Friday, July 26, 2013

ဒါဂြူတအာင်း(ရူမာည်)

 ဒါဂြူတအာင်း(ရူမာည်)
               ရူမာည် တအာင်းတို့၏ ၀တ်စားဆင်ယင်ပုံမှာ ဦးထုပ်၊အင်္ကျီ၊ထမီအနက်ရောင်များ ၀တ်ဆင်ကြပြီး
ငွေထည်ပစ္စည်းများဖြင့် ခေါင်းခါးခြေလက် တွင်လည်းကောင်း ၊ကြိမ်ခါးစည်းဖြင့်လည်းကောင်း ဆင်မြန်းကြ
သည်။ ၄င်းကောင်းတို့သည်  ရှမ်းပြည်နယ်မြောက်ပိုင်း ၊ရွှေလီမြစ်ဝှမ်းတလျှောက်နှင့် တရုတ်ပြည် ယူနန်ပြည်
နယ်တွင်လည်းကောင်း၊ပျံ့နှံ့စွာနေထိုင် ကြပါသည်။

တအာင်းဒါဂြူ(ဆာမ်လိုင်)

 တအာင်းဒါဂြူ(ဆာမ်လိုင်)


 စော်ဘွားကြီး ဟောနန်းစိုက်ရာ နမ့်ဆန်မြို့မ တိုက်နယ်အတွင်း နေထိုင်ကြသော ဆာမ်လိုင်တအာင်းတို့မှာ
အနီရောင် ၀တ်ဆုံ၊ရွှေနားဍောင်းဆင်မြန်းသောအမျိုးအနွယ်ဖြစ်ကြသည် ။ ငွေဦးထုပ်၊ငွေခါးစည်း၊ငွေခြေ
ပတ်တို့ကိုလည်းဝတ်ဆင်မြန်းကြပါသည်။ တအာင်းဆာမ်လိုင်ကို (ကတူရ်) ဟူ၍ခေါ်ပါသည်။မြီု့မ(ခ)မြို့ပေါ်
(၆)ရပ်ကွက် ဇယန်းကြီး၊ငွန်ဆိုင်း၊လွယ်ခမ်း၊ဘုရားကြိး၊မန်ပန်၊ဘန်ကောက်၊ဇယ်တုန်ဟုန်း၊ကျောက်ဖြူ၊
ကယားကြီး စသည်တို့တွင် နေထိုင်လျှက်ရှိကြပါသည်၊

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................