>>en2mm3@mmgeeks.org
English to Kannada>>en2kn@bot.talk.google.com..............


GoogleTalk Shortcut များ


၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။
၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။...........................

Gmail၏သမိုင်းကြောင်း

ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB ..............................
read more >>>>






အရိမေတ္တေယျဘုရားအားဖူးမျှော်လိုလျှင် 

ကျွန်တော်တို့နထိုင်သောဟောဒီကမ္ဘာမှာဘုရားငါးဆူပွင့်မယ်လို့မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေး
ဆူပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာအရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။..........

No comments:

Post a Comment

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................