Saturday, November 26, 2011

ကျောင်းဆရာလုပ်တော့မည့် Hip Hop အဆိုတော်
 
Gzaသည် ဟားဗက်တက္ကသိုလ်တွင် ဒီဇင်ဘာ (၁)ရက်နေ့၌ အာဖရိကန်ဖွားများ၏ ဆွေးနွေးပွဲတစ်ခုကို ဦးဆောင် ဆွေးနွေးမည်ဖြစ်
Posted on Nov 25 11 - 12:33 PM | Hits : 930
ကျောင်းဆရာလုပ်တော့မည့် Hip Hop အဆိုတော်
နာမည်ကျော် Hip Hopဂီတအဖွဲ့ Wu-Tang Clanမှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ Gzaတစ်ယောက် အလုပ်ပြောင်းသွားပြီ ဖြစ်သည်။ ၎င်းသည် ဒီဇင်ဘာလမှ စပြီး ဟားဗက်တက္ကသိုလ်တွင် ကျောင်းသားများကို Lectureရိုက်တော့မည် ဖြစ်သည်။ Gzaသည် ဟားဗက်တက္ကသိုလ်တွင် ဒီဇင်ဘာ (၁)ရက်နေ့၌ အာဖရိကန်ဖွားများ၏ ဆွေးနွေးပွဲတစ်ခုကို ဦးဆောင် ဆွေးနွေးမည်ဖြစ်သည်။

ယင်းတွင်၎င်း၏ဂီတသမားဘ၀ ဖြတ်သန်းမှုများကိုပါ ပြန်ပြောင်းပြော
ဆိုသွားမည် ဖြစ်သည်။ ထို့အပြင် Wu-Tang Clanကို ဖွဲ့စည်းပုံနှင့် ၎င်းတို့၏ သီချင်းစာသားများ အကြောင်းကိုလည်း ဆွေးနွေးသွားမည်ဟု သိရသည်။ ၎င်း၏ အစီအစဉ် အပြီးတွင် ဟားဗက် တက္ကသိုလ် ကျောင်းသားများ၏ မေးခွန်းကို ဖြေကြားရန်လည်း Gzaက စီစဉ်ထားသည်။ RollingStone.com၏ အဆိုအရ Gzaနှင့် ဟားဗက်မှ တာဝန်ရှိသူများကြား အဆိုပါ ဟောပြောဆွေးနွေးပွဲ အစီအစဉ်အတွက် အပြီးအပြတ် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

အမည်ရင်း ဂယ်ရီဂရိုက်စ်ဖြစ်သော အဆိုတော်သည် အမေရိကန် ပညာရေး ဖွဲ့စည်းမှုဌာနသို့လည်း အဆိုပါ အစီအစဉ်အပြီးတွင် သွားရောက် လည်ပတ်မည်ဟု သိရှိရသည်။ Gzaသည် (၂၀၁၂)ခုနှစ်တွင် ၎င်း၏ တစ်ကိုယ်တော် အယ်လ်ဘမ်ကို ထုတ်ဝေနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။
'အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ်' ထဲက ဇာတ်ကောင်စရိုက်နဲ့တူညီတဲ့ သက်မွန်မြင့်
Posted on Jun
'အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ်' ထဲက ဇာတ်ကောင်စရိုက်နဲ့တူညီတဲ့ သက်မွန်မြင့်
မကြာမီရုံတင်ပြသတော့မည့် "အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားတွင် ချစ်သူကို မျက်စိမှိတ်ယုံကြည်ချစ်ခင်ပြီး ဘာမဆို ခွင့်လွှတ်နားလည်ပေးတတ်သော ငွေလသာ ဇာတ်ကောင်စရိုက်နှင့် သူမ၏နှလုံးသားခံစားချက်များမှာ အနီးစပ်ဆုံးတူညီကြောင်း ယင်းဇာတ်ကားကို အထူးပွဲပြသသည့်နေ့က သက်မွန်မြင့်ကပြောသည်။ "သက်မွန်က အချစ်ကြီးပါတယ်။ အချစ်ကိုလည်း တန်ဖိုးထားပါတယ်။ ချစ်မိပြီဆိုရင် သိပ်ပြီးတော့ မစဉ်းစားဘူး။ မစဉ်းစားဘူးဆိုတာက ငါရှုံးနေရပြီလား၊ ငါအနစ်နာခံနေရပြီလားဆိုတာတွေကို မစဉ်းစားတာ။ ကိုယ်ဘာလုပ်ပေးလို့ရမလဲ။ လုပ်ပေးလို့ရတာတွေ လုပ်ပေးတယ်။ သူကောင်းစားဖို့ စဉ်းစားပေးတယ်။ သူ့အပေါ်စေတနာထားတယ်။ 'အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ်' ဇာတ်ကားထဲက ငွေလသာ ဇာတ်ကောင်နဲ့ဆို အပြင်ကသက်မွန်ပုံစံက အများကြီးနီးစပ်ပါတယ်။ ဒါပေမဲ့ ငွေလသာက တော်တော်လိမ္မာပါတယ်။ သက်မွန်ကတော့ တော်တော်ဆိုးတယ်(ရယ်လျက်) ဆိုးချင်တာပေါ့နော်။ လူတစ်ယောက် ကိုယ့်ကိုတကယ်ချစ်ရင် ဘယ်လောက်ထိသည်းခံနိုင်မလဲလို့ ဆိုးကြည့်ချင်တာပေါ့နော်။ ငွေလသာကျတော့ ဘာမှမရှိဘူး။ ပေးဆပ်ခြင်းသက်သက်နဲ့ပေါ့" ဟုဖြေကြားခဲ့သည်။ ယင်းဇာတ်ကားရိုက်ကူးစဉ်က ဒီဗီဒီဇာတ်ကားအဖြစ်သာ ရိုက်ကူးခဲ့သော်လည်း ယခုအခါ ဖလင်အဖြစ်ကူးပြောင်းကာ လက်ရှိရုံတင်လျက်ရှိသော 'ပင်လယ်ထက် နေ၀န်းနီ' ဇာတ်ကားအပြီးတွင် ရုံတင်ပြသတော့မည်ဖြစ်သည်။

ရေးသားသူ - အေးသူစံ
Credit - 7Day News, Vol(10) issue(14)

Friday, November 25, 2011

မင်းတို့သုံးယောက်ကို အလုပ်ဖြုတ်တယ် (ဟာသ)

ဟာသဒီလိုပါပဲဗျာ……….လူဆိုတာ ဘယ်လိုနေနေ……..အပြစ်မြင်ချင်ရင်တော့ အပြစ်ရှာလို့ရတာပေါ့ဗျာ




ဟာသ
ဟုတ်တော့လည်းဟုတ်တယ်ဗျ
ကျနော် မြန်မာအမျိုးသား လိဂ်သွားကြည့်တာ တစ်ကွင်းလုံးဆူညံနေတာပဲ
(….) အသံတွေနဲ့ပေါ့
ဦးငွေကြည်ပြောတာလည်း ဟုတ်ပနော်










  
မိန်းမနဲ့ယောင်္ကျား

လင်မယားနှစ်ယောက် ကားမောင်းလာရင်း အတော်ကြာတဲ့အထိ စကားမပြောကြဘူး။ဖြစ်ပုံက ဒီလို... ကိစ္စတစ်ခုကို ငြင်းကြရင်း ဘယ်သူ့ဘက်ကမှ မလျှော့ကြတာနဲ့စကားဆက်မပြောကြတော့ဘဲ တိတ်လာလိုက်တာလေ။ခဏနေတော့ မြည်းခြံ၊ ဆိတ်ခြံ၊ ၀က်ခြံတွေကို ကားမောင်းရင်း ဖြတ်လာတော့
ယောက်ျားက ရိသဲ့သဲ့လုပ်ပြီး ``မင်း အမျိုးတွေလား`` လို့ တင်စီးပြီး
စကားစလိုက်တယ်။

မိန်းမက တခွန်းပက်ကနဲ ပြန်ပြောတယ်။ ``ဟုတ်တယ်၊ ယောက်ျားဘက်က ဟာတွေလေ`` တဲ့။



Archive for ဟာသ

Archive for ဟာသ


၂၀၁၁-၂၀၁၂ ခုနှစ် ပညာသင်နှစ် မြန်မာစာ ခန်.မှန်မေးခွန်း

၁။ (က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။
အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊ နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။
(ခ) အောက်ပါနာမ်တို့ကို “ကွက်လပ်” တစ်ခုစီ၌ လစ်လျှင်လစ်သလို အသုံးပြုပါ။
နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။
(ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။
အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။
၂။ (က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို ဆရာမလစ်မှခိုးချပါ။
အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ အကြီးကြီး၊
တရုတ်ပေါက်ဖေါ်။
(ခ) အောက်ပါတို့မှ ငါးခုကို ၀ါကျတစ်ခုစီ၌ နည်းမျိုးစုံဖြင့် ထည့်လာသော
စာရွက်အချို့မှခိုးချပါ။
ကန်တော်ကြီး၊ စုံတွဲ၊ အားရပါးရ၊ အမုန်းဆွဲ၊ မရှက်မကြောက်၊ အလွမ်းပြေ၊
အိမ်ကိုပြန်ခဲ့တော့၊ မခံနိုင်ဘူး။
(ဂ) အောက်ပါအလင်္ကာတို့အနက်မှ ငါးခု ကို သက်ဆိုင်ရာ သင်ခန်းစာများတွင်
မည်သို့သုံးထားကြောင်း နှင့်အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း
မိတ္တူဆိုင်မှ ချုံ့လာသော စာရွက်ဖြင့် ကူးဖြေပါ။
ဘူ……ဘွတ် (မြည်သံစွဲ)၊ ပုရွက်ဆိတ်ခေါင်းလောက် (အတိဿယ)၊
ဆင်နင်းမြင်းကန်(ရူပက)၊လင်းတထိုင်သကဲ့သို့ (ဥပမာ)၊ အခြောက်တို့မာယာ
(ရူးမတတ်)၊ ပိုးပြောင်ကြီးပုဆိုး ပေါက်သကဲ့သို့ (ဥပမာ)။
၃။ (က) အောက်ပါတို့အနက်မှ ငါးခုကို ဖြေချင်ဖြေ မဖြေချင် အိပ်နေပါ။
(၁) “ငါ့သမီး …… စာကျက်နေတယ်” ကဗျာကို မည်သူရေးသနည်း။
(၂) “ချစ်သူညပ်နေ တို့ညပ်နေ” သီချင်းမှချစ်သူနှစ်ဦးညပ်ရခြင်းအကြောင်းရင်းကိုရေးပါ။
(၃) နာနတ်သီး ကဗျာမှ ဆရာမ၏ “တင်” ပြပုံကို ဖော်ပြပါ။
(၄)ထောင်သားနှင့်စစ်သားများအားကျွေးသောကောက်လျင်ကြီးဆန်နီတာလန်သည်
မည်သည့်ဆန်ဖြစ်သနည်း။
(၅) “ငါ့ရုပ်သည် သာချော၏” ကဗျာမှ ဆရာဇော်ဂျီ၏ ကိုယ်နေဟန်ထား
ပျော့ပြောင်းပုံကို ဖော်ပြပါ။
(၆) “သူသာလျှင် အသားအမည်းဆုံး” ကဗျာကို မည်သူရေးသနည်း။
(၇) “တံခါးစောင့် ဗူးလောက်ရှည်၊ ငါ့မှာတော့ လွမ်းလောက်လေ” စာသား၏
အဓိပ္ပါယ်ကို ရေးပါ။
(၈) “ဟို… အတုံး၊ ထိန်ထိန်ဝါ” ဟူသည် အဘယ်နည်း။
၎။ (က) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကိုရွှီးပါ။
“အမေပြောတော့ ငယ်သေးတယ်၊ ရေချိုးမှသိကွယ်” ကဗျာ၏ အဓိပ္ပါယ်ကှို စာစစ်အဖွဲ့
အကြိုက်တွေ့အောင် ဖြီးဖြန်းရေးသားပါ။
(သို့)
“ရင်ထဲမှာ ဘာညာဘာညာ” ကဗျာမှ ခံစားရသော ရသကို ရေးပါ။
(ခ) အောက်ပါတို့မှ ငါးခု ကို အနောက်သို့လှည့်ကြည့်ပြီး ခိုးချပါ။
(၁) မင်းတုန်းမင်း၏ (၆၆) ယောက်မြောက် သားတော်၏အမည် ကို ဖော်ပြပါ။
(၂) မိဖုရားဖွားစော နောက်ဆုံးယူလိုသော ယောက်ျား၏ အမည်ကို ဖော်ပြပါ။
(၃) “မောင့်ဘ၀…..လင်းတနား” ဟူသည် အဘယ်နည်း။
(၄) စီးချင်းတိုက်ပွဲတွင် လောက်လေးဂွ ကိုင်သော သူရဲကောင်း၏အမည်ကို ဖော်ပြပါ။
(၅) သီပေါမင်း၌ ဖွန်ကြောင်နည်း မည်မျှရှိသနည်း။
(၆) “ပညာသင်ခါ ဘောင်းဘီမပါ” ကိုမည်သူရေးသနည်း။
(၇) ကောသလမင်းကြီး၏ နှစ်လုံးအတိတ်ပေးသော အိပ်မက်တစ်ခုကိုဖော်ပြပါ။
(၈) နန်းမတော်မယ်နု၏ လင်ချစ်ဆေးဖော်စပ်နည်းကို ဖော်ပြပါ။
(ဂ) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြီးပါ။
သိင်္ဃသူ့သမီးကျောက်စာမှ သိင်္ဃသူ့သမီး၏ အကြွားကြီးပုံ၊ လေလုံးထွားပုံ၊ သူ့ကိုယ်သူ
သက်မွန်မြင့်နှင့်တူပုံ၊ရဲလေးအား အသေရရ အရှင်ရရ လိုချင်ပုံတို့ကို အစီအစဉ်တကျ
ရှင်းပြပါ။
(သို့)
“လင်မယားရန်ပွဲ” မှ လင်မယားနှစ်ဦး၏ ဂုဏ်ရည်ကို ပေါ်လွင်အောင် ရေးသားပါ။
၅။ (က) စကားစပ်နှင့်တကွ ရှင်းပြပါ။
ဘီးတစ်လက်၊ အညည်း တစ်ချက်မညူး၊ အပြီးသတ်အောင်ရှာမယ်ဟဲ့…”သန်း”၊
အချိန်မတော်၊ကြည့်တော့နေမြင့်ပြီမို့ အိမ်ပြန်ဖို့လမ်း၊ ခြေတော်လှမ်း…ဒီနေ့ဖို့ကာ၊
ဝင်ကြေးသုံးရာတန်ပြီတကား။
(ခ) ဗန်ဓူလာ၊ဘုရင့်ညောင်၊အနော်ရချာ၊နေ၀င်၊ဗိုလ်ချုပ်ရူးကြီးတို့တွင် မည်သူသည်
အရက်စက်ဆုံး၊ အယုတ်မာဆုံး၊ အကောက်ကျစ်ဆုံးဖြစ်သနည်း။ ၄င်း၏ လူသတ်
မုဒိမ်းကျင့်၊ ခိုးဆိုးဓမြတိုက်၊ ပေါ်တာဆွဲပြီးဖေါင်ဖျက်တိုက်ခိုင်းပုံ၊ အပေါ်ဖါးအောက်ဖိ၊
သွေးထိုးမြှေုာက်ပင့်အောက်လမ်းနည်းများကိုတဖက်ကန်ခတ်ကျွမ်းကျင်ပံ များကိုဖင်
် ပေါ်အောင် အကဉ်းချရေးပါ။
(ဂ)အောက်ပါတို့မှ နှစ်သက်ရာတစ်ပုဒ်ကို စာစီကုံးပါ။
ကန်တော်ကြီးမှ စုံတွဲများ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးကြပုံ။
(သို့)
“သန်း” ရှာနေသော အမျိုသမီးနှစ်ယောက် အပြန်အလှန် အတင်းပြောကြပုံတို့ကို
စိတ်ဝင်စားဖွယ်ဖြေဆိုပါ။
    -------------------------------------------------------------------------------------------------

တစ်ကိုယ်တော်ခွေကို ကိုယ်ပိုင်သံစဉ်တွေပဲ လုပ်ချင်တဲ့ ချစ်သုဝေ

တစ်ကိုယ်တော်ခွေကို ကိုယ်ပိုင်သံစဉ်တွေပဲ လုပ်ချင်တဲ့  ချစ်သုဝေ
ချစ်သုဝေနဲ့ဆုံတွေ့ခိုက် ဂီတ ရုပ်ရှင်ဆိုင် ရာ အကြောင်းများနဲ့ ပတ်သက်ပြီး ယခု လိုမေးဖြစ်ခဲ့ပါ တယ်။
    နယ်ရှိုးတွေ တော်တော်လေး ဆို ဖြစ်နေတယ်နော်။
    ဟုတ်ပါတယ်။ ရန်ကုန်ရှိုး တောင် သိပ်မဆို ဖြစ်ဘူး။ သီချင်း ပိုင်းကို ထရီစာ အများကြီးဦးစား ပေးနေပါတယ်။ ရန်ကုန်ပွဲကလည်း ငှားမှ ဆိုလို့ရမှာ လေ။ အဲဒီတော့ နယ်ရှိုးတွေပဲ ဦး စားပေး ဆိုဖြစ် နေတယ်။
  တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်နေပြီလား။
    ဟုတ်ကဲ့၊ သီချင်းတွေ စု နေပါတယ်။ မိုးတွင်းမှာ သေသေ ချာချာ Mixing ဆွဲပြီး ထွက်မယ့်ရက် ကိုပြင်ဆင်မယ်လို့စိတ်ကူးထားတယ်။
    ထရီစာကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေ ပါမှာလား။
    သီချင်းကတော့ ရေးထားတာ တွေရှိပါတယ်။ ဒါပေမဲ့ တစ်ကိုယ် တော်ခွေမှာတော့ ထည့်မသုံးဖြစ် သေးပါဘူး။ ထရီစာနဲ့ အမြဲလက်တွဲ နေကျ တေးရေးတွေကိုပဲ ပုံပြီးအပ် ထားတယ်။တေးရေးတွေကထရီစာနဲ့ လိုက်မယ့်ပုံစံကို သေသေချာချာနဲ့ ရေးပေးထားကြပါတယ်။တစ်ခွေလုံး ကိုယ်ပိုင်သံစဉ်တွေဖြစ်မယ်ထင်တယ်။
    ငယ်သူမို့မသိပါ ရုပ်ရှင်ကားကြီး ဟာ ထရီစာ အတွက် ပထမဆုံး ကားကြီးနော်။ အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဘာ များပြောစရာရှိနေ သလဲ။
  ဟုတ်ပါတယ်၊ ထရီစာဘဝမှာ ပထမဆုံးသော ရုပ်ရှင်ကားကြီးပါ။ ဘာပြောချင်သလဲ ဆိုတော့ တစ်ခုပဲ ပြောချင်ပါတယ်။ အဲဒီဇာတ်ကားမှာ ပါဝင်ပတ်သက်သူ တွေဟာထရီစာအပေါ်မှာအရမ်းနွေး ထွေးကြတယ်။ အဲဒီကားလေးရိုက် ရတာတော်တော်ပျော်တယ်။ အခု ရုံတင်တော့ ပရိသတ်ဘက်က ပြန် ကြားရတဲ့အသံတွေကလည်းထရီစာ အတွက် အားဆေးတွေပါပဲ။ အဲဒီ ဇာတ်ကားမှာ ထရီစာလည်း အရမ်း ကြိုးစားထားပါတယ်။    

လိုင်းတစ်ခုပြောင်းထားတယ်ဆိုတဲ့သက်ထားဦး

လိုင်းတစ်ခုပြောင်းထားတယ်ဆိုတဲ့သက်ထားဦး
သရုပ်ဆောင် သက် ရလာတဲ့ သက်ထား ဦးက လက်ရှိ သူ့အနေ အထားနဲ့ပတ် သက် ပြီး ''ရိုက်ဖို့နေရာ အနေအထား တစ်ခု ပေးတဲ့အတိုင်း ရိုက်နေပါတယ်။ ဒါပေမဲ့ သီးသန့် ချည်းဘယ်အခန်း ရမှ ရိုက်မယ်ဆို တာမျိုး မရှိဘဲ ကားရိုက် နေရရင် ပျော်တာပါပဲ'' လို့ ဆိုပါတယ်။ ဘယ်အချိန် သက် ထားဦး ရှေ့ထွက်လာ မလဲလို့ မျှော်လင့်နေတဲ့ သူ့ပရိသတ်ကို ''ကိုယ့်ကိုလာငှားတဲ့ ကျရာဇာတ် ရုပ် အပေါ် ကိုယ်လုပ်နိုင်တာကို လုပ် တာပဲ ကောင်းပါတယ်။ ကိုယ်က ကြိုးစားပေမယ့် ကိုယ့်ကိုငှားတဲ့လူက ရှိဦးမှဆိုတော့ ကိုယ့်ရဲ့စန်းတွေ၊ ကံ တွေနဲ့ဆိုင်တယ်။ ကိုယ်ကတော့ ကြိုး စားနေတာပါပဲ'' လို့ ပြောပါတယ်။ အခုဆိုသက်ထား ဦးတို့တန်းက လူ တချို့ အဆိုဘက် ကို လိုင်းပြောင်း သွားသလို သက် ထားဦးရော လိုင်း ပြောင်းဦးမလား ဆိုတော့ ''လိုင်း ပြောင်းထားတာ တစ်ခုရှိတယ်၊၊အက တိုက်နေတာ။ မ ဆင့်အိမ်မှာ မြဝ တီ ရုပ်သံအတွက် အကတိုက်နေတာ၊ ဇူးဇူးမောင်ရယ်၊ သမီးရယ်၊ အိဖြိုးချယ်ရီ ရယ် သုံး ယောက် ကမယ်။ မဆင့်သီချင်းဆို မယ်။ မဆင့်ရဲ့အဆိုနဲ့ အကတိုက် နေကြတာ။ သီချင်းတစ်ဝက်ကို တော့ မအေးအေးခိုင်က သင်ပေး တယ်။ တစ်ဝက်ကိုတော့ မဆင့်က သင်ပေးလို့ သင်ယူနေတယ်'' လို့ ပြောပါတယ်။

မြန်မာယူနီကုတ်ဖန်တီးခဲ့သူ

မြန်မာယူနီကုတ်ဖန်တီးခဲ့သူ 

မြန်မာစာကို ကွန်ပျူတာပေါ်တွင် အသုံးချနိုင်ရေးအတွက် အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားခဲ့သော အင်္ဂလန်နိုင်ငံသား Keith Stribley သည် ၁၅.၂.၂၀၁၁နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ပါသည်။ Keith သည် သံလွင်ဆော့ဖ် (http://www.thanlwinsoft.org) အမည်ဖြင့် ကွန်ပျူတာတွင်မြန်မာစာကိုအဆင်ပြေစွာအသုံးပြု နိုင်ရေးအတွက်ကြိုးစားပမ်းစားဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါ

သည်။Keithကွယ်လွန်ခြင်းသည်မြန်မာစာကိုကွန်ပျူတာတွင်အသုံးပြုနိုင်စေရန်ဆောင်ရွက်နေသည့်သူများအတွက်

တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိသားစုနှင့်ထပ်တူထပ်မျှကျေကွဲဝမ်းနည်း ရပါကြောင်း ကွန်ပျူတာမြန်မာစာ စနစ် အ​ကောင်အထည်ဖော်နေသူများ အားလုံးက မှတ်တမ်းတင် ရင်း ဂုဏ်ပြုအပ်ပါသည်။
Keith Stribley သည် ၁၉၇၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ကွယ်လွန်ချိန်တွင်ဇနီးဖြစ်သူဒေါ်ခိုင်ဇာဝင်းနှင့်သမီးလေး ရေဗက္ကလင်း

တို့ နှစ်ဦးကျန်ရစ်ခဲ့သည်။ Keith ၏ဈာပနကို ၂၈.၂.၂၀၁၁ နေ့တွင် မြန်မာပြည်တွင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ခါးမနာအောင် အိပ်စက်နည်းပုံစံ

ခါးမနာအောင် အိပ်စက်နည်းပုံစံ 

 နံနက်အိပ်ရာထတိုင်း ခါးနာပြီး ကိုက်ခဲနေရင်၊ မွေ့ရာကလည်း အသစ်ဖြစ်နေရင် သင်အိပ်တဲ့ပုံစံအနေအထားကို ပြန်လည်ဆန်းစစ်ဖို့ လိုနေပါပြီလို့ Atlanta မှ ဒါရိုက်တာ စကော့က ဆိုပါတယ်။ ပက်လက်လှန်အိပ်တာက ခါးနဲ့ ကျောရိုးမကြီးကို သဘာဝမကျတဲ့ အနေအထားမျိုးဖြစ်စေပြီး ခါးကြွက်သား၊ အဆစ်နဲ့ အာရုံကြောတွေပေါ် ဒဏ်သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာက နိုးထတိုင်း ခါးမနာအောင် အောက်ပါအတိုင်းအိပ်ပါ။

၁။ ဘေးဘက်စောင်းအိပ်တဲ့အခါ ဒူးတွေကို သန္ဓေသားပုံစံမျိုး ကွေးထားရင် ခြေထောက်နှစ်ချောင်းကြာင်း ခေါင်းအုံးထားပေးပါ။ ဒီအနေအထားဟာ ခါးအပေါ်ဝန်ပိစေမှု အနည်းဆုံးပါ။
၂။ ပက်လက်လှန်ပြီး မအိပ်ပါနဲ့။ ပက်လက်လှန်ပြီ အိပ်တာဟာ ကျောရိုးနဲ့ ခါးအပေါ် ဝန်ပိစေပါတယ်။ တကယ်လို့ ပက်လက်လှန်ပြီး အိပ်မက်ဆိုရင်လည်း ခါးအောက်ပိုင်းက အာရုံကြော (Sciatic Nerve) ပေါ်ကို ဖိအားလျော့ကျစေဖို့ ဒူးတွေအောက်မှာ ခေါင်းအုံးခုထားပါ။ အိပ်တဲ့အခါ မေးစေ့ကို ရှေ့ကိုငိုက်ကျမနေအောင် လည်ပင်းအောက်မှာ မွေးပွပဝါခေါက်ပြီး ထားပါ။
၃။ ဘယ်တော့မှ မှောက်မအိပ်ပါနဲ့။ မှောက်အိပ်တာက ကျောရိုးမကြီးရဲ့ အခြေက အခုံးအပေါ် ဝန်ပိစေနိုင်ပါတယ်။
Ref : Good Health

ဗုဒ္ဓစွယ်တော် ပုံရိပ်ပေါ်သည့်သတင်း အစိုးရ ဆက်တိုက်ဖော်ပြ

ဗုဒ္ဓစွယ်တော် ပုံရိပ်ပေါ်သည့်သတင်း အစိုးရ ဆက်တိုက်ဖော်ပြ

ဘုရားသောက်တော်ရေခွက် အတွင်း ဗုဒ္ဓမြတ်စွယ်တော် ပုံရိပ်တခု ပေါ်နေသည့်အတွက်လာရောက်
ဖူးမြော်သူလူအများနှင့် စည်ကားနေကြောင်း အစိုးရထုတ်သတင်းစာများတွင် ရက်ဆက် ရေးသားနေသည်ကို
တွေ့ရသည်။ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် မဉ္စူသကလမ်းနေ ဦးထွန်းမြင့်၏ နေအိမ်ရှိ ဘုရားသောက်တော်ရေခွက် အတွင်း ဗုဒ္ဓမြတ်စွယ်တော် ပုံရိပ်တခု ပေါ်နေသည်ကို နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၈ နာရီခန့်မှ စ၍ ယနေ့ထိ တွေ့နေရဆဲ ဖြစ်ကြောင်း သိရသည်။
Alpine သောက်ရေသန့်ဗူးပေါ်တွင် မြင်ရသည့် ပုံရိပ်များ(ဓာတ်ပုံmoemaka.com)
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် “နိုဝင်ဘာလ ၂၂ ရက်နေ့ည ၈ နာရီခန့်၌ တီဗီကထုတ်လွှင့်နေ
သည့်ဗုဒ္ဓစွယ်တော် သတင်းအား ကြည့်နေစဉ် လျှပ်စစ်မီး ပြတ်တောက်သွား၍ ဖယောင်းတိုင်နှင့် အမွှေးတိုင် ပူဇော်ရာမှ ဘုရားစင်ရှိ သောက်တော် ရေခွက်အတွင်း ဗုဒ္ဓစွယ်တော် ပုံရိပ် ပေါ်နေသည်ကို တွေ့ရသည်” ဟူ၍ ရေးသားထားသည်။ဗုဒ္ဓစွယ်တော်ကို နိုဝင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ 
ပင့်ဆောင် အပူဇော် ခံခဲ့ပြီးနောက်   ကောလာဟာလ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင် ရောင်းချနေသည့် ရေသန့်ဗူး တချို့တွင်လည်း ဗုဒ္ဓစွယ်တော် ပုံရိပ် ထင်နေကြောင်း၊ ထိုသို့ ထင်လာသော စွယ်တော်ပုံရိပ်များကို ထိုင်ကန်တော့သူများ ရှိနေကြောင်း သတင်းများနှင့် ဓာတ်ပုံများ facebook နှင့် ဘလော့တချို့တွင်  ပြန့်နှံ့နေသည်ကို တွေ့ရသည်။
“facebook တွေ၊ ဘလော့တွေမှာ တယောက်ချင်း ရေးကြတယ်ဆိုတာက မှားတာဖြစ်ဖြစ်၊ မှန်တာဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ရေးခွင့်ရှိတော့ အတည်ပြုရတာ ခက်တယ်။ ဒီတော့ ကောလာဟာလ လို့ပဲ တချို့က သဘောထား တတ်ကြပေမယ့် အစိုးရပိုင် မီဒီယာတွေကပါ ထပ်ပြီး ရေးလာတော့ ဟုတ်များနေမလား ဆိုပြီး လူတွေကြားမှာ ဖြစ်နေတယ်” ဟု ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက ပြောသည်။
နည်းပညာနှင့် ပျော်မွေ့နေကြသည့် လူငယ်များက အယုံအကြည် နည်းပါးကြသော်လည်း လူကြီးအများစုကမူ ထိုသို့ သောက်တော် ရေခွက်နှင့် ရေသန့်ဗူးများတွင် ဗုဒ္ဓမြတ်စွယ်တော် ပေါ်သည် ဆိုခြင်းကို ယုံကြည်ကြကြောင်း ရန်ကုန်မြို့ခံ လူငယ်တဦးက ဆိုသည်။
“တယောက်က စပြီးတော့ စွယ်တော်ပုံ မြင်ရတယ် ပြောလိုက်တာနဲ့ နောက်လူတွေကလည်း အဟုတ်မှတ်ပြီး စိုက်ကြည့် ကြတယ်၊ စိုက်ကြည့်တာ နည်းနည်းကြာလာရင် တကယ်ပဲ စွယ်တော်လိုလို စိတ်ထဲက ဖြစ်လာတတ်တဲ့ သဘောပါ” ဟု
သတင်းထောက် တဦးက ပြောသည်။
၎င်းကိုယ်တိုင် ဓာတ်ပုံရိုက်ရန် သွားရောက်ခဲ့သော်လည်း စွယ်တော်ပုံကို ထင်ထင်ရှားရှား မမြင်ခဲ့ရကြောင်း၊ သို့သော်သာက်တော်ရေခွက်ထဲမှစွယ်တော်ကိုအချိန်ပေး၍လာရောက်ကြည့်ရှုသူအများအပြား တွေ့ခဲ့ရကြောင်း
ဆက်ပြောသည်။
တရုတ်နိုင်ငံက ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်သို့ ပင့်ဆောင်ပူဇော်မှု ခံယူခဲ့သည်မှာ ယခုအကြိမ်သည် ၄ ကြိမ်မြောက်ဖြစ်ပြီး ယခုကဲ့သို့ ပင့်ဆောင် အပူဇော်ခံယူသည်ကို ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများအကြား အမြင်အမျိုးအမျိုး ကွဲပြားလျှက် ရှိသည်။
ဗုဒ္ဓစွယ်တော်မြတ် အစစ်အမှန်ကို ဖူးမြော်ခွင့်ရသောကြောင့် ၀မ်းသာ ပီတိဖြစ်ကြသူများ ရှိသကဲ့သို့ တချို့ကလည်း တရုတ်နိုင်ငံ၏ ဘာသာရေး မှိုင်းတိုက်မှု၊ မြန်မာနိုင်ငံအပေါ်လွမ်းမိုးလိုမှု တခုဟု ယူဆသူများရှိသည်။
ဗုဒ္ဓစွယ်တော်အတွက် လှူဒါန်းငွေ ရရှိမှုအနေဖြင့် နိုဝင်ဘာလ ၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျပ်သိန်းပေါင်း ၄၅၈၀နှင့်နိုင်ငံခြားငွေ၊လက်ဝတ်ရတနာအမျိုးအတွက်တန်ဖိုးကျပ်၁၂၂၆သိန်း ရရှိထားပြီး ဖြစ်ကြောင်း
နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ယခင် နအဖ အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) + ဒေါ်ကြိုင်ကြိုင် မိသားစုကလည်း ဒေါ်လာ ၁၃၀၀ နှင့် လက်ဝတ်ရတနာ တချို့ လာရောက်လှူဒါန်းခဲ့သည်ဟု အစိုးရ သတင်းစာများတွင် ယမန်နေ့က ရေးသားထားသည်ကို တွေ့ရသည်။
မြန်မာပြည်သူများ၏ ဆင်းရဲမွဲတေမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ပြည်တွင်း မငြိမ်သက်မှု စသည်တို့ကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေချိန်တွင် ပြည်သူများအား အာရုံ ပြောင်းလဲသွားစေလိုသောကြောင့် သောက်တော်ရေ ခွက်ထဲတွင် ဗုဒ္ဓမြတ် စွယ်တော်ပုံရိပ် ပေါ်နေသည်ဟု မြန်မာအစိုးရကပင် ဖန်တီးခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး စိတ်ပါဝင်စားသူများက ဝေဖန်ပြောဆိုကြသည်။
ဘာသာရေးအပေါ် ယုံကြည်မှုလွန်ကဲသည့် မြန်မာပြည်သူများအပေါ် ခုတုံးလုပ်ကာ မြန်မာအစိုးရနှင့် တရုတ်အစိုးရ တို့ ပူးပေါင်းပြီး အာရုံပြောင်းရန် ကြိုးစားနေသည်ဟု နစ်နေမန်း ဘလော့တွင် ဖော်ပြထားသည့်အပြင် တရုတ်အစိုးရကိုလည်း ပြင်းထန်စွာ ဝေဖန်ထားသည်ကို တွေ့ရသည်။
ဗုဒ္ဓမြတ်စွယ်တော်ကို တရုတ်ပြည် ပြင်ပသို့ ၇ ကြိမ် ပင့်ဆောင်ခဲ့ရာ ၄ ကြိမ်မှာ မြန်မာပြည်သို့ ဖြစ်ကြောင်း တရုတ် သာသနာရေးဝန်ကြီး Mr. Wang Zuo An က ရှင်းပြခဲ့သည်ဟု နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ် အစိုးရသတင်းစာများတွင် ရေးသားထားသည်။
“မြန်မာနဲ့တရုတ် နှစ်နိုင်ငံ အကြား ညီရင်းအစ်ကိုလို ချစ်ကြည်ရင်းနှီးမှု ဖော်ပြရာရောက်သလို ရေစက်ရှိလို့ ဒီလိုဆုံကြရတယ် လို့လည်း ပြောလို့ရပါတယ်” ဟု တရုတ် သာသနာရေးဝန်ကြီးက ဆိုသည်။
ဗုဒ္ဓမြတ်စွယ်တော်သည် ဦးနုအစိုးရ လက်ထက် ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး ၁၉၉၄၊ ၁၉၉၆ ခုနှစ်တို့တွင် ထပ်မံ ရောက်ရှိခဲ့ဖူးသည်။
ယခုလတ်တလောတွင် ဗုဒ္ဓမြတ်စွယ်တော်၏ ပုံရိပ်မှာ သောက်တော်ရေခွက်နှင့် ရေသန့်ဗူးပေါ်၌ ပေါ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသကဲ့သို့ပင် ယခင် နအဖ စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကျောက်တော်ကြီး ဘုရားကို တည်ခါစတွင် ဓာတ်တော်တောက်သည်ဟု ဆိုကာ နံနက်အရုဏ်တက်ချိန် စောစောထ ဖူးမြော်ခဲ့သူများ ရှိခဲ့သည်။
ထိုကဲ့သို့ ဓာတ်တော်တောက်ခြင်းသည် နည်းပညာများ အသုံးပြု၍ ဆောက်လုပ်သူ အင်ဂျင်နီယာများက လုပ်ဆောင်ခဲ့ခြင်း  ဖြစ်ကြောင်း ဝေဖန်သူများ ရှိခဲ့သကဲ့သို့ ဘုရား တည်ကာစ ဘုရားဖူး ပြည်သူများနှင့် ပြည့်လျှံခဲ့သော်လည်း ၂၀၀၄ ခုနှစ်တွင်  ဦးခင်ညွန့် အထိမ်းသိမ်းခံခဲ့ရပြီးနောက် ဘုရားဖူးသူ နည်းပါးသွားခဲ့ကြောင်း သိရသည်။ ယခုအခါ ကျောက်တော်ကြီးဘုရား ဓာတ်တော် တောက်သည်ဟု ပြောဆိုသံလည်း မကြားရတော့ပေ။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ စစ်ထောက်လှမ်းရေး ကြီးစိုးစဉ်ကာလက ရဟန္တာ သူတော်စင်များ ပေါ်ထွက်နေကြောင်း၊ ကောင်းကင်တွင် ဈာန်နှင့်ကြွနေသည်ကို တချို့က ဖူးမြင်ရကြောင်း စသည့် သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။

 

ချောကလက်၏ လူသိမများသေးသော ကျန်းမာရေး အကျိုးကျေးဇူး

 ချောကလက်၏ လူသိမများသေးသော ကျန်းမာရေး အကျိုးကျေးဇူး
ချောကလက်မှာ Phenols လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။
ချောကလက် တစ်အောင်စခွဲ အရွယ်အတုံးသေးတစ်ခုမှာ ဝိုင်နီငါးအောင်စဝင် တစ်ဖန်ခွက်စာလောက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေပါတယ်။ အဖြူရောင် ချောကလက်ထက် အရောင်ရင့် ချောကလက်က ကျန်းမာရေးနဲ့ ပိုမိုညီညွတ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ လူအများသိပြီးသား ဖြစ်မှာပါ။
နောက်ထပ်သတင်းကောင်း၏ချောကလက်မှာ ပါဝင်တဲ့အဆီ သုံးပုံတစ်ပုံဟာ Stearic လို့ခေါ်တဲ့ ကိုယ်လက်စထရော အကျိုးပြုအဆီဖြစ်ပြီး ကျန်အဆီသုံးပုံနှစ်ပုံကတော့ Oleic acid လို့ခေါ်တဲ့ မပြည့်ဝဆီ ဖြစ်ပါတယ်။ ပင်ဆဲလ်ဗေးနီးယား သုတေသီတွေက လူ ၂၃ ဦးကို တူညီတဲ့ အစားအသောက်ကျွေးပြီး တချို့လူတွေကို အမည်းရောင် ချောကလက် ၁၆ ဂရမ်နဲ့ ကိုကိုးမှုန့် ၂၂ ဂရမ် ထပ်မံကျွေးတဲ့အခါ ချောကလက် စားသူတွေဟာ မစားသူတွေထက် မကောင်းတဲ့ LDL ကိုလက်စထရောပမာဏ ပိုလျော့ကျ ခဲ့တာကို တွေ့ခဲ့ရပါတယ်။
Tips!
ချောကလက် စားချင်စိတ်ပြင်းပြနေလျှင်
- အမည်းရောင်ကို ရွေးပါ
အမည်းရောင် ချောကလက်မှာ တခြားချောကလက်အမျိုးအစားတွေထက် Phenolsဓာတ်ပိုမိုပါဝင်နေပါတယ်။
နို့ချောကလက်တွေမှာတော့ ပြည့်ဝဆီတွေ ဖြစ်တဲ့ နို့အဆီ ပါဝင်နေတာကြောင့် မရွေးသင့်ပါ။
- စတော်ဘယ်ရီသီး ထည့်စားပါ
ချောကလက် ပူပူတစ်ခွက်ထဲ စတော်ဘယ်ရီသီး ထည့်တာဟာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများများပါဝင်တဲ့ သရေစာတစ်မျိုးပါပဲ။ ချောကလက်ပူပူထဲ စတော်ဘယ်ရီသီး မထည့်ခင် ခြောက်သွေ့နေဖို့လိုပါတယ်။
- အမျိုးအစား ကောင်းကောင်း ရွေးစားပါ
အကောင်းဆုံး ချောကလက်ကို ရွေးဝယ်ပါ။ ဒါမှသာ ချောကလက်ပမာဏ များများထက် ပမာဏနည်းနည်း
စားရုံနဲ့ ကျေနပ်သွားပါလိမ့်မယ်။

Ref : Good Health

ပြည်ပအေဂျင်စီများ မရိုးသားလျှင် Online မှတစ်ဆင့် တိုင်ကြားခွင့်ပြု

ပြည်ပအေဂျင်စီများ မရိုးသားလျှင် Online မှတစ်ဆင့် တိုင်ကြားခွင့်ပြု

ရေးသားသူ SaiKoThu ,
ပြည်ပ ထွက်ခွာ လုပ်ကိုင်မည့် အလုပ်     သမားများ အနေနှင့် ပြည်ပ နိုင်ငံများသို့ သွားရောက်     အလုပ်လုပ် ကိုင်နိုင်ရန် ချိတ်ဆက် လုပ်ကိုင် ရသော     ပြည်ပ အလုပ် အကိုင်   အေဂျင်စီ များက မရိုးမသား  လုပ်ဆောင်
မှုများရှိလာလျှင် အလုပ်သမားဝန်ကြီးဌာနသို့ Online မှတစ်ဆင့် တိုင်ကြားခွင့်ပြုကြောင်း နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ "www.mol.gov.mm Website ကနေ တိုင်ကြားနိုင်ပါတယ်။ အတတ်နိုင်ဆုံးဖြေရှင်းပေးမှာပါ"ဟု ၄င်းကရှင်းပြသည်။ Online မှတစ်ဆင့် တိုင်ကြားနိုင်သကဲ့သို့ ရုံးအမှတ် ၅၁၊ နေပြည်တော် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့လည်း စာဖြင့် တိုင်ကြားနိုင်ကြောင်း နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။ "တိုင်နိုင်တာတော့သိတယ်။ ဘယ်လိုတိုင်ရမလဲဆိုတာ မသိတာခက်တာ။ အခုသိပြီ။ အခက်အခဲပေါ်လာရင်တော့တိုင်ကြားမှာပါ" ဟု မလေးရှားသို့ ထွက်ခွာရန် ပြင်ဆင်နေသူမြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက်၊ နွယ်သာကီ ၆ လမ်းနေ မလေးရှားသို့ နှစ်ကြိမ်ထွက်ခွာဖူးသူ အသက် ၂၃နှစ်ရှိ ကိုဟိန်းဇေယျာကျော်ကဆိုသည်။ ယခုနှစ်တွင် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်မညီသော ဂရင်းဝေး၊ မြန်မာ့အေး၊ ဘားတက်စ်ပဲလေ့စ်၊ ကောင်းဆက်၊ Royal Myanmar၊ Golden Cambel စသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ခြောက်ခုကို အရေးယူခဲ့ကြောင်း၊ ယင်းအေဂျင်စီများသည် အလုပ်သမားများကို ခွင့်ပြုချက်မရှိဘဲ စေလွှတ်ခြင်း၊ လေဘာကတ်မယူခြင်း၊ အခွန်မဆောင်ခြင်း၊ အမျိုးသမီးများကိုပြည်ပသို့ပို့ခြင်း၊ ပြောထားသည့်အလုပ်နှင့် အမှန်တကယ်လုပ်ကိုင်ရသည့်အလုပ်မှာ ကွဲလွဲနေခြင်းတို့ကြောင့် အလုပ်သမားများက မကျေနပ်သဖြင့် တိုင်ကြားပြီး အရေးယူမှုအများဆုံးပြုလုပ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားသည်။ ယခုနှစ်တွင် တရားဝင်လုပ်ကိုင်ခွင့်ပေးထားသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၁၃ ခုရှိပြီး ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၀ခု ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................