ပလောင်ရိုးရာဝတ်စားများ

 မြန်မာနိုင်ငံအတွင်းရှိဝတ်စားဆင်ယင်မှုနှင့်စကာအသုံးအနှုန်းများ။

                             ရှေားအခါက တအာင်း(ပလောင်)အမျိုးသားများသည်ရင်ဖုံးအင်္ကျီ၊ဘောင်းဘီပွကြား၊
ဒူးဆစ်အထိဖြစ်ပြီး(ခြေပိုင်းမှာပွကျယ်)ရင်ဖုံးအင်္ကျီနှင့်ဘောင်းဘီပွကို တရုတ်ဖျင်ကြမ်း၊နက်ပြာရောင်၊အနက်
ရောင်ဖြင့်ချုပ်ဝတ်လေ့ရှိပါသည်။ ခေါင်းပေါင်းမှာ အမျာအားဖြင့်အဖြုရောက်များဖြစ်ပြီး။ခေါင်းပေါင်းအရှည်
များ(၁၂)တောင်ကို (၆)ကိုက်(၁၈)ပေ)ခန့်ရှည်။လက်ဝဲဘက်နားတွင် နားဖေါက်ကာ ရွှေ၊ငွေ၊ရတာနာဖြင့်
ဆင်မြန်းလေ့ရှပါသည်။ခြေပတ်၊လက်ပတ်ကို ဖျင်အနက်ရောက်၊အနက်ပြာရောင်တို့ဖြင့် ပတ်၍ ၀တ်ဆင်ခဲ့
သည်။
         တအာင်း(ပလောင်)လူမျိုးတို့သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ၊ရှမ်းပြည့်နယ်အတွင်းနေရာဒေသ
အနှံ့အပြားတွင် နေထိုင်လျက်ရှိရာ၊ ရေမြေတောတောင်သဘာဝရာသီဥတု နျင့်လျှော်ညီစွာအရလည်းကောင်း
၊ပတ်ဝန်းကျင်းအခြားသောလူမျိုးများနှင့်သဟဇာတဖြစ်ရေးအတွက်လည်းကောင်း၊(ကောင်းနိုးရာရာ)ရွေးချယ်
ချုပ်လုပ်ဝတ်ဆင်လာကြသည်။
               လွန်ခဲ့သောနှစ်ပေါင်းငါးရာခန့်က စ၍ တအာင်း(ပလောင်)အမျိုးသားများသည်။တုိက္ပံုအက်ႌ၊
ဘောင်းဘီရှည်၊ရှပ်အဖြူ၊ခေါင်းပေါင်းဝတ်ဆင်ပြီး။အင်င်္ကျီ၊ဘောင်းဘီ၊(၀တ်ရုံ)မှာ ဖျင်စဖြင့်၎င်း၊ပင်နီစဖြင့်၎င်း
တက်ထရိုက်စသည့် ခေတ်ပေါ်အစများနှင့်လည်းကောင်း၊ချူုပ်လုပ်ဝတ်ဆင်ပါသည်။ဝတ်စုံအရောင်မှာ
ဝတ်ဆင်သူ၏ အသက်အရွယ် အသားအရေကိုလိုက်၍ နှစ်သာက်ရာအရောင်စုံဖြင့်ချုပ်လုပ်ဝတ်ဆင်ခဲ့
ပါသည်။
                  ၁၉၉၆ ခုနှစ် မတ်လတွင့် ကျင်းပပြုလုပ်သော ပဉ္စမအကြိမ်ညီလာခံတွင် တအာင်း(ပလောင်)
အမျိုးသားများ၏၀တ်စုံကို သတ်မှတ်ပြဌာန်းပါသည်။ပြဌာန်းသတ်မှတ်ထားသော အမျိုးသားဝတ်စုံမှာ တိုက်
ပုံအင်္ကျီ၊ဘောင်းဘီရှည်ဝတ်စုံကို အနက်ရောင်ဟုသတ်မှတ်ခဲ့ကြသည်၊ရှပ်အင်္ကျီမှာ အဖြူရောင်ဖြစ်ပြီး
(လည်ကတုံး)ဖြစ်သည်။ခေါင်းပေါင်းမှာ ပန်းရောင်ဖြစ်ပါသည်။ထင်းဝတ်စားဆင်ယင်မှုကို အထွက်အမြတ်ဖြစ်
သည့် ဘာသာရေးပွဲတောင်တွင်လည်းကောင်း၊အမျိုးသားရေးနေ့တွင် လည်းကောင်း ၀တ်ဆင်ရန်ဖြစ်သည်။
      တအာင်း(ပလောင်)အမျိုးသမီးများသည် နေထိုင်သောဒေသနှင့်လျှော်ညီစွာ ၀တ်ဆင်ကြသဖြင့်၊အမျိုး
သမီးဝတ်ဆင်မှုသည်  တစ်ဒေသနျင့်တစ်ဒေသ အနည်းငယ်ကွဲပြားလျှက်ရှိသည်။ မည်သို့ပင် ကွဲပြားစေကာ
မူ ယေဘုယျအားဖြင့် အခြေခံဝတ်စား ဆင်ယင်မှုမှာ တူညီလျှက်ရှိပါသည်။အမျိုးသမီးတို့၏ ၀တ်စားဆင်
ယင်မှုတါင် ခေါင်းခြုံ၊အင်္ကျီ ထမီ၊လက်ပတ်၊ခြေပတ်များဖြစ်ပါသည်။ ရှေးတအာင်း(ပလောင်)လူမျိုး၏ အပျို
ဘ၀နှင့်  အိမ်ထောင်သည် ဘ၀၀တ်စားဆတင်ယင် မှုတွင်လည်း ကွဲပြားလျှက်ရှိပါသည် ။

ဥပမာ - (၁) ဆာမ်လိုင် မျိုးနွယ်တို့၏ အပျိုဘ၀နှင့်အိမ်ထောင်သည်ဘ၀တို့ဝတ်ဆင်မှုတွင် ကွဲပြားလျှက်ရှိ
သည်။ ရှေးက အိမ်ထောင်သည် အမျိုးသမီးများသည် ဆံပင်ရှည်ကို ရိပ်ပစ်ရသည်၊ဖျင်ကြမ်း၊အနက်ရောင်
ဖြင့်ချုပ်လုပ်သော ဦးထုပ်ကိုခေါ်င်းတွင် ဆောင်းထားရသည်။
        (၂) တောင်ကျော် တအာင်းအမျိုးသမီးတို့သည် ရှေးကအပျိုဘ၀တွင် ဘောင်းဘီအနက်ရောင်ဖြင့်
ဝတ်ဆင်ကြရသည်၊အိမ်ထောင် ဘ၀၏၀တ်စားဆင်ယင်မှုတွင် ထမီပေါ်တွင်(ရဖ်ုရ်)ရှေးကနေဖုံးထားရပါ
သည်။

(၃) ၀တ်စားဆင်ယင်မှုတွင် ကွဲပြားရခြင်းအကြောင်းရင်းများမှာ-
     (၁) လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊
     (၂) လူနေမှု အဆင့်အတန်း၊အတွေးအခေါ်များကွဲပြားခြင်း၊
     (၃) နီးစပ်သော ပတ်ဝန်းကျင်၏ အသုံးအနှုန်းများကို အတုယူခြင်း၊
     (၄) အခြားလူမျိုးများနှင့် အရောနှောနေထိုင်ခြင်း၊
     (၅) ရာသီ ဥတု၊အပူအအေးကြောင့် ၀တ်စားဆင်ယင်မှုများကွမြားလာခြင်း၊
     (၆) စီးပွါးရေး အသက်မွေးဝမ်းကြောင်းမှုကိုလိုက်၍ ကွဲပြားခြင်းတို့ဖြစ်ကြပါသည်။
ဝတ်စားဆင်ယင်မှုတွင် ကွဲပြားလျှက်ရှိသည်ကို တွေ့မြင်ရပေမည်။
ယင်းတို့မှာ

(က) တအာင်းဒါဂြူ(ဆာမ်လိုင်)

 စော်ဘွားကြီး ဟောနန်းစိုက်ရာ နမ့်ဆန်မြို့မ တိုက်နယ်အတွင်း နေထိုင်ကြသော ဆာမ်လိုင်တအာင်းတို့မှာ
အနီရောင် ၀တ်ဆုံ၊ရွှေနားဍောင်းဆင်မြန်းသောအမျိုးအနွယ်ဖြစ်ကြသည် ။ ငွေဦးထုပ်၊ငွေခါးစည်း၊ငွေခြေ
ပတ်တို့ကိုလည်းဝတ်ဆင်မြန်းကြပါသည်။ တအာင်းဆာမ်လိုင်ကို (ကတူရ်) ဟူ၍ခေါ်ပါသည်။မြီု့မ(ခ)မြို့ပေါ်
(၆)ရပ်ကွက် ဇယန်းကြီး၊ငွန်ဆိုင်း၊လွယ်ခမ်း၊ဘုရားကြိး၊မန်ပန်၊ဘန်ကောက်၊ဇယ်တုန်ဟုန်း၊ကျောက်ဖြူ၊
ကယားကြီး စသည်တို့တွင် နေထိုင်လျှက်ရှိကြပါသည်၊


(ခ) ဒါဂြူတအာင်း(ရူမာည်)
               ရူမာည် တအာင်းတို့၏ ၀တ်စားဆင်ယင်ပုံမှာ ဦးထုပ်၊အင်္ကျီ၊ထမီအနက်ရောင်များ ၀တ်ဆင်ကြပြီး
ငွေထည်ပစ္စည်းများဖြင့် ခေါင်းခါးခြေလက် တွင်လည်းကောင်း ၊ကြိမ်ခါးစည်းဖြင့်လည်းကောင်း ဆင်မြန်းကြ
သည်။ ၄င်းကောင်းတို့သည်  ရှမ်းပြည်နယ်မြောက်ပိုင်း ၊ရွှေလီမြစ်ဝှမ်းတလျှောက်နှင့် တရုတ်ပြည် ယူနန်ပြည်
နယ်တွင်လည်းကောင်း၊ပျံ့နှံ့စွာနေထိုင် ကြပါသည်။

(ဂ) ဒါဂြူတအာင်း(ရူစိင်)



             ရူစိင် တအာင်းတို့၏ ၀တ်စားဆင်ယင်ပုံမှာ ကြိမ်ခါးစည်း၊ အနီရောက်ထမီ၊အင်္ကျီ၊အဖြူရောင် ခေါင်း
ပေါင်းပေါင်းနှင့်အင်္ကျီတွင် နှစ်သက်ရာရောက်စုံ အပြာ အစိမ်းရောက်ဖြင့် အနားကွက်ထားသည်။ငွေထည်
ပစ္စ္စ္စည်းများဖြင့် ခေါင်း၊ခါး၊ခြေလက်တို့တွင် အမြတ်တနိုးတန်ဖိုးထား၍ ဆင်မြန်းကြသည်။၎င်းတို့သည် တန့်
ယန်း။မိုင်းရယ်။လားရှိး၊ကလော၊အောင်ပန်း၊ရပ်ဆောက်၊မိုင်းကိုင်၊လဲချား၊သံလွင်မြစ်တလျှောက် ကွမ်းလုံ၊
ဟိုပန်၊ကုန်းကြမ်း၊လောက်ကိုင်၊ချင်းရွှေဟောနှင့် တရုတ်ပြည် ယူနန်ပြည်နယ်အထိ ပျံ့နှံ့စွာနေထိုင်ကြသည်။

(ဃ) ဒါရူတအာင်း (ရူခ်ုရ်)
             ရူခ်ုရ် တအာင်းတို့သည်  နမ့်ဆန်မြို့၏မြောက်ဘက်ခြမ်းတွင် ဟူးခင်၊အာရမ်း၊တောင်ဘက်ခြမ်းတွင်
အုမ်းမစွမ်၊အုမ်းတက်၊နမ့်တွေနှင့်ကျောက်မဲ မြို့နယ်တွင် ပန်ကွမ်အုပ်စု၊ဟူးကွက်အုပ်စု တော့ဆန်-မိုင်းလုံ
တစ်ဝိုက် ၊သီပေါနယ်တစ်ဝိုက်တွင် နေထိုင်ကြသည်၊ ရူခ်ုရ် တို့၏ ၀တ်စားဆင်ယင်မှုမှာ အနီ၊အ၀ါ၊အပြာ၊အ
စိမ်း၊ခရမ်းရောက်စသည့် ၀တ်ဆုံများနှင့် ငွေထည်ပစ္စည်းများ၊ငွေခါးစည်း၊ကြိမ်ခါးစည်း၊ငွေခြေပတ်များဆင်
မြန်း ကြပါသည်။ ရုခ်ုရ်တအာင်းတို့မျိုးနွယ် ၀င်များဖြစ်ကြသော ရူခူရ်၊ရူဘြောင်၊ရူမိုင်၊ရူကော၊ရူလျံင်၊ရူမျံရ် စ
သည်လည်း နမ့်ဆန်မြို့မယ် စောပနာတိုက်နယ်နှင့် မန်တုံမြို့နယ်၊မိုးမိတ်မြီု့နယ်၊မိုးကုတ်မြို့နယ်တို့တွင်
နေထိုင်ကြပါသည်။

(င) ဒါဂြူတအာင်း(ရူပို;)
                 တအာင်းရူပို; တို့သည် နမ့်ဆန်မြို့နယ် ရှော်လဲတိုက်နယ်တွင်နေထိုင်ကြပြီး အဖြူ၊အနီ၊အစိမ်း၊
အပြာ၊ခရမ်းရောကင်အင်္ကျီတွင် ငွေဒင်္ဂါးနှင့်ဘီးလုံးအလှဆင်၍ ငွေဦးထုပ်၊ငွေခါးစည်း၊ ငွေခြေပတ်တို့ကို ၀တ်
ဆင်ကြသည်။ ၄င်းတို့သည် အောက်တောင်ကျော်၊အထက်တောင်ကျော် ၊အောက်မန်လွယ်၊ထက်မန်လွယ်
အထက်ပန်တောင်း၊မန်လန်း၊မန်ပိန်း၊မန်ဝဲ၊ခေးခင်၊နမ့်လင်း၊လုံတောက် စသည့်ရွာပေါင်း(၂၈)ရွာတွင်နေထိုင်
ကြပါသည်။

(စ)ဒါဂြူတအာင်း(မိုင်စီ)
                           တအာင်းမိုင်စီတို့ ၀တ်စားဆင်ယင်မှုသည် အနက်ရောင်ထမီ ၊အင်္ကျီနှင့်ခေါင်းပေါင်းများကို
လည်းကောင်း၊ငွေထည်ပစ္စည်းများဖြင့် ခေါင်း ခါး ခြေပတ်တို့တွင် လည်းကောင်း၊ ကြိမ်ခါင်းဖြင့်လည်းကောင်း
ဝတ်ဆင်မြန်းကြပါသည် ၊ ၄င်းတို့သည် နမ့်ဆန်၊နမ္မတူ၊ကွတ်ခိုင် ၊လားရှီး-မန္တလေးကားလမ်းတလျှောက်၊သံ
လွင်မြစ်အရှေ့ခြမ်းဒေသ၊တရုတ်နိုင်ငံ ယူနန်ပြည်နယ် နေရာအနှံ့အပြားဒေသတွင် နေထိုင်ကြပါသည်။

(ဆ)ဒါဂြူတအာင်း) ရူဂွံင်)
                      တအာင်းရူဂွံင်တို့သည် နမ့်ဆန်မြို့နယ် မန်မိုင်မိန်းကွမ်း၊မန်တုန်မြို့နယ်ကျယ်ကောင်မိန်းကွမ်း
မိုးကုတ်မြီု့နယ် ပိန်ပြစ်ကျေးရွာတို့တွင်နေထိုင်ကြပါသည်၊၄င်းတို့သည် တရုတ်နိုင်ငံယူနန်ပြည့်နယ်မှတဖြေး
ဖြေးပြောင်းရွှေ့လာကြသော နောက်ဆုံးအနွယ်ဖြစ်သည်၊အဖြူ၊အနီ၊အစိမ်းတို့ကို အဓိကထား၍ ၀တ်ဆင်ကြ
ပြိး ငွေခါးစည်း၊ငွေခြေပတ်တို့ကို ဆင်မြန်းကြသည်။

(စ) ဒါဂြူတအာင်း( ကွံန်ဟာည်)

                         ကွံန်ဟာည် တအာင်းတို့၏ ၀တ်စားဆင်ယင်မှုသည်ကတီပါအက်ထမီအနက်ကို ဘယ်ဘက်
ခြမ်း၌ စစည်း၍လှိုင်းပုံစံဝတ်ဆင်ပြီးပန်းရောင်ခေါင်းပေါင်းကိုလည်းကောင်း၊ငွေခါးစည်းနှင့်ငွေလိပ်နားဍောင်း
ငွေခြေပတ်များနှင့် ငွေ ဒင်္ဂါးများကို ၀တ်ဆင်ကြသည်၊မန်နောက်၊ကွမ်ဟယ် ၊ဟိုချောင်း(မန်နောက်)၊ရူဟို့၊
နားဟာမ်း၊ပန်ရေကန်၊ကုန်းဆင်၊တခရက်၊ကင်းကပေါင်၊သေဒများတွင် နေထိုင်ကြသည်။

(ဈ)ဒါဂြူတအာင်း(တံင်မ)
                               တအာင်းတံင်မတို့၏ ၀တ်စားဆင်ယင်မှုမှာ အနက်ရောက်ကတီပါ ၀တ်ရုံရှည်ကြီးများ၊
အဖြူရောက်အမျိုးသမီးခေါင်းပေါင်းများကို ၀တ်ဆင်ပြီး၊ခေါင်း၊ခါး၊ခြေတို့တွင် ငွေထည်များဆင်မြန်းကြသည်။
တအာင်းတောင်မ၏ ၀တ်စားဆင်ထင်မှုကို ယိုးဒယားက (မြောင်းဆီ)ဟုခေါ်သည်။နမ့်ဆန်မြို့မယ် တောင်မ ၊
တောင်မဲ၊တပ်မင်းသား၊ဟိုက်တမ်၊ဆိုခစ်(ခ)စခန်းသာ၊ပန်ကျရာမ်၊မန်ကုန်(ခ)ကလိုး၊လပိုင်းစသည့် လွယ်ဆိုင်
ဘုရားပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။

(ည) ဒါဂြူတအာင်း (ပါင်နီမ်)
                                             ပါင်နီမ်ဝတ်စားဆင်ယင်မှုသည် ထမီအနီ နှင့် အ၀ါ၊အစိမ်း၊အနီ အပြာရောင်
အင်္ကျီကို ၀တ်ဆင်၍ရောင်စုံခေါင်းပေါင်းများ ပေါင်းကြသည်။ငွေဒင်္ဂါး၊ငွေထည်များဖြင့် အင်္ကျီနှင့်ခါးစည်းများ
ခြေပတ်များ ဆင်မြန်းကြသည်။ ပန်နီမ်၊ကျောက်တော(နီမ်) တူးတောင်းဟူးနောင်၊ဟူးကော့၊ကျောက်ဖြူလေး
ရူခွဲ(ခေကွဲ)၊ဟင်းကြိုင်၊ အာပြောင်းနှင့် ကိုက်တိုင်ရွာများတွင် နေထိုင်လျှက်ရှိကြပါသည်။

(ဋ)တအာင်းဒါဂြူ (ရူခိုတ်၊ငွံန်ရောတ်၊ကာင်ဝံန်တို့)
                                    အနောက်ကင်း(ကာင်ဝံန်တို့)တို့၏ ၀တ်စားဆင်ယင်မှုသည် ထမီအနီ အင်္ကျီ အစိမ်း
ခံပေါ်တွင် အ၀ါ၊အပြာ၊ခရမ်းရောင်များ ရောနှော၍ လည်းကောင်း၊အဖြူရောင်ခေါင်းပေါင်းနှင့် ငွေခါးစည်း
ကြိမ်ခါးစည်း ငွေခြေပတ်တို့ကို ဆင်မြန်းကြသည်။ ၄င်းတို့သည် နမ့်ဆန်မြို့နယ် အနောက်ကင်း၊ပန်စလီ၊မန်
ဖ၊မြီု့သစ်အုပ်စု၊ ကျောက်မဲမြို့နယ် စုံဟင်၊ကောင်းကလာဝ်တို့တွင်လည်းကောင်း၊တရုတ်နိုင်ငံ ယူနန်ပြည်
နယ်မန်စီမြီု့နယ်တို့တွင်လည်းကောင်း နေထိုင်လျှက်ရှိကြပါသည်။

(ဌ) တအာင်းဒါဂြူ ခူန်ဟောတ်
                                  အမျိုးသမီးများ၏ ရငူည်သည် ကွံန်ဟာည်နှင့်တူသည်။နားနှစ်ဖက်တွင် ပန်ဆင်ရသော
ရွှေဖက်လိပ်နားဍောင်းဖြစ်သည်။ ခူန်ဟောတ်မြောက်ရွာအမျိုးသမီးအင်္ကျီမှာ ကွံန်ဟာည် အမျိုးသမီးဝတ်ဆင်
ထားသော အင်္ကျီနှင့်တူညီပြိး ခူန်ဟောတ်တောင်ရွာ အမျိုးသမီးမှာ ပါင်နီင်အမျိုးသမီးဝတ်ဆင်ထားသော
အင်္ကျီနှင့်တူညီသည်။
                    အ၀တ်တွင် ငွေဒင်္ဂါး၊ငွေကြိုးသည်ဖြင့် စီချယ်ပြီး ကွံန်ဟာည်ကဲ့သို့ပင် ၀တ်ဆင်လေ့ရှိသည်။ခူန်
ဟောတ်တောင်ရွာရှိ အမျိုးသမီးများမှာ ခါးတွင်(ဆွဲ့)ခေါ်ငွေကြိုးများကို ၀တ်ဆင်လေ့ရှိသည်။ခြေပတ်မှာမူ
အ၀တ်တစ်ထပ်ပတ်ကြိုးဖြင့် စီးထားလေ့ရှိသည်။ငွေလက်ကောက်များဝတ်ပြီး လက်စွတ်ဘယ်ဘက်လက်
ချောင်းသုံးချောင်းတွင် ၀တ်ဆင်လေ့ရှိကြပေသည်။ အရွယ်မရောက်မီ ကလေးမများမှာ ဘောင်းဘီကိုဝတ်ပြီး
အရွယ်အိုအမျိုးသမီးများမှာ အနက်ရောက်ကိုသာ ၀တ်ဆင်လေ့ရှိကြပေသည်။

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................