Wednesday, September 14, 2011

အမေရိကန်တွင် iPad သုံးစွဲသူ ကျောင်းသားဦးရေ ရာခိုင်နှုန်းမြင့်တက်လာ
အမေရိကန်တွင် iPad သုံးစွဲသူ ကျောင်းသားဦးရေ ရာခိုင်နှုန်းမြင့်တက်လာ

      အမေရိကန်တစ်ဝန်းရှိ ကျောင်းများတွင် ကျောင်းသားများသည် စက္ကူစာအုပ်သုံး သင်ရိုးညွှန်းတမ်း များနေရာ၌ စက္ကူလွတ် iPad ကို အစားထိုး သုံးစွဲမှု မြင့်တက်လာကြောင်း စစ်တမ်းများအရ သိရှိရသည်။  ဇူလိုင်လတွင် ကောက်ယူသော စစ်တမ်းများအရ ကျောင်းသားများ၏ သုံးပုံနှစ်ပုံ အရေအတွက်သည် iPad ကို စတင်သုံးစွဲကြကြောင်း သိရှိရသည်။ တန်ဖိုးအားဖြင့် ဒေါ်လာငါးရာမှ ခြောက်ရာဝန်းကျင်သာ ကုန်ကျသော Apple iPad ကိုလေးလံပင်ပန်းစွာ သယ်ဆောင် သွားရသော စက္ကူစာအုပ်များ နေရာတွင် အစားထိုးသုံးစွဲဖို့ တာဝန်ရှိသူများကလည်း လိုလားနှစ်သက်ကြသည်။ E-book များကို အွန်လိုင်းမှ အလွယ်တကူ ရရှိနိုင်မှုကလည်း ဘာသာရပ်ဆိုင်ရာ ကိုးကားစာအုပ်များ ရှာဖွေဖတ်ရှုရာတွင် ကျောင်းသားများအတွက်ပိုမို အဆင်ပြေ စေလာခဲ့သည်။

 ၎င်းအပြင် သင်္ချာနှင့် အင်ဂျင်နီယာ ကျောင်းသားများအတွက် အတွက်အချက်ဘာသာရပ်များတွင် လိုအပ်သော ဂဏန်းသင်္ချာတွက်စက် Calculator, အဘိဓာန် Dictionaries, Auto Card Application စသော လုပ်ဆောင်ချက်များကို iPad ပေါ်တွင် အလွယ်တကူ အသုံးပြုနိုင်ကြောင်း သိရသည်။ Problem Solving သင်္ချာပုစ္ဆာများကို တွက်ချက်ရာတွင် အလွယ်တကူ ပုံကြမ်းရေးဆွဲနိုင်မှု၊ မှတ်စုတို မှတ်သားမှု၊ အိမ်စာပုစ္ဆာများကို ဆရာများထံသို့ အွန်လိုင်းမှ လျှင်မြန်စွာပေးပို့နိုင်မှုနှင့် Tutorial သင်ခန်းစာများကို ဗီဒီယို မှတ်တမ်းများဖြင့် မှတ်သားသိမ်းဆည်းမှု စသောလုပ်ဆောင်ချက်များက ကျောင်းသားများအတွက် သာမက ဆရာများအတွက်ပါ သင်ကြားရေးအတွက် အလွန်တရာမှ ထိရောက်ထောက်ကူပေးနိုင်ကြောင်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပါမောက္ခမက်ခ်ဝက်စ်ချာမှ ထုတ်ဖော် ပြောကြားခဲ့သည်။ ယခုအခါ အမေရိကတစ်ဝန်းရှိ ပုဂ္ဂလိက အထက်တန်းကျောင်းများတွင် Apple နှင့် ပူးပေါင်း၍ ကျောင်းသား (၁,၂၅၀) ကို iPad တစ်လုံးကျနှုန်းဖြင့် စတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Tuesday, September 13, 2011


photo
ဟန်းဖုန်းသုံးစွဲသူတွေက တခြားသာမန်လူတွေထက် စမ်းသပ်လို့ မပေါ်နိုင်တဲ့ဦးနှောက်အကျိတ်ဖြစ်နိုင်ပြီးအဆိုးဆုံးက ဦးနှောက်
ကင်ဆာအထိ ဖြစ်သွားနိုင်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင် ၁၊ ၂ မှပါမောက္ခဒေါက်တာဦးချစ်စိုးထံ မှ သိရတယ်။
ဟန်းဖုန်းမှာ ဓာတ်မှန်ရိုက်တဲ့ ဓာတ်ရောင်ခြည်လိုမျိုးပါတယ်။ ပုံမှန်အားဖြင့် အန္တရာယ်မရှိပေမဲ့ ခဏခဏ ဓာတ်မှန် ရိုက်မယ်ဆိုရင် ကြာတဲ့အခါ ကင်ဆာဖြစ်လာနိုင်တယ်။ ဟန်းဖုန်းစသုံးသုံးချင်းဖြစ်တာမဟုတ်ဘဲ ငါးနှစ်လောက်ကြာမှ ဖုန်းရဲ့ဆွဲအားပြင်းထန်တာကြောင့်ဦးနှောက်ဆဲလ်ရဲ့ ဗီဇပြောင်းလဲ
လာတာလို့ သိရတယ်။
ပါမောက္ခဒေါက်တာဦးချစ်စိုးက အင်တင်နာတိုင်ပါတဲ့ ဖုန်းတွေကပိုပြီး အန္တရာယ်ရှိတယ်။ ဆွဲအားများလေ အန္တရာယ် များလေပဲ၊ ဦးနှောက်ကပျော့တော့ တော်ရုံတန်ရုံ အလုံးပေါ်လာရင်တောင် ဖြစ်တဲ့နေရာမှာပဲ ချိုင့်သွားတယ်။ အပြင်ကို အလုံး က ပေါ်မလာဘူး။ စမ်းမိလောက်အောင်လဲ မပေါ်ဘူး။ ဦးနှောက်ကင်ဆာက တဖြည်းဖြည်းချင်းမှ လက္ခဏာပေါ်လာတာလို့ ပြောတယ်။
တချို့ အသုံးချမှုနည်းတဲ့နေရာမှာ အကျိတ်ဖြစ်ရင် မသိသာပါဘူး။ ဥပမာ နဖူးနေရာမှာ ဖြစ်နေရင် လက်လှုပ်လို့ရ တယ်။ စကားပြောလို့ရပါတယ်။ ကိုယ်ကိုယ်တိုင်မသိလိုက်ဘဲ အမူအရာပြောင်းလာမယ်။ တစ်ခါမှမလုပ်ဖူးတဲ့ အပြုအမူတွေ လုပ်လာမယ်။ အရှက်အကြောက်နည်းလာမယ်။ ခဏခဏ ခလုတ်တိုက်လာမယ်။ မျက်လုံးဝါးတယ်။ ခေါင်းကိုက်တယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ စမ်းသပ်စစ်ဆေးမှုပြုလုပ်သင့်ပြီလို့ သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြတယ်။
လိုင်းဆွဲအားကောင်းတဲ့ ဟန်းဖုန်းက အန္တရာယ်ရှိတယ်ဆိုရာမှာ နဂိုမူလဆွဲအားကောင်းတဲ့ ဟန်းဆက်ထက် ဆွဲအား မကောင်းကောင်းအောင် အင်တင်နာတိုင်တပ်ထားတဲ့ ဟန်းဆက်အသုံးပြုတာကို ဆိုလိုတယ်လို့ ပါမောက္ခဒေါက်တာဦးချစ်စိုး က ဆိုတယ်။
အနောက်နိုင်ငံတချို့ မှာ ဖုန်းရဲ့  ကြိမ်နှုန်း(frequency) ကြောင့် ဦးနှောက်ဆဲလ်တွေ ဘာဖြစ်မလဲဆိုပြီး စမ်းသပ်စစ်ဆေးမှုပြုလုပ်ကြတယ်။အဖြေသေချာရှာမတွေ့သေးပေမဲ့ ဆိုးကျိုးတစ်စုံတစ်ရာရှိနိုင်ခြေများ
တယ်လို့ နိုင်ငံတကာသတင်းတ ချို့ မှာ ဖော်ပြထားတာတွေ့ရတယ်။
ယခုလက်ရှိ ပြည်တွင်းမှာ ဟန်းဖုန်းအသုံးပြုသူများပြားလာတယ်။ ယခင်က မြန်မာ့ဆက်သွယ်ရေးမှ ဆယ့်ငါးသိန်းတန်ဂျီအက်စ်အမ်ဖုန်းတွေစတင်ချပေးစဉ်ကလူတန်းစားတစ်ရပ်အတွက်သီးသန့်လို ဖြစ်ခဲ့တယ်။ အခုငါးသိန်းတန်စီဒီအမ်အေ၊ဂျီဖုန်းတွေချပေးလိုက်တဲ့အခါမှာဟန်းဖုန်းကိုင်နိုင်သူများလာပြီးဆက်သွယ်ရေး
လွယ်ကူလာတယ်။ဖုန်းလျှောက်ရတာလွယ်ကူပြီးချက်ချင်းရတဲ့အပြင် လက်လှမ်းမီလောက်တဲ့ ဈေးနှုန်းဖြစ်တာကြောင့် ဟန်းဖုန်းကိုင်သူဦးရေများလာတယ်လို့ သိ ရတယ်။
ဖုန်းဟန်းဆက် အရောင်းဆိုင်တစ်ဆိုင်မှ ဆိုင်မန်နေဂျာကို ကိုဝဏ္ဏက အခုချပေးတဲ့ ငါးသိန်းတန်ဖုန်းတွေမှာ အင် တာနက်သုံးလို့ရအောင် ဖွင့်ပေးလိုက်တော့ ပိုသုံးစွဲလာကြတယ်။ အင်တာနက်ကို ရူးသွပ်ကြတာကိုး၊ လိုင်းဆွဲအားလဲကောင်းတယ်။စီဒီအမ်အေ၈၀၀၊၄၅၀ဟန်းဆက်တွေဆိုရင် နေ့စဉ်အရောင်းရှိတယ်လို့ ပြောပါတယ်။
ဂျီအက်စ်အမ်ဖုန်းကဆက်သွယ်မှုဧရိယာပြင်ပအရောက်များလာတာ၊ဆက်သွယ်မှုလိုင်းမအားတာတွေရှိလာလို့ ဂျီ ကိုင်သူအချို့ ကငါးသိန်းတန်စီဒီအမ်အေဖုန်းတွေ တွဲကိုင်တာတွေရှိလာလို ဖုန်းဈေးတွေက ယခင်ကထက် ကျတဲ့အတွက် လူ ငယ်အများစုလက်ထဲမှာ ဖုန်းကိုင်လာနိုင်တာ တွေ့ရတယ်။
အသက်သိပ်ငယ်သူနဲ့အသက်ကြီးသူတွေမှာပြန်ပြုပြင်နိုင်တဲ့ဆဲလ်တွေမသန်စွမ်းတော့လို့ကင်ဆာဖြစ်နိုင်ခြေပို
များတယ်။ အခုလို ဟန်းဖုန်းအရမ်းသုံးတဲ့ပုံစံနဲ့ဆိုရင် လူငယ်တွေမှာပါ ဦးနှောက်ကင်ဆာဖြစ်လာနိုင်တယ်။ တကယ်လို့ ကြိုး ဖုန်းရှိရင် ကြိုးဖုန်းကိုပဲ အဓိကအသုံးပြုပြီး ဟန်းဖုန်းက အရေးပေါ်ဆက်သွယ်ဖို့ပဲ ဖြစ်သင့်တယ်။ အပျင်းပြေသုံးတာ မဖြစ်သင့် ဘူး။ ဟန်းဖုန်းကိုတစ်ခါပြောရင် လေးငါးမိနစ်၊ တစ်နေ့လုံးမှ လေးဆယ့်ငါးမိနစ်လောက်ပဲ သုံးဖို့အကြံပြုချင်တယ်လို့ ပါမောက္ခ ဒေါက်တာဦးချစ်စိုးက ဆိုပါတယ်
photo
မြန်မာစာရေးဆရာလေးဦးပါဝင်မည့်တတိယအကြိမ် 
စာပေဟောပြောပွဲအား ဧပြီလအတွင်း စင်ကာပူနိုင်ငံ၌ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ယင်းစာပေဟောပြောပွဲအား စင်ကာပူနိုင်ငံUCC ခန်းမ တွင်ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ဆရာချစ်ဦးညို၊ ကျော်ဝင်း၊ ဦးဘုန်း(ဓာတု)၊ အောင်သင်းတို့ပါဝင်
ဟောပြောသွားမည်ဟု သိရှိရသည်။
"ကျွန်တော်တို့ အခုတစ်ခေါက် သွားမယ့် စာပေဟောပြောပွဲက တတိယအကြိမ်မြောက်ပါ။ အရင်အခေါက်တွေတုန်းကလည်း ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲ လာအားပေးခဲ့ကြတဲ့အတွက် အားတက်ခဲ့ရပါတယ်။ စာပေဟောပြောပွဲကိုလာပြီး နားထောင်တဲ့သူအများစုက စာပေကို တကယ်မြတ်နိုးကြတဲ့ လူငယ်တွေများသလို အချိန်မအားမလပ်တဲ့ကြားကပဲ မြန်မာစာပေကို တန်ဖိုးထားဖတ်ရှုသူတွေ ဆိုတာကို သိခွင့်ရပါတယ်။ ဒါကြောင့် အခုတစ်ခေါက် စာပေဟောပြောပွဲကိုလည်း သေချာပြင်ဆင်သွားမှာပါ"ဟု စာပေဟောပြောပွဲတွင် ပါဝင်မည့် ဆရာတစ်ဦးက ရှင်းပြခဲ့သည်။

စာပေဟောပြောပွဲ ၀င်ခွင့်လက်မှတ်များအား စင်ကာပူဒေါ်လာ ၁၅ ဖြင့်ရောင်းချလျက်ရှိပြီး သွားရောက် ဟောပြောမည့် စာရေးဆရာများ၏ ထွက်ရှိပြီး စာအုပ်အချို့အား ရောင်းချမည့်အစီအစဉ်များလည်း ပါဝင်မည်ဟု သိရသည်။ စင်ကာပူနိုင်ငံ စာပေဟောပြောပွဲကို ပထမအကြိမ်တွင် ဆရာချစ်ဦးညို၊ နေ၀င်းမြင့်နှင့် ဆရာမဂျူးတို့နှင့်ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်တွင် ဆရာအော်ပီကျယ်၊ ချစ်ဦးညိုနှင့် မောင်စိန်ဝင်း(ပုတီးကုန်း) တို့နှင့် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရှိ ရသည်
သင့်နှလုံးကို ကာကွယ်နိုင်မည့် နည်းလမ်းသစ် ငါးသွယ်
သင့်နှလုံးကို ကာကွယ်နိုင်မည့် နည်းလမ်းသစ် ငါးသွယ် ဖေဖော်ဝါရီလ ရောက်တိုင်း အမေရိကန် လူမျိုးတွေဟာ နှလုံး ကျန်းမာရေးအတွက် အထူး စစ်ဆေးမှု ခံယူလေ့ ရှိပါတယ်။ နှလုံး ရောဂါဟာ အမျိုးသမီးတွေမှာ သေဆုံးနှုန်း  အများဆုံးရောဂါ
ဖြစ်ပါတယ်။ နှလုံးရောဂါထခြင်း (Heart Attack) မဖြစ်အောင် လျှော့ချပေးနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။နှလုံးရောဂါထတဲ့လက္ခဏာ
တွေကို ကြိုတင် သိရှိရင် အသက်ရှင်သန်နိုင်ခြေ
များပါတယ်လို့ ရောဂါကာကွယ် ထိန်းချုပ်ရေး
စင်တာက ဆိုပါတယ်။   အာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို စားသောက်တာနဲ့ လှုပ်ရှားမှု ရှိတာတွေအပြင် နှလုံးကျန်းမာရေးအတွက် အောက်ပါ နည်းလမ်းသစ် တွေကိုလည်း လုပ်ဆောင်ပေးရမှာ
ဖြစ်ပါတယ်။

(၁) အိမ်မှာ အားကစားခန်းမ ဖန်တီးပါ
    လေ့ကျင့်ခန်း လုပ်ဖို့အတွက် နေရာလွတ် အကျယ်ကြီး မလိုပါဘူး။ တီဗီရှေ့ နေရာလွတ်လို နေရာမျိုးမှာ ယောဂကျင့်တာ၊ လမ်းလျှောက်တာလို လေ့ကျင့်ခန်းတွေ ကို လုပ်ဆောင်ပေးနိုင်ပါတယ်။

(၂)ငါးစားသုံးမှုကို နှစ်ဆတိုးပါ  
    ငါးကို ပုံမှန်စားတဲ့ သူတွေဟာ လေဖြတ်ရောဂါလို နှလုံးနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေရဲ့ ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ သိပ္ပံနည်းကျ လေ့လာပြီးပါပြီ။ လမ်းညွှန် ချက် အသစ်အရ အမေရိကန် လူမျိုးတွေက ငါးကို တစ်ပတ်မှာ သုံးအောင်စခွဲခန့် စားသင့်ကြောင်း ဆိုပေမယ့် ဒီနည်းလမ်းကို တိတိကျကျ လိုက်နာဖို့ ခက်ခဲနေ တတ်ပါတယ်။
(၃) အနီရောင်ကို ဆက်သွယ်ပါ  
    GTalkမှာ အနီရောင် ပြပြီး တားဆီးထားတဲ့ သူတွေနဲ့ ပေါင်းသင်းဆက်ဆံပါ။ အနီရောင် ပြထားတိုင်း အဆက်အသွယ် မလုပ်ဘဲ လက်လျှော့စရာ မလိုပါဘူး။ ပေါင်းသင်း ဆက်ဆံရေးနဲ့ ကျန်းမာရေးဟာ ဆက်စပ်မှုရှိတာကြောင့် ကောင်းမွန်တဲ့ ပေါင်းသင်း ဆက်ဆံရေး ဖြစ်အောင် သင်ကပဲ စတင် တည်ဆောက်လိုက်ပါ။
(၄) အကောင်းမြင်ပါ  
    အကောင်းမြင်တာဟာ နှလုံးရောဂါ အန္တရာယ်ကို လျော့ကျစေပြီး မအသက် ရှည်ရှည်နေအောင် ကူညီနိုင်ပါတယ်။
(၅) သံလွင်ဆီကို ရွေးပါ  
    လေ့လာမှုအရ တွေ့ရတဲ့ သံလွင်ဆီ ကြိုက်သူတွေအတွက် သတင်းကောင်းကို အမေရိကန် အာဟာရဂျာနယ်မှာ ဖော်ပြထားပါတယ်။ သံလွင်ဆီကို စားသုံးတာက နှလုံးရောဂါ အန္တရာယ်ကို လျှော့ချ ပေးနိုင်ပါတယ်။  
သွားကျဉ်ခြင်းအတွက် ကုသမှု
သွားကျဉ်ခြင်းအတွက် ကုသမှု သင့်သွားတွေကို ဖြတ်ပြီး လေကို စုပ်လိုက်ရုံ ဒါမှမဟုတ်ပူတဲ့၊ အေးတဲ့ အစာတွေကို ကိုက်လိုက်ရုံနဲ့ ရုတ်တရက် စူးစူးရှရှ နာကျင် သွားပါသလား။ သွားကျဉ်တဲ့အခါ ခံစားရတဲ့ နာကျင်မှုက မကြာရှည်ပါဘူး။ ချက်ချင်းဖြစ် ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပဲ ပြန်ပျောက် သွားပါတယ်။
ဒါပေမဲ့ခံစားရတဲ့စက္ကန့်အနည်းငယ်အတွင်းမှာတော့အလွန်ပြင်းပြင်းထန်
ထန်ကို ခံစား ရပါတယ်။ သွားကျဉ်တာကို ခံစားနေရရင် ဘဝဟာ စိတ်မချမ်းမြေ့စရာဖြစ်နေတတ် ပါတယ်။ဘာကြောင့်သွားကျဉ်တာလဲ
သင့်သွားတွေမှာ ဘာမှထူးထူးခြားခြား ထိခိုက်မှုဖြစ်တာ မမြင်ရဘဲနဲ့ ရုတ်တရက် ကျဉ် သွားတတ်တာ ဒါမှမဟုတ် စူးစူးရှရှ နာကျင်တာဟာ ဘာကြောင့်ဖြစ်ရတာပါလဲ။ သွား တွေမှာ နူးညံ့တဲ့ ဆင်စွယ်နှစ်လွှာနဲ့ အာရုံကြောတွေကို အပေါ်ယံက မာကျောတဲ့ ကြွေသွားလွှာနဲ့ အုပ်ထားပါတယ်။
ဒီကြွေသွားလွှာဟာ ကြမ်းကြမ်းတမ်းတမ်း သွားတိုက်ခြင်း ဒါမှမဟုတ် အလွန်ပူတဲ့ ဒါမှ မဟုတ် အလွန်အေးတဲ့ အစာကို ကိုက်ဝါးခြင်းစတဲ့ အကြောင်းတွေကြောင့် ပွန်းပဲ့ ထိခိုက် နိုင်ပါတယ်။ တစ်ခါတစ်ရံ သွားကို မိုက်ခရိုစကုပ်နဲ့ ကြည့်မှသာ မြင်နိုင်တဲ့ အက်ရာလေး ကနေတော် အပူနဲ့အအေးတွေဟာ အာရုံကြောဆီကို ဖြတ်သန်းရောက်ရှိသွားပြီး စူးစူးရှရှ နာကျင်မှုကို ခံစားရစေပါတယ်။
ကုသမှုသွားကျဉ်တာကပြင်းထန်ရင်တော့အကြောထုတ်ကုသမှုကိုလိုအပ်နိုင်ပါတယ်။ဒါပေမဲ့ မပြင်းထန်တဲ့
ပြဿနာအတွက်တော့ အောက်ပါအကြံပြုချက်တွေက ကူညီနိုင်ပါလိမ့်မယ်။ အစာကို တစ်ကိုက်လေး ကိုက်ဝါးဖို့တောင် ကြောက်လန့်နေရင် အောက်ပါအိမ်တွင်းကုသမှု နည်းလမ်းတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။
• သွားကျဉ်တာအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေး (Desensitizing toothpaste) တွေကိုသာ အမြဲသုံးပါ။ ဒီသွားတိုက်ဆေးတွေက သွားမှာဖြစ်နေတဲ့ ဆက်ကြောင်းလေးတွေကို ဖြည့်ပေးပြီး အာရုံခံစားမှုကို ထိထိရောက်ရောက် လျော့နည်း စေပါတယ်။
• ညအိပ်ရာမဝင်ခင် သွားတိုက်ဆေး အနည်းငယ်ကို လက်ချောင်းထိပ်မှာ တင်ပြီး သွား ကျဉ် နေတဲ့ နေရာမှာ ဖြန့်ပြီး သုတ်လိမ်းပေးပါ။ ပြီးရင် သွားတိုက်ဆေးကို ရေနဲ့ ပလုတ် ကျင်းမပစ်ဘဲ ဒီအတိုင်းသာထွေးထုတ်ပါ။ သွားကျင်တာ သက်သာသွားတဲ့အထိ ရက်သတ္တပတ်အနည်းငယ်ကြာအောင် လုပ်ပါ။
• သွားချေးလွှာတွေရှိရင် သွားကျဉ်တာကို ပိုဆိုးစေပါတယ်။ သွားချေးလွှာက သွားကို ထိခိုက်စေမယ့် အက်စစ်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်း ဆုံး နှစ်ကြိမ် သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ သွားချေးလွှာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ မနက်တစ်ကြိမ်၊ ညအိပ်ရာမဝင်ခင် တစ်ကြိမ် သွားတိုက်ပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် သွားကြားပွတ်ကြိုး သုံးပြီးတော့လည်း သွားတွေကို သန့်စင်ပေးပါ။
• သွားကျဉ်စေတဲ့အကြောင်းရင်းတွေထဲကတစ်ခုကတော့အလွန်ကြမ်းကြမ်းတမ်းတမ်း သွားတိုက်တာကြောင့်ပါ။ဒါမှမဟုတ်ရင်လည်းကြမ်းတမ်းတဲ့ သွားတိုက်တံ အမျှင်တွေနဲ့ သွားတိုက်တာကြောင့် သွားရဲ့ ကြွေလွှာကို ထိခိုက်ပျက်စီးစေတာဖြစ်ပါတယ်။ ဒါကြောင့် နူးညံ့တဲ့ သွားတိုက်တံ (Soft) ကိုသာ အမြဲသုံးပြီး ညင်ညင်သာသာ သွားတိုက်ပေးပါ။
• ကွမ်းစားခြင်းကသွားဖုံးတွေကိုယုတ်လျော့ပျက်စီးစေပြီးသွားကျဉ်တာကိုဖြစ်စေနိုင်တဲ့အတွက် ကွမ်းမစားပါနဲ့။
• အလွန်ပူတဲ့ ဒါမှမဟုတ် အလွန်အေးတဲ့ အစာတွေကို မစားပါနဲ့။ ပူတဲ့အစာနဲ့ အေးတဲ့ အစာ တွေဟာ သွားတွေကို ပြန့်ကားလာတာနဲ့ ကျုံ့တာတွေ   ဖြစ်စေပြီး အက်ရာသေး သေးလေးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီကနေတစ်ဆင့် သွားကျဉ်လာနိုင်ပါတယ်။
• ကြမ်းတမ်းတဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ သွားတိုက်ဆေးတွေကို မသုံးပါနဲ့။ သွားဖြူစေတဲ့ သွားတိုက်ဆေးတွေနဲ့ သွားချေးကျောက်တွေကို ထိန်းချုပ်ပေးတဲ့ သွားတိုက်ဆေးတွေမှာ ဒီလိုပစ္စည်းတွေ ပါဝင်တတ်ပါတယ်။
• အက်စစ်ပါတဲ့ အစာတွေကို ရှောင်ပါ။ အချိုရည်တွေကို မကြာခဏသောက်ခြင်းက သွားကျဉ်စေနိုင်ပါတယ်။
• သွားတိုက်တဲ့အခါ သွားကို ဒေါင်လိုက်ရွှေ့လျားမှုနဲ့ တိုက်တာ ပိုကောင်းတယ်။ စက်ဝိုင်းပုံလှည့်ပတ်ပြီး တိုက်တာကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဘေးတိုက်ဆွဲပြီး မတိုက်ပါနဲ့။ ကြွေသွားလွှာကို ထိခိုက်စေပြီး သွားဖုံးတွေကိုလည်း ယုတ်လျော့စေ နိုင်တာကြောင့်ပါ။
ဦးနှောက်အားကောင်းစေသော အရာများ (Brain Boosters)
ဦးနှောက်အားကောင်းစေသော အရာများ (Brain Boosters) လူတွေဟာ အသက်ကြီးလာတဲ့ အခါမှာဦးနှောက်
မှာ ရှိတဲ့ နူရွန်တွေရဲ့သုံးဆယ် ရာခိုင်နှုန်းဆုံးရှုံးပြီး
ဖြစ်တယ်လို့ လေ့လာသူတွေကထင်ခဲ့ကြပါ
တယ်။ တကယ်တော့ သင်သာ ကျန်းမာရေး
ကောင်းနေမယ် ဆိုရင် သင့်ဘဝတစ်လျှောက်လုံး
နူရွန် အများစုကို ထိန်းသိမ်း ထားနိုင်တယ်လို့ ဦးနှောက်ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အသက်ကြီးတဲ့ အထိ ဦးနှောက်
ဆဲလ်တွေ အကောင်းဆုံး ဖြစ်နေအောင် ထိန်းသိမ်း ထားနိုင်ဖို့ အတွက် ဦးနှောက်စွမ်းအား
ပြည့်စေတဲ့ အရာတွေကို အကြံပြုပေးပါရစေ။
(၁) စိတ်ကူးသစ်နှင့် စိန်ခေါ်မှု အသစ်များ
သက်လတ်ပိုင်း အရွယ်မှာ သိုလှောင်ထားတဲ့ အချက်အလက်တွေကို ပြန်ခေါ်တဲ့ အခါတိုင်း မှတ်မိနေစေဖို့ အတွက် ဦးနှောက်ထဲမှာ နူရွန်လမ်းကြောင်း သန်းနဲ့ချီပြီး တည်ဆောက်ထားပါတယ်။ ဒီလမ်းကြောင်းတွေကြောင့် ငယ်ရွယ်သူတွေနဲ့ ယှဉ်ရင် သင့်အနေနဲ့ ပြဿနာတွေကို အလွယ်တကူ
ဖြေရှင်းနိုင်ပါလိမ့်မယ်။ အမြဲတမ်း သမားရိုးကျ တွေးတောနေရင် ဦးနှောက်ရဲ့ ကွန်ရက်အသစ်ကို တည်ဆောက်ဖို့ လှုံ့ဆော်မှုနှုန်း နည်းသွားပါလိမ့်မယ်။ ဒါကြောင့် စာအုပ်ဖတ်တာ၊ ကမ္ဘာကြီး အကြောင်း သိအောင် လေ့လာတာ၊ တူရိယာကို တီးခတ်တာနဲ့ ဘာသာစကားအသစ် လေ့လာတာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှ သင့်ဦးနှောက်က မှတ်သားနိုင်စွမ်း ပိုကောင်းလာမှာပါ။
(၂) အစပိုင်းမှာ အလေးထားခြင်း
အသစ်အဆန်း တစ်ခုခုကို မှတ်မိဖို့ ဆိုရင် အစပိုင်း ကတည်းက သေသေချာချာ မှတ်သားထားဖို့ လိုပါတယ်။ ဥပမာ လူတစ်ယောက်နဲ့ တစ်ကြိမ် စတွေ့ပြီးတာနဲ့ အဲဒီလူရဲ့ နာမည်ကို မှတ်မိဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ စတွေ့ကတည်းက သူ့နာမည်နဲ့ ရုပ်ကို တွဲပြီး မှတ်မိနေအောင် သေသေချာချာ မှတ်သားထားဖို့ လိုပါတယ်။ လေ့လာမှုအသစ်ကို လုပ်ရာမှာလည်း အစပိုင်း ကတည်းက အလေးထားပြီး မှတ်သားတတ်တဲ့ အကျင့်ကို လုပ်ပေးရင် မှတ်ဉာဏ် ကောင်းမွန်စေပါတယ်။
(၃) လေ့ကျင့်ခန်း လုပ်ခြင်း
နှလုံးလိုပဲ ဦးနှောက်ကလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့အတွက် သွေးစီးဆင်းမှု ကောင်းဖို့ လိုပါတယ်။ ဒါကြောင့် ပုံမှန် လေ့ကျင့်ခန်း လုပ်ပြီး ဦးနှောက် ဆဲလ်သစ်တွေရဲ့ ကြီးထွားမှု အားကောင်းအောင် လုပ်ဆောင် ပေးသင့်ပါတယ်။
(၄) အာဟာရ
ကောင်းမွန်တဲ့ အစားအသောက်တွေဟာ ဦးနှောက် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သက်လတ်ပိုင်း အရွယ်ကနေ အသက်ကြီးတဲ့အထိ ဦးနှောက်စွမ်းအား ကောင်းနေအောင် အဆီများတဲ့ ငါး၊ အဆီ ထုတ်ထားတဲ့ နွားနို့၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားပေးသင့်ပါတယ်။

ငှက်ပျောသီးကို နေ့စဉ် စားသင့်သော အကြောင်းရင်း (၁၂) ချက်

(၁) ငှက်ပျောသီးကို သင် နေ့စဉ် ပုံမှန်စားတဲ့ အကျင့် ပြုလုပ်ထားရင်  လေဖြတ်ရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ New England ဆေးပညာ ဂျာနယ်မှ လေ့လာမှု အရ သိရပါတယ်။

(၂) ငှက်ပျောသီးမှာ အဓိကအားဖြင့် သကြား(ဂလူးကို့စ်၊ ဖရပ်တို့စ်နဲ့ ဆူးကရို့စ်) ပါဝင်တာကြောင့်စွမ်းအင်ကို 
ချက်ချင်း ပေးနိုင်သလို စွမ်းအင် တာရှည်စွာ ရရှိစေနိုင်ပါတယ်။

(၃) ငှက်ပျောသီးမှာ ပါဝင်တဲ့ Tryptophan ခေါ်တဲ့ Aminoacid ဟာ Serotonin အဖြစ် ပြောင်းလဲနိုင်တာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး စိတ်ဓာတ် ကျဆင်းမှု လျော့နည်းစေပါတယ်။

(၄) ငှက်ပျောသီးမှာ ပါဝင်တဲ့ များစွာသော အမျှင်ဓာတ်တွေက ဝမ်းနုတ်ဆေး အပျော့စားလို ပြုလုပ်နိုင်တာေ
ကြာင့် ဝမ်းချုပ်သူတွေ အတွက် အသုံးဝင်ပါတယ်။

(၅) သူ့မှာ ပါဝင်တဲ့ များစွာသော အမျှင်ဓာတ်တွေက အူမကြီး လုပ်ငန်း ပုံမှန် ဖြစ်အောင် ကူညီပေးသလိုPectin
ခေါ်တဲ့ ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်တွေဟာလည်း အစာလမ်းကြောင်း တစ်လျှောက် ပုံမှန် ရွေ့လျားမှု ရရှိအောင် ပြုလုပ်ပေးပါတယ်။

(၆) ငှက်ပျောသီးမှာ ပါဝင်တဲ့ သံဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ဟေမိုဂလိုဘင် ကြီးထွားဖို့လှုံ့ဆော်နိုင်တာေ
ကြာင့်သွေးအားနည်း ရောဂါအတွက် သင့်တော်ပါတယ်။

(၇) နေ့စဉ် ငှက်ပျောသီး သုံးလုံး ပုံမှန်စားတဲ့ အသက်ကြီးသူတွေဟာ အသက်ကြီးလာရင် အမြင်အာရုံ ဆုံးရှုံးမှု
ဖြစ်ရတဲ့ အကြောင်းရင်း ဖြစ်တဲ့ မက်ကူလာ ပျက်စီး ယိုယွင်းမှု (Age related macular degeneration)
ဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။

(၈) ငှက်ပျောသီးမှာ ပါဝင်တဲ့ များစွာသောပိုတက်စီယမ်နဲ့ အလွန် နည်းလှတဲ့ဆိုဒီယမ်ကြောင့် သွေးတိုးရောဂါ
မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၉) ငှက်ပျောသီးမှာ ခန္ဓာကိုယ်တွင်း ကောင်းတဲ့ ဘက်တီးရီးယားတွေကို အာဟာရဖြစ်စေတဲ့ Fructooligosaccharide ပါဝင်ပါတယ်။

(၁၀) ရင်ပူဝေဒနာ ရှိသူတွေ ငှက်ပျောသီး စားရင် သက်သာတာဟာ ငှက်ပျောသီးမှာ ပါဝင်တဲ့ Antacid ဂုဏ်သတ္တိကြောင့်ပါ။

(၁၁) ငှက်ပျောသီးကို ပုံမှန် စားပေးရင် ကျောက်ကပ် ကျန်းမာရေးကို ကူညီနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဒြပ်ပေါင်း Phenolic ကြောင့် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေကို
လျှော့ချနိုင်ပါတယ်။

(၁၂) ငှက်ပျောသီးမှာ ပါဝင်တဲ့ဗီတာမင် B6,B12,ပိုတက်စီယမ်နဲ့မဂ္ဂနီဆီယမ်ကြောင့် ဆေးလိပ်ဖြတ်သူတွေမှာ
နီကိုတင်း ဖြတ်တာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို မြန်မြန် ကောင်းအောင် ကူညီနိုင်ပါတယ်။ 

သွေးတိုး၊နှလုံး၊ဆီးချို၊အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ

သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို၊ အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ကင်ဆာ ရောဂါကဲ့သို့ နာတာရှည်ရောဂါများ ဖြစ်ပွားမှုနှုန်း ဆယ်စုနှစ်အတွင်း မြင့်တက်၊ လူလတ်ပိုင်းများတွင် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုလာ
သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို၊ အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ကင်ဆာ ရောဂါကဲ့သို့ နာတာရှည်ရောဂါများ ဖြစ်ပွားမှုနှုန်း ဆယ်စုနှစ်အတွင်း မြင့်တက်၊ လူလတ်ပိုင်းများတွင် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုလာ

 




ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ ကျန်းမာရေး အခမဲ့စစ်ဆေးနေမှု တစ်ခုကို တွေ့ရစဉ်




၁၀ စုနှစ်တစ်ခုအတွင်း သွေးတိုး၊ နှလုံး၊ ဆီးချို၊သွေးချို၊ အဆုတ် နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် ကင်ဆာ ရောဂါကဲ့သို့သော နာတာရှည် ရောဂါများ ဖြစ်ပွားမှုနှုန်းသည် မြန်မာနိုင်ငံတွင် မြင့်တက်လာကြောင်း သတင်းရရှိသည်။
အဆိုပါရောဂါများ ဖြစ်ပွားမှုသည် မြန်မာနိုင်ငံ၌ အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနည်းတူ လူလတ်ပိုင်းအရွယ်တွင် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုလာပြီး သက်တမ်းမစေ့မီ အသက် သေဆုံးမှုများ ရှိလာကြောင်း သိရသည်။
ယခုအခါ နှလုံးနှင့် သွေးကြောရောဂါများ (နှလုံးသွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ခြင်း)၊ဆီးချို၊ သွေးချိုရောဂါ၊ ကင်ဆာရောဂါ၊ နာတာ ရှည်အဆုတ်ပြွန်ရောင် ရောဂါများ ကို ကူးစက်မဟုတ်သော နာတာရှည် ရောဂါများ (Non-Communicable Diseases)အဖြစ် အဓိကအားဖြင့် သတ်မှတ်ထားပြီး အခြားကူးစက် မဟုတ်သော နာတာရှည်ရောဂါ အမျိုးအစားများလည်းရှိကြောင်း သိရသည်။
ကူးစက် မဟုတ်သော နာတာရှည်ရောဂါများဟု ဆိုရာတွင် လူတစ်ဦးမှတစ်ဦးသို့ ရောဂါပိုးကြောင့် ကူးစက်ခြင်းမဟုတ်ဘဲ ကျန်းမာရေး နှင့် မညီညွတ်သော လူ့ဘ၀နေထိုင်မှု ဟန်များတွင် နေထိုင်ရခြင်းများကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအဝေး ကို ကူးစက်မဟုတ်သော ရောဂါများ ဟု ခေါ်ဆိုကြောင်း သိရသည်။
________________________________________
မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသက် ၄၅ ကနေ ၆၀ အရွယ် လူလတ်ပိုင်းအရွယ်မှာ ရောဂါဖြစ်ပွားမှုတွေ့လာရတယ်။ ဒီရောဂါတွေကြောင့် သက်တမ်းစေ့ မနေနိုင်ဘဲ အသက် ၆၀ အောက်မှာ စောပြီးသေလာ တာကို တွေ့လာရတယ်။ ကျွန်တော်တို့အနေနဲ့ ရောဂါဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းလျော့ကျစေဖို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေအပြင် ကဏ္ဍ အသီးသီးက ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်လာပါပြီ
________________________________________
ယခင်က အဆိုပါရောဂါများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၌သာ အဖြစ်များပြီး အသက်အရွယ် ကြီးရင့်သူများသာ ဖြစ်ပွားတတ်ခြင်း၊ ရောဂါ များကို ကာကွယ်တားဆီး၍ မရခြင်း စသည့် အချက်များသည် မှန်ကန်ခြင်း မရှိတော့ဘဲ ယခုအခါကူးစက် မဟုတ်သည့် နာတာရှည်ရောဂါများ ဖြစ်သည့် သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို၊ အဆုတ်နှင့်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ကင်ဆာ ရောဂါများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ပါ အဖြစ်များကာ ဆင်းရဲချမ်းသာ အသက်အရွယ်မရွေး ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က sectoral Meeting on NCDs ဖွင့်ပွဲ၌ ပြောကြားခဲ့ပါသည်။
ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း ဆေးလိပ်သောက်ခြင်း၊ အဓိကအားဖြင့် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော အစားအသောက်များ စားသုံးမှုများခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းလှုပ်ရှားမှု နည်းပါးခြင်းနှင့် အရက် အလွန်အကျွံသောက်ခြင်းတို့သည် ရောဂါဖြစ်ပွားခြင်း၏ အကြောင်းရင်းများ ဖြစ်သည်။
ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများသည် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အနေဖြင့်သာ ရှုမြင်ရမည် မဟုတ်ဘဲ နိုင်ငံတစ်ခု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေနိုင်ကြောင်း၊ ကမ္ဘာပေါ်၌ သေဆုံးမှုစုစုပေါင်း၏ ၆၀ ရာခိုင် နှုန်းမှာ ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများကြောင့် သေဆုံးနေကြောင်း၊ သေဆုံးမှု၏ ၈၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ် ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများကြောင့် သေဆုံးမှုသည် ဖွံ့ဖြိုးပြီး နိုင်ငံများထက် အသက်ပိုငယ်သည့် လူများ၌ တွေ့ရှိလာရပြီး အသက် ၆၀ မပြည့်မီ ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများကြောင့် သေဆုံးသူ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဖြစ်ပွားနေကြောင်း ဒေါက်တာဖေသက်ခင် က ဆက်လက်ပြောကြားခဲ့သည်။
ဆေးတက္ကသိုလ်(၂)မှ ပါမောက္ခချုပ် ဦးတင့်ဆွေလတ်က “ကူးစက်မဟုတ် သော နာတာရှည် ရောဂါဖြစ်ပွားမှုက မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ကို နှစ်ရာခိုင်နှုန်းစီ မြင့်တက်လာပါပြီ။ ဒါ့အပြင် ရောဂါဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်း မြင့်တက်နေတဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ မြန်မာနိုင်ငံကအဆင့် ရှစ်နိုင်ငံအနေဖြင့် ၀မ်းနည်းဖွယ် တွေ့ရှိရပါတယ်။ တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အသက် ၆၅ နှစ်ကျော် မှသာ ရောဂါဖြစ်ပွားမှု ရှိနေပေမယ့် မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ အသက် ၄၅ ကနေ ၆၀ အရွယ် လူလတ်ပိုင်းအရွယ်မှာ ရောဂါဖြစ်ပွားမှုတွေ့လာရတယ်။ ဒီရောဂါတွေ ကြောင့် သက်တမ်းစေ့ မနေနိုင်ဘဲ အသက် ၆၀ အောက်မှာ စောပြီး သေလာတာကို တွေ့လာရတယ်။ ကျွန်တော်တို့အနေနဲ့ ရောဂါဖြစ်ပွား မှုနှုန်း၊ သေဆုံးမှုနှုန်း လျော့ကျစေဖို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေ အပြင်ကဏ္ဍအသီးသီးက ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့ လိုအပ်လာပါပြီ” ဟု ဆိုပါသည်။
သင်္ဃန်းကျွန်း ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် နေ့စဉ် ကုသမှုခံယူကြသည့် လူနာ ၃၀ မှ ၄၀ ကြား၏ ၆၀ ရာခိုင်နှုန်းမှာ ဆီးချို၊ လေဖြတ်ခြင်း၊ နှလုံးရောဂါ အစရှိသည့် ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများကို ပြသသူများ ဖြစ်ကြောင်း၊ ဆီးချို၊ သွေးချို ရောဂါသည် အသက် ၄၀ မှ ၆၀ အတွင်း ဖြစ်ပွားမှုရှိလာသည့်အပြင် ဆယ်ကျော်သက်လူငယ်များ၌ပါ ရောဂါ ဖြစ်ပွားမှုရှိလာကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၁၉၉၆ ခုနှစ်၏စာရင်းများအရ နှလုံးသွေးကြောကျဉ်းရောဂါ ၃၀ ရာခိုင်နှုန်း၊ ကင်ဆာရောဂါ ၁၃ ရာခိုင်နှုန်း၊ နာတာရှည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ ခုနစ် ရာခိုင်နှုန်း၊ ဆီးချို သွေးချိုရောဂါ နှစ်ရာခိုင်နှုန်း၊ ထိခိုက် ဒဏ်ရာရခြင်း ကိုးရာခိုင်နှုန်း၊ အခြားကူးစက်မဟုတ်သော ရောဂါများ ကိုးရာခိုင်နှုန်းရှိပြီး ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းသာရှိ ကြောင်း သိရသည်။
၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ရောဂါဖြစ်ပွားမှုနှုန်းမှာ ကူးစက်ရောဂါများ၊ မိခင်နှင့် ကလေးရောဂါများ ၄၄ ရာခိုင်နှုန်း၊ ကူးစက်မဟုတ်သော ရောဂါများ ၄၁ ရာခိုင်နှုန်း၊ ထိခိုက်ဒဏ်ရာရခြင်းမှာ ၁၅ ရာခိုင်နှုန်း ရှိပြီး ကူးစက်မဟုတ်သော ရောဂါများ ဖြစ်ပွားမှုနှုန်းမှာ ပိုမိုနေကြောင်း တွေ့ရသည်။
၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာချက်များအရ ကူးစက်တတ်သော ရောဂါများ ၃၅ ရာခိုင်နှုန်းဖြစ်ပွားချိန်၌ ကူးစက်မဟုတ်သော ရောဂါများမှာ ၅၄ ရာ ခိုင်နှုန်း ဖြစ်ပွားနေကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ကူးစက်ရောဂါများ၊ မိခင်နှင့် ကလေးရောဂါများ ၂၀ ရာခိုင်နှုန်း၊ ကူးစက်မဟုတ်သော ရောဂါများ ၆၀ ရာခိုင်နှုန်းနှင့် ထိခိုက်ဒဏ်ရာရခြင်း ၂၀ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်ကြောင်း  မျှော်မှန်းထားသည်။
ကူးစက် မဟုတ်သော ရောဂါများ ဖြစ်စေသည့် အကြောင်းအရာများအနက် ပြုပြင်ပြောင်းလဲ၍ရသော ဖြစ်နိုင်ခြေများမှာ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊  ပြုပြင်ပြောင်းလဲ၍ မရသည့် ဖြစ်နိုင်ခြေများမှာ အသက်အရွယ်၊ မျိုးရိုးဗီဇတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဓလေ့ထုံးစံ၊ ပတ်ဝန်းကျင် ဆိုင်ရာ အကြောင်းအရာများ၊ ကမ္ဘာ့ရွာဖြစ်လာခြင်း၊ မြို့ပြများ တိုးချဲ့ဆောက်လုပ်ခြင်း၊ စက်မှုကုန်ထုတ် လုပ်ငန်း များပြားလာခြင်း တို့သည်လည်း ရောဂါဖြစ်ပွားခြင်း၏ အကြောင်းရင်းများ ဖြစ်သည်။
“ကျန်းမာရေး အသိပညာနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် အချက် တွေ၊ ရှောင်ကြဉ်ရမှာတွေ အသိပညာ တွေသိလာကြပေမယ့် တကယ့်လက်တွေ့မှာတော့ ရှောင်ကြဉ်ဖို့ ခဲယဉ်းနေကြပါတယ်။ ကျန်းမာသော ပတ်ဝန်းကျင်ရရှိစေဖို့ ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း နည်းပါးနေတယ်။ ကူးစက် ရောဂါတွေ ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှု နှုန်းလျော့ကျလာပြီ ဆိုပေမယ့် လုံးဝ ပပျောက်သွားတာမျိုး မဟုတ်သေးတဲ့ အချိန်မှာ ကူးစက်ခြင်းကြောင့် မဟုတ်ဘဲ နာတာရှည်ရောဂါတွေ ဖြစ်ပွားမှုနှုန်းက မြင့်လာလို့ ပြိုင်တူ ကိုင်တွယ်ဖြေရှင်းဖို့ လိုလာပါပြီ” ဟု ကျန်းမာရေးဆိုင်ရာ ပညာရှင်တစ်ဦး က ဆိုပါသည်။
ထို့ပြင် ကူးစက်မဟုတ်သော ရောဂါများမှာ ရောဂါဖြစ်နိုင်ခြေ ပိုများစေသည့် အခြေအနေများ တစ်ခုနှင့်တစ်ခု ဆက်စပ်နေခြင်း၊ အချိန် ကြာမြင့်မှသာ ရောဂါလက္ခဏာများ ပေါ်လာခြင်း၊ ရောဂါမဖြစ်မီ ကာလတွင် ကာကွယ်ရန် အခွင့်အလမ်း ရှိခြင်း၊ ရောဂါ၏နောက်ဆက်တွဲ ရောဂါများကြောင့် လူစဉ်မမီဘဲ နေထိုင်ရခြင်း၊ သက်တမ်းမစေ့မီ အချိန်စောပြီးသေဆုံးနိုင်ခြင်း၊ ရောဂါ ဖြစ်ပွားမှုကြောင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေနိုင်ပြီး ဖွံ့ဖြိုးတိုးတက်ခြင်းကို နှောင့်နှေးစေနိုင်ကြောင်း သိရသည်။

အားဆေးများ ပုံမှန်မှီဝဲသူတွေ သတိထားဖို့ လိုလာပြီ


အားဆေးများ ပုံမှန်မှီဝဲသူတွေ သတိထားဖို့ လိုလာပြီ
    လူတစ်ယောက်လျှင် နေ့စဉ်သွားလာ လှုပ်ရှား လုပ်ကိုင်နေကြရာ ခန္ဓာကိုယ်အင်အား သာမက စိတ်ခွန်အားပါ လျော့နည်းလေ့ ရှိသည်။  ယင်းအတွက် ယနေ့ချိန်တွင် ယင်းအင်အားများအား အသင့်ပြန်လည် ဖြည့်တင်းနိုင်ရန် ဗီတာမင် အမျိုးအစားအလိုက် ဆေးဝါးများစွာ ပေါ်ထွက်လာနေသည်။ ထို့အတူ ရွေးချယ် သောက်သုံးနိုင်လာကြပြီး သို့သော် မိမိခန္ဓာကိုယ်တွင် လိုအပ်သော ဗီတာမင် တစ်မျိုးအတွက်သာ ထုတ်ထားသော ဆေးဝါးများအား လွဲမှားစွာ ဝယ်ယူ သောက်သုံးမိသောကြောင့် မလိုလားအပ်သော ရောဂါများ ဖြစ်ပွားနေသည်ကို တွေ့မြင်နေကြရသည်။ ကျန်းမာရေး ဆရာဝန်များ ညွှန်ကြားချက်နှင့် အတူဝယ်ယူ သောက်သုံးခြင်းမျိုး မရှိသည့်အတွက် ယင်းကဲ့သို့သော ရောဂါအန္တရာယ်များ ဖြစ်ပွားလာခြင်း ဖြစ်သည်။ မိမိ ခန္ဓာကိုယ်တွင် လိုအပ်သော ကျန်းမာရေးအရ အားဆေးများ ဝယ်သောက်ရာ၌ အထူး အရေးကြီးလာသည်။
     “လူတစ်ယောက်မှာ အစားအသောက် စားတာပဲဖြစ်ဖြစ်၊ ဆေးဝါးမှီဝဲတဲ့ နေရာမှာပဲဖြစ်ဖြစ် အလွန် ဂရုစိုက်ရပါတယ်။ ထင်နေကြတာက အားဆေး သောက်ရမယ်ဆို ဝယ်တော့ သောက်တယ်။ ကိုယ်နဲ့ သင့်လျော်တဲ့ အားဆေးလား ဆိုတာတော့ မမေးကြဘူး။ မတွေးကြဘူး။ အခုနောက်ပိုင်း ဗီတာမင် လွန်ကဲမှုကြောင့် ရောဂါ ဖြစ်ပွားမှုနှုန်းတွေ မြင့်လာနေတာကို တွေ့ရတယ်” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်မကြီး တစ်ဦးက ဆိုသည်။ ထို့အပြင် လာရောက်ကုသသော လူနာများတွင် (၃၀)ရာခိုင်နှုန်းသည် ဗီတာမင် လွန်ကဲမှုကြောင့် ဖြစ်ပွားသော ရောဂါများအား တွေ့ရပြီး ဗီတာမင်များ၏ ကောင်းကျိုး၊ ဆိုးကျိုးများအား သိရှိမှု ဗဟုသုတ အားနည်းခြင်းကြောင့် ယင်းကဲ့သို့ ရောဂါများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။ “လက်ရှိ မြန်မာနိုင်ငံမှ ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင် မိခင်တွေမှာ သံဓာတ် ချို့တဲ့တာ အဖြစ်များနေတယ်၊ ဒါတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေကြတယ်။ ဒါ့အပြင်ကို တချို့ ဒေသတွေမှာ များသောအားဖြင့် မြစ်ဝကျွန်းပေါ်လို ဒေသမျိုးတွေမှာ သံဓာတ် လွန်ကဲမှုတွေကြောင့် ရောဂါ ဖြစ်ပွားနေတာတွေကို တွေ့ခဲ့ရတယ်။ ခန္ဓာကိုယ်မှာ သင့်လျော်သော ပုံမှန် အနေအထားထက် မလွန်ကျွံမိစေဖို့ နည်းပညာတွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေဖို့ လိုလာပြီ” ဟု နယ်များသို့ သွားရောက် ဆေးကုသ ပေးနေသော စေတနာ့ဝန်ထမ်း ဒေါက်တာ ဦးမြလွင်က ဆိုသည်။

ကျေးလက်နေ ပြည်သူများ သာမက မြို့ပြနေ ပြည်သူများတွင်လည်း ယင်းအသိပညာ အားနည်းနေသေးပြီး၊ အလွယ်တကူ ဝယ်ယူ သောက်သုံးမိခြင်းများကြောင့် ရောဂါ အန္တရာယ်များ ရှိနေလေသည်။ သံဓာတ် လွန်ကဲပါက ခန္ဓာကိုယ်တွင် အသည်းခြောက်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ အရေပြား ရောင်ရင့်လာခြင်းများ ဖြစ်ပွားကြောင်း သိရှိရသည်။ “ကိုယ့်ဆန္ဒနဲ့ကိုယ် အားဆေး ဝယ်သောက်မယ်ဆိုရင် ကိုယ်နဲ့ ကိုက်ညီမယ့် ဗီတာမင် ပါဝင်လား၊ လိုအပ်တာကိုပဲ ဝယ်ပြီး သောက်သင့်ပါတယ်။ ကျန်းမာရေး ဆရာဝန် တစ်ဦးရဲ့ အကြံပြုချက် ယူရင်တော့ အကောင်းဆုံးပေါ့” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်မကြီးက ဆိုသည်။ ဗီတာမင်အေ ချို့တဲ့မှုသည် များသောအားဖြင့် ကလေးသူငယ်များတွင် တွေ့ရလေ့ရှိပြီး ဗီတာမင်အေ လွန်ကဲပါက ဆံပင်ကျွတ်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးများရောင်ခြင်း၊ အရေပြားဝါခြင်းများ ဖြစ်တတ်ကြောင်း သိရှိရသည်။ အားဆေး အများစုတွင် သံဓာတ် အများဆုံး ပါဝင်လေ့ရှိရာ ဝယ်ယူ သောက်သုံးပါက ပါဝင်သော သံဓာတ်ရာခိုင်နှုန်းကြည့်၍ လိုအပ်မှသာ သောက်သုံးကြရန် ဆေးလောက အသိုင်းဝိုင်းက သုံးသပ် ပြောကြားသည်။

“ဆေးသုတေသန တွေ့ရှိချက် အရတော့ ဗီတာမင် ချို့တဲ့တာတွေကို ကျေးလက်တွေမှာ တွေ့မြင်နေရတယ်၊ လွန်ကဲတာတွေကြတော့ မြို့ပေါ်နေ ပြည်သူတွေမှာ တွေ့နေရတယ်၊ ရာခိုင်နှုန်းအရ ကြည့်ရင် ချို့တဲ့သူတွေ ပိုများတယ်” ဟု ဆေးသုတေသန ပညာရှင် တစ်ဦးက ဆိုသည်။ အားဆေး အလွန်အကျွံ သောက်သုံးမှုများသည် အနောက်နိုင်ငံများတွင်လည်း ပြဿာနာ တစ်ခုသဖွယ် ရှိနေပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၌ ယင်းစစ်တမ်းများ၊ အကြံပြုချက်များဖြင့် ဖြေရှင်းရေး နည်းလမ်းများ ရှာဖွေလျက်ရှိကြောင်း စုံစမ်း သိရှိရသည်။ လူ့ခန္ဓာကိုယ်တွင် သွပ်ဓာတ်သည် မရှိမဖြစ် လိုအပ်သလို အလွန်ကျွံ သောက်သုံးပါက ယင်းဆေးဝါး အတွင်း၌ ပါဝင်သော သွပ်ဓာတ်သည် အစာအိမ်လမ်းကြောင်း ကသိကအောက်ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်ပွားကြောင်း၊ သတ္ထုဓာတ် ပါဝင်သော အားဆေးများအား လွန်ကျွံစွာ သောက်သုံးမိပါက သွားများ အရောင်ပြောင်းခြင်း၊ အရိုးအဆစ်များ ကြီးခြင်း၊ ခန္ဓာကိုယ်အတွင်း စွမ်းအင်ထုတ်လုပ်မှု လျော့ကျခြင်းများ ဖြစ်ပွားလေ့ ရှိသည်။ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်ဘီစစ်၊ ဗီတာမင်ဒီ၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်ဘီတွဲဟု ခေါ်သော ဖောလစ်အက်ဆစ်၊ သံဓာတ်၊ သွပ်ဓာတ်၊ သတ္ထုဓာတ်၊ ထုံးဓာတ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ အိုင်အိုဒင်း စသည်ဖြင့် ခန္ဓာကိုယ် အချိုးအစား မျှတစွာ ပါဝင်ရန် အလွန် အရေးကြီးလှသည်။

“ကျွန်တော့် အဖွားက အားဆေး ပုံမှန်သောက်တယ်၊ သားသမီး၊ မြေးတွေကလည်း လစဉ် ဝယ်ပေးတယ်။ အဖွား နေမကောင်းလို့ ဆရာဝန် ပြချိန်မှာ ကျောက်ကပ်မှာ အဆိပ်သင့်တာတဲ့၊ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာ ဆရာဝန် မေးကြည့်တော့ ဗီတာမင်ဒီတွေ ခန္ဓာကိုယ်ထဲမှာ အရမ်းများနေလို့ ပြောတယ်။ ပုံမှန် ဝယ်တိုက်တဲ့ အားဆေးကို ကြည့်လိုက်တော့ ဗီတာမင်ဒီ ပါဝင်မှု များနေတာ တွေ့ရတယ်” ဟု ရန်ကုန် ပြည့်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူနေသော လူနာရှင် တစ်ဦးက ပြောသည်။ ဗီတာမင်ဒီ ပါဝင်သော အားဆေးများ လွန်ကဲစွာ သောက်သုံးမိပါက ကယ်လစီယမ်ဓာတ် များလွန်းပြီး ကျောက်ကပ်အတွင်း စုပုံ အဆိပ်သင့်မှု ဖြစ်ပွားကြောင်း သိရှိရသည်။ ထို့အပြင် မဂ္ဂနီစီယမ် များပြားစွာ ခန္ဓာကိုယ်တွင် ရှိနေပါက အသက်ရှူစနစ် ထိခိုက်ခြင်းများ၊ အရွတ်ဆိုင် တင်းခြင်းများ ဖြစ်ပေါ်ပြီး အသက် သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။ ယင်းအတွက်ကြောင့် အားဆေး များစွာတွင် ပါဝင်သော ဗီတာမင်များသည် ခန္ဓာကိုယ်တွင် လိုအပ်သည်ထက် များပြားပါက မလိုလားအပ်သော ရောဂါများ ဖြစ်ပွားစေတတ်သောကြောင့် အားဆေး သောက်သုံးသူများအဖြစ် ရွေးချယ် သောက်သုံးသင့်သလို ကျန်းမာရေး ဆရာဝန်များနှင့် တိုင်ပင်ပြီးမှသာ စွဲမြဲစွာ သောက်သုံးသင့်ပေသည်။ မြန်မာနိုင်ငံအတွင်း ရောဂါ ဖြစ်ပွားမှုနှုန်းတွင် အားဆေး အလွန်အကျွံ သောက်သုံးသောကြောင့် ဖြစ်ပေါ်လာသော ဝေဒနာရှင်များ ၃၀ ရာခိုင်နှုန်း ကျော်လာသည့် အတွက် အားဆေး ပုံမှန် သောက်သုံးသူများ အထူး သတိထားရန် လိုပါသည်။ တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုသည့်အတိုင်း အားဆေးများ ဝယ်ယူ သောက်သုံးရာတွင် များစွာ သတိထား ဆင်ခြင်သင့်ပေကြောင်း
ရေးသားတင်ပြရပါသည်။                                  

အရိမေတ္တေယျဘုရားအားဖူးမျှော်လိုလျှင်

ကျွန်တော်တို့နထိုင်သောဟောဒီကမ္ဘာမှာဘုရားငါးဆူပွင့်မယ်လို့မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေး
ဆူပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာအရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။
ဗုဒ္ဓဘာသာတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ်အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့
တရားတော်အားနာကြားပြီးရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။
အဲ ဒီအတွက် ကျွန်တော်တို့ ဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်းလိုက်လုပ်ဖို့လိုပါတယ် …သုံးချက်ထဲပါ
၁။ မကောင်းမှု ကိုရှောင်ရမယ် ။

၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။

၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။

ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ
သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ
အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်းနောင် အနာဂတ်ကာလမှာ
အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော်မူပါတယ်။
အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း
ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။

နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း

အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက်
ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင်
ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။
ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-

(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ
အနှစ်တစ်ရာတန်းမှစပြီးအထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀
အထက်)

(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း

(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ

(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး

(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း

ပဋိသန္ဓေယူုခြင်း

ကေတုမတီပြည် သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သောအတိတ်အနာဂတ်ကိုသိမြင်နိုင်ပြီး
ပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော
သုဗြဟ္မပုဏ္ဏားကြီး၏ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော်
ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင်
သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက်မေတ္တေယျကိုဖွားတော်မူလိမ့်မည်။
ဘုရားလောင်းနဲ့အတူတစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော်
၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။

အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။
ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး
ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။
ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး “ယခုဘဝကား
ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ
အာသဝေါကင်းသည်ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့”
ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင်ပေါ်လာခြင်း

အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့
လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့
အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်းလင်းပြောင်တဲ့
တင့်တယ်ခံ့ညားသောပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလိမ့်မည်။

ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့
တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသော
နဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ
ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ
ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက
ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀
ရှိမယ်။

ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။
ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား
မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး
ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။
ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း
တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ
မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ
ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။

အဇိတမင်းသားအိမ်ထောင်ပြုခြင်း

အချိန်တန်လို့အရွယ်ရောက်တဲ့အခါ
စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း
သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား
စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့
နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ
အရောင်တဝင်းဝင်းထိန်နေမယ်။

အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ
ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှ
သင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က
ရှင်ဘုရင်တွေနတ်သားတွေက
ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။

အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ
ဆင်မြင်းရဲမက်ဗိုလ်ပါတွေရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော်ဖွားမြင်ခြင်း

အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ
အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့
သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။

နိမိတ်လေးပါးမြင်ခြင်း

ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့
ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း
နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့
တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။

ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏
ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး
သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။
ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။

အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ
အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော
ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး
သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး
နေကြလိမ့်မယ်။

နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက်
ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့
အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ
ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။

အဇိတမင်းသားတောထွက်တော်မူခြင်း

အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ
တိုင်းသူပြည်သား လုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက်
ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့
နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ
မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ
စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့
ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။

တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ
ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း
စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့
တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့
ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့်
တောထွက်သွားကြလိမ့်မယ်။

နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း

ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ
ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော
လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။

သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက
ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။
လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့
ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက
ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏
တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။
ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။

ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက
ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့
မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့်
ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။

အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။
ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ
ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို
ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။

စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။

သဗ္ဗညုတဥာဏ်ရသည့်အချိန်

ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး
ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့
ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ်
ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့
လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ
ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။
မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့
နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး
သဗ္ဗညုတဥာဏ်ကိုရမယ်။

ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့
အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။
ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။

ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး
ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ
ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။
ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း
ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။

ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း

အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန်
လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့
ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။

ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့
ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ
လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ
အလေးဂရုပြု ကိုးကွယ်နေကြတာ။

တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု
ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို
အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု
ယူလိုက်တာလို့ခေါ်တယ်။

ဓမ္မစကြာတရားဟောကြွခြင်း

ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့
ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ
မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့
ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။
လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး
အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော်
ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း
နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။

ဘုရားရှင်၏တန်ခိုးတော်

ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း
ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့်
ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည်
ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင်
နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။
အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး
ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့
ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။

ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန်
ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ
အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ
မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့
ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ
လိုက်ပါနေမှာ။

ရုပ်မြင်သံကြားမေတ္တေယျဘုရား

အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ်
အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့
တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။
ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း
မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။
ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ
ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး
ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့
ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင်
အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။

အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို
မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော
အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။

အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ
အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ
ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။
အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက်
ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။
ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။

စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။
ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။

နေ့ညခွဲမရ

အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ
ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း
ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး
နေ့ညခွဲယူရလိမ့်မယ်။

ပရိနိဗ္ဗာန်စံမည့်အရွယ်

မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော
ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ
ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က
အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင်
ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။

ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့
ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက
ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။

အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီးပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး
အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။

သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့
ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ
ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊
နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။

အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ်

ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ

ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ်
မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း
ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ်
မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ
စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ်
သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ်
ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း
ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ်
ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ်
ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ်
ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာြး့ပုပြင်သောပုဂ္ဂိုလ်
အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ်
ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ်
ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်….

အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ
အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။

အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့…..

မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည်
ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း
စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို
ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍
ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို
မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား
အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။ 
 
                                                                        ရေးသားသူ လေလွင့်သူလေး ,

အသက်၂၁မတိုင်ခင်အရက်သောက်ခြင်းသည်

အသက်   ၂၁   နှစ်အရွယ်မတိုင်မီ   အရက်သောက်ခွင့် ရသည့်နေရာ၌ကြီးပြင်း   လာသောလူငယ်များသည်
ဤကဲ့သို့ သုံးစွဲ၍ မရသော နေရာများ၌ကြီးပြင်းလာရသူများထက် အရွယ်ရလာလျှင် အရက်ကြောင့်ဖြစ်သော
လူမှုရေး၊ကျန်းမာရေး ဆိုင်ရာ ပြဿနာ များ ပိုမိုကြုံ တွေ့ရကြောင်း     ၀ါရှင်တန်တက္ကသိုလ်စိတ်ပညာဌာနမှ
အမျိုးသမီး သုတေသန ဦးဆောင်  ညွှန်ကြားရေးမှူး      ဒေါက်တာကာရန်နော်ဘက်ဂ်    ၏ ပြောကြားချက်ကို
ကိုးကား၍BBCသတင်းတစ်ရပ်ကဖော်ပြထားသည်။“ အရွယ်မတိုင်ခင်အရက်သောက်တဲ့ သက်ရောက်မှုဟာ
ပျောက်ပျက်မသွားပါဘူး ၊ အသက်၂၁ နှစ် အောက်အရက် မသောက်ရ တဲ့ တားမြစ်မှုဟာစိတ်ပညာ
ဆိုင်ရာတွေ့ရှိချက်နှင့်ဆက်စပ်ပါတယ်”ဟုအဆိုပါပညာရှင်က.ရှင်းပြသည်။ ဒါက်တာ ကာရန်နော်ဘက်ဂ်နှင့် သူမ၏ သုတေသန အဖွဲ့သည် ၁၉၄၈ မှ၁၉၇၀ အကြားမွေးဖွားခဲ့ကြသောလူပေါင်း ၄၃၀၀၀ ကျော်ကို သုတေသန ပြုခဲ့ကြရာအရက်စွဲမှု များနှင့် အရက်ကြောင့် ဖြစ်သောနောက်ဆက်တွဲ ဆိုးကျိုး ဖြစ်ပွားမှု
နှုန်းများသည်၎င်းတို့ပထမဦးဆုံးအရက်သောက်ဖူးသောအရွယ်ငယ် ရွယ်လေပိုများလေဖြစ်ကြောင်းတွေ့
ရှိခဲ့ရသည်။ ယခင်က အမေရိကန် ပြည်ထောင်စုအချို့ပြည်နယ် ဥပဒေများတွင် အသက် ၁၈ နှစ်ကျော် လျှင်အရက်သောက်နိုင် ကြောင်းခွင့်ပြုထားပြီး ဖြစ်သော်လည်း ဗဟို အစိုးရ၏ ဖိအားပေးမှုကြောင့် အရက်
စတင်သောက်နိုင်သော အသက် ကို ၂၁ အရွယ်တွင် အရက်ဆိုင်ထိုင်ဖူးသောစစ်တမ်းဖြေဆိုသူများ၏ ၃၃ ရာခိုင်နှုန်းသည်သာမန်၂၁နှစ်နောက်ပိုင်းအရက်သောက်သူများ ထက် ပိုမို မြန်ဆန်စွာ အရက်စွဲသွားကြသည်ဟု ထိုစစ်တမ်းကသက်သေပြထားသည်။

Weight loss ပိန်ချင်သလား

ရေးသားသူ 2mz ,

Q: ဝတဲ့လူက ပိန်ချင်တယ် ပိန်တဲ့လူက ဝချင်တယ်။ ပိန်တဲ့နည်းတွေ သိပေမဲ့ မလိုက်နာနိုင်ဘူး။ ဘယ်လိုလုပ်ရမလဲ။

A: ဒီအမေးမျိုးက “ဘာဖြေလာမလဲ ဆိုတာတောင်ရိပ်မိနေသူတွေက မေးတာမျိုး” ဖြစ်တတ်
တယ်။ မေးကြသူ အရေအတွက်လည်း မရေမတွက်နိုင်အောင် များပါတယ်။

ဒီတော့ဖြေတဲ့သူကလည်း လူပါး ၀လိုက်ရမှာဘဲ။ “ခေါင်” က စ, ကိုင်မယ်။ “ဒုက္ခ ဆင်းရဲခြင်း၊ အနစ္စ အမြဲမရှိခြင်း၊ အနတ္တ အစိုးမရခြင်း၊” ဆိုတာကို တရားနာသူ မှန်သမျှ၊ တရားစာအုပ်ဖတ်သူ မှန်သမျှ သိကြတယ် မဟုတ်လား။ ကျွန်တော်လဲ ပါတယ်နော်။ ကျွန်တော်တို့မှာ ဘာလို့ တရားမရကြသလဲ ဆိုတော့ သိဒတ္ထမင်းသား ၂၉ နှစ်သားက သိသလို၊ ထင်သလို၊ လုပ်သလို၊ မဟုတ်ကြလို့ဘဲ။

လေးတာကို ပြောပြီးနောက် ခပ်ပေါ့ပေါ့ ပြောပါမယ်။ မလိုက်နာချင်သူမျိုးဟာ လိုက်နာဘို့ လိုလောက်အောင် မ၀သေးလို့လဲ ဖြစ်နိုင်တတ်။ “လှလို့ ၀လို့” ဆိုတာလည်း အလွန် နားဝင်ချိုလှတဲ့ နုတ်ခွန်းဆက်ဘဲ မဟုတ်ပါလား။ နောက်မျိုးက “ရချင်တာမရ ဆိုတာလဲ၊ မရှိသေးလို့ဘဲ” နေမှာပေါ့။

ဆရာမတယောက် ရှိတယ်။ သူလဲ နဲနဲဝတယ်။ သူကိုယ်တိုင် ပြောလို့ ပြောတာပါ။ ၀တာထက် သွေးဖိအား များနေတာမို့ ဆေးလဲပေး၊ နည်းလဲညွှန် လုပ်တယ်။ အငန်၊ အဆီ၊ အချို လျော့စား၊ လေ့ကျင်ခန်း များများလုပ် စသဖြင့်ပေါ့။ လိုက် မလုပ်ဖြစ်တာတွေကိုလဲ သူကိုယ်တိုင်ဘဲ၊ ရိုးရိုး သားသား ပြောပါတယ်။ ဒီတော့ “အေးကွာ ၀တဲ့လူတိုင်း အပျိုကြီး မဖြစ်ကြပါဘူး” လို့ ပြောထားလိုက်တယ်။ သူနဲ့ ဖူးစာပါသူကနေ “၀ိတ်လျော့ပါလား” လို့ ပြောလာရင်တော့၊ ဆရာဝန် ချွတ်လို့ မကျွတ်သူ၊ ကျွတ်သွားစရာ ရှိမလားလို့ပေါ့။

ဒီနည်းနဲ့မရ အပျိုကြီးဘ၀ နှစ်ခြိုက်နေသူဆိုရင်၊ တမျိုးပြင် သင်ရအုံးမယ်။ “ဒီလူနာက ၀ပြီး၊ အဆီများနေလို့ ဒီရောဂါ ဖြစ်တာကွ” ပေါ့။ သွန်သင်တယ်၊ ဆုံးမတယ်၊ ပညာပေးတယ်၊ ဆိုတာမှာ နည်းမျိုးစုံ လုပ်ရတာ။ ချော့တန် ချော့။ ခြောက်တန် ခြောက်။ မြှောက်တန် မြှောက်။ ငေါက်တန် ငေါက်။ ဘုရားက ချွတ်မရသူလည်း ရှိခဲ့သလို၊ ဒီဆရာနဲ့မရ နောက်ဆရာကြမှ ကျွတ်ရသူတွေလဲ ရှိတယ်။ ဒီတော့ နောက်ဆရာ ရေးတာ ရှာဖတ်ပါလေ။

အရပ် 5'-6" (1.675 m) ရှိတဲ့ မိန်းကလေးဟာ အလေးချိန် 58.9 Kg (129.58 Lb) - 63.5 Kg (139.7 Lb) လို့ နိုင်ငံတကာ စံညွှန်းက ဆိုပါတယ်။ 123 Lb ရှိသင့်တယ်လို့ နောက်တနည်းက အဖြေပေးပါတယ်။ ဒီဂဏန်း အားလုံးက အနောက်နိုင်ငံတွေ အတွက်ပါ။ အာရှမှာဆို ဒီထက် နည်းတာတောင် ပုံမှန်ဖြစ်မယ်။

ပိန်ဆေးထဲမှာ လူသုံးများတာကတော့ Sibutramine ဖြစ်တယ်။ အိန္ဒိယမှာတော့ ကုဋေ ၂၀၀ ကိုယ်အလေးချိန်ကျဆေး ဈေးကွက်ထဲမှာ (Meridia) နာမည်နဲ့ ရောင်းနေပါတယ်။ အမေရိကားနဲ့ ဥရောပမှာတော့ ဒီဆေးကို ရောင်းခွင့် ပိတ်လိုက်ပါပြီ။ နှလုံးရောဂါ ဖြစ်စေနိုင်လို့ပါ။

ကလိုရီများတာတွေ ငါးရက်လောက် လျော့စား၊ တနေ့ကို ငါးမိနစ်လောက် ချွေးထွက်အောင် လေ့ကျင်မှု တခုခုလုပ်ပြီး၊ “ငါပိန်ရမယ်၊ ငါပိန်ရမယ်၊” ဆိုပြီး တနေ့ ငါးခါ ရွတ်ပါ။ ငါးကျပ်သား မဟုတ်ဘူး၊ ငါးပေါင် ကျရမယ်လို့ သန္နိဋ္ဌာန်ချပါခင်ဗျား။

Asiatic Pennywort မြင်းခွာရွက်

ရေးသားသူ SaiKoThu ,
မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ မြန်မာတွေသာမကာ တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။ Sanskrit သင်္သကရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။

အများဆုံး Indian Pennywort လို့ ခေါ်တယ်။ နာမယ်တော့ India ပေမဲ့၊ လက်တွေ့မှာတော့ တရုပ်ပါ။ မူဆယ် ၁၀၅ မိုင် နယ်စပ်ကနေ ၂၀၀၈ အောက်တိုဘာလအတွင်း ဆေးမြင်းခွာ ၀ ဒသမ ၅၅ တန် တဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့တယ်လို့ ဖတ်ရတယ်။

မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။
1. အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။
2. အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။
3. ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
4. အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5. အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။
6. အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ၀မ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။
7. အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
8. အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။
9. ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့ ပျောက်၏။
10. အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အ၀တ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေ၏။

အရှေ့တိုင်းဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။

ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ၀မ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ၀က်ရူးပြန်၊ Nervous debility အာရုံကြော မကောင်းတာ၊ Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ၀မ်းကိုက်၊ Eczema နှင်းကူနာ၊ ရောဂါတွေအတွက် ပေးပါသတဲ့။

သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေပါသတဲ့။ ဒီစာဖတ်ပြီး မြင်းခွါရွက် ဈေးမတက်ကောင်းပါရဲ့။

ကြက်သွန်ဖြူ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းသတ္တိများ

ကြက်သွန်ဖြူ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းသတ္တိများ

ရေးသားသူ SaiKoThu ,
ကြက်သွန်ဖြူ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းသတ္တိများ
ကြက်သွန်ဖြူဟာ နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးရှိကြောင်းတော့
သိပြီးကြမှာပါ။ ဒါ့အပြင် တခြားအစွမ်းသတ္တိတွေလည်း ရှိပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်မှု သက်သာစေခြင်း---
ခရမ်ဘယ်ရီဖျော်ရည်ကသာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတာ မဟုတ်ပါဘူး။
ကြက်သွန်ဖြူပါဝင်တဲ့ အစားအစာဟာလည်း သဘာဝပိုးသေစေတဲ့ အာနိသင်ရှိတဲ့အတွက်
ဆီးလမ်းကြောင်း ကျန်းမာစေပါတယ်။

ကင်ဆာရောဂါ သက်သာစေခြင်း---
အမေရိကန် ကင်ဆာသုတေသနဌာနရဲ့ အာဟာရပညာရှင်တွေက ကြက်သွန်ဖြူအစိမ်းကို
ကြိတ်ခြေပြီး ဒါမှမဟုတ် နုပ်နုပ်စဉ်းပြီး ၁၀-မိနစ်လောက်ထားတာဟာ
ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သွန်ဖြူထက် ကင်ဆာတိုက်ဖျက်ပေးတဲ့
ဆာလဖာဒြပ်ပေါင်းကို သုံးပုံလောက် ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်
ကြက်သွန်ဖြူကို လှီးပြီး အရွက်သုပ်ထဲ ထည့်စားပါ။

အရွယ်တင် ရုပ်နုပျိုစေခြင်း---
ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Allicin ဓာတ်ဟာ သွေးထဲက အင်တီအောက်စီးဒင့်
အင်ဇိုင်းတွေကို များပြားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့်
ရရှိလာတဲ့ နီကိုတင်းရဲ့ မကောင်းတဲ့ အာနိသင်ကိုရော၊
အိုမင်းစေတဲ့ဖြစ်စဉ်ကိုပါ လျော့ပါးစေပါတယ်။
အအေးမိရောဂါ သက်သာစေခြင်း---
နှာစေးခြင်း၊ နှာပိတ်ခြင်းလို အအေးမိရောဂါရဲ့ အစပျိုးလက္ခဏာတွေ
ခံစားရတဲ့အခါမှာ ကြက်သွန်ဖြူကို အသုံးပြုနိုင်ပါတယ်။ အခွံမခွာရသေးတဲ့
ကြက်သွန်ဖြူနှစ်မြွာကို ၂၅-စက္ကန့်လောက် မိုက်ခရိုဝေ့ဖ် မီးဖိုထဲ ထည့်ပြီး
အအေးခံပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး စားပါ။ ကြက်သွန်ဖြူထဲက
ဆာလဖာဒြပ်ပေါင်းဟာ ခုခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ပိုးဝင်မှုကို
တွန်းလှန်နိုင်ပါတယ်။

ခြေထောက်ယားယံမှု ကင်းဝေးစေခြင်း---
ကြက်သွန်ဖြူမှာ အစွမ်းထက်တဲ့ ဖန်းဂပ်စ်မှို သေစေတဲ့ အာနိသင်ရှိပါတယ်။
ကြက်သွန်ဖြူကို ရေနွေးထဲ ထည့်ပြုတ်ပြီး အအေးခံကာ ရေဇလုံကြီးကြီး
တလုံးထဲထည့်ပါ။ အဲဒီအရည်ထဲ ခြေထောက်စိမ်ပေးရင် ခြေထောက်ယားယံတာ
သက်သာစေပါတယ်။

Gmail၏သမိုင်းကြောင်း

Gmail၏သမိုင်းကြောင်း

ရေးသားသူ လေလွင့်သူလေး ,
2004 March
ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB
အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April
Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့်
အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ
တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail ၏ ကမ္ဘာသက်ဝင်လှုပ်ရှားလာခဲ့တော့သည်။
2005 Jan
Hacker များ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို
Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့်
ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ Service ကို
လူများစွာ စိတ်ဝင်စားကြောင်း ယုံကြည်သွားခဲ့သည်။
2005 Apr
သိုလှောင်မှုပမာဏကို 2 GB အထိ မြှင့်တင်ပေးခဲ့ပြီး စာပို့သောနေရာတွင် Plain Text အဆင့်မှ HTML
အဆင့်သို့ တိုးမြှင့်ပေးခြင်း၊ Font ပြောင်းလဲနိုင်ခြင်းအပါအ၀င် Feature
အသစ်များကို ထပ်မံပေါင်းထည့်ခဲ့သည်။
2005 May
ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော ဘာသာစကားများကိုပါ Gmail တွင်
ပေါင်းစပ် ထည့်သွင်း အသုံးပြုနိုင်စေရန် ပြုလုပ်နိုင်ခဲ့သည်။
2005 Jun
တစ်ကမ္ဘာလုံးတွင် Gmail Account 1.2 သန်းခန့်ရှိလာခဲ့ကြောင်းကို ကမ္ဘာကျော် Popular Science
မဂ္ဂဇင်းကြီးမှ Gmail ၏ ထုတ်လုပ်မှုမန်နေဂျာကို စစ်တမ်းကောက်ယူပြီး
ဖော်ပြပေးခဲ့သည်။ လကုန်ပိုင်းတွင် ဖင်လန်၊ ပိုလန်နှင့် ဆွီဒင်ဘာသာစကားများကို ထပ်မံထည့်သွင်းခဲ့သည်။
2005 July
Gmail အသုံးပြုနေစဉ်တွင် Inbox အတွင်းမှနေ၍ Google Search Engine ကို
အသုံးပြုနိုင်သည့် Service ကို ထည့်သွင်းခဲ့ပြီး Gmail ၏
သိုလှောင်မှုပမာဏမှာ 2 GB အကျော်ထိ ရောက်ရှိခဲ့ပြီး တစ်နေ့တွင် 14 MB နှုန်း
သိုလှောင်မှုပမဏာကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးသည့်စနစ်ကို စတင်သုံးစွဲခဲ့သည်။
2005 Aug
အချို့သော User များကို 100 Invitation ပေးအပ်ခဲ့သည်။ ယုံကြည်စိတ်ချရသော Developer
များနှင့် Programmer များကို Invite ပြုလုပ်ခွင့် 1000 အထိ ရရှိခဲ့သည်။
ဂရိ၊ ဟန်ဂေရီ၊ အင်ဒိုးနီးရှား၊ ဗီယက်နမ် စသော ဘာသာစကား ၁၂ မျိုးအထိ ထပ်မံပေါင်းထည့်ခဲ့သည်။
2005 Aug 24
Mobile ဖုန်းများတွင် Text Message ပေးပို့နိုင်ရန်အတွက် Gmail မှတစ်ဆင့်
အသုံးပြုနိုင်ရန် စတင်ပြုလုပ်ပေးခဲ့သည်။ အမေရိကန်တွင် Invitation
ကုတ်ဖြင့် Gmail Mobile များကို Tex Message များ ပေးပို့နိုင်သည်။
ထိုကဲ့သို့ပေးပို့ခြင်းတွင် Web ပေါ်တွင်သုံးသော Gmail ကဲ့သို့ Spam
များကို ရှင်းလင်းသေသပ်စေသည်။ https စနစ်ကို ဂရုတစိုက်သုံးစွဲသည့်အတွက်
လုံခြုံရေးပြည့်ဝပြီး လူကြိုက်များလာခဲ့သည်။ အချို့သော ISP Mail များအတွက်
စိတ်တိုင်းကျ Customize လုပ်ခွင့်ကို ပေးအပ်ခဲ့သည်။
2005 Sep
ချက်၊ ဟင်ဒီ၊ ထိုင်း၊ တူရကီ စသော ဘာသာစကား ၉ မျိုး ထပ်မံပေါင်းထည့်ခဲ့သည်။
2005 Oct
အင်္ဂလန်တွင် ရှိသော gmail.com ကုမ္ပဏီတစ်ခုနှင့် နာမည်ကိစ္စ စကားပြောဆိုခဲ့ရပြီး
Username@gmail.com နေရာတွင် Username@google.com အဖြစ်
အချို့နေရာများတွင် ပြောင်းလဲပစ်ရန် သဘောတူညီခဲ့ရသည်။
2005 Dec
ဆက်သွယ်နိုင်သောအုပ်စုများ (Contact
Group)၊ သူငယ်ချင်းများ၊ ၀န်ထမ်းများ (Co-Wokers) စသော Feature
အသစ်များကို ထပ်မံပေါင်းထည့်၍ သုံးစွဲသူတစ်ဦးအနေဖြင့် gmail ကို
စိတ်တိုင်းကျ ထိန်းသိမ်းကွပ်ကဲ နိုင်စေရန် ပြုလုပ်ပေးခဲ့သည်။
2005 Dec 16
Gmail Mobile အသစ်တစ်ခုထပ်မံထုတ်လွှင့်ခဲ့သည်။ အဆိုပါ http://m.gmail.com သည်
Gmail Mobile များအတွက် အထူးဝက်ဆိုက်ဖြစ်ပြီး Source Forge
အဖွဲ့အစည်းမှနေ၍ Gmail Mobile 1.0 ကို Open Source အနေဖြင့်
ရေးသားပေးခဲ့သည်။
2006 Jan
Menu bar
တွင် Delete button ကို ပေါင်းထည့်ပေးခဲ့သည်။ အဆိုပါ Bottom သည် Gmail
စစထွက်ချင်းတွင် မပါဝင်ခဲ့၍ သုံးစွဲသူတိုင်းက ဝေဖန်ခဲ့ကြသည်။
2006 Feb
သုံးစွဲသူတိုင်း၏ Chatting စကားပြေဆိုမှုများကို မှတ်သားထားနိုင်ရန် Chat History ကို ပေါင်းထည့်ပေးခဲ့သည်။
2006 Mar
Gmail for your domain ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Gmail သည် တစ်နှစ်လျှင် ၂၅
ဒေါ်လာဖြင့် ၀ယ်ယူသုံးစွဲရပြီး အဖွဲ့အစည်းများအတွက် အလွန်ကောင်းမွန်သော ၀န်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။
2006 Apr
Google Calendar Service ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။
2006 Nov
Java Application များဖြင့် အသုံးချနိုင်သော Gmail ကို Mobile ဖုန်းများပေါ်တွင်
အလုပ်လုပ်နိုင်စေရန် အထူးသဖြင့် ဓာတ်ပုံများ၊ Document များ၊ Attachment များကို ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။
2007 Jan
Docs & Spread Sheets ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူ
register ပြုလုပ်၍ သုံးစွဲနိုင်ရန် Gmail ကို Invite ဖြုတ်ပေးခဲ့သည်။
2007 Feb
IMAP Access ကို ပြုလုပ်နိုင်စေရန် စတင်ကြော်ငြာခဲ့ပြီး Gmail Lab ကို မိတ်ဆက်ခဲ့ပါသည်။
2008 Nov
Themes များ ပေါင်းထည့်ခဲ့သည်။
2008 Dec
To do list ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူအနေဖြင့် Task များပေါ်တွင် ပေါင်းထည့်ခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်သည်။
2009 Jan
Google Gear ကို စတင်မိတ်ဆက်ခဲ့သည်။ နောင်တွင် အဆိုပါ Google Gear သည် Gmail ကို Off line
Mode ဖြင့် သုံးစွဲစေနိုင်ခဲ့သည်။
2009 Feb
Undo Bottom ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူပေါင်း သန်း ၁၀၀ ခန့်အထိ ရှိလာခဲ့ပြီး Gmail သည် မကြာခဏ service Down သွားလေ့ရှိသည်။
2009 July
Gmail တွင် တစ်ဖက်အသုံးပြုသူ၏ မျက်နှာကိုပါ မြင်တွေ့စေနိုင်သော Video Chat ကိုပါ
ပေါင်းထည့်ပေးခဲ့သည်။
2009 Sept
ယခုအချိန်တွင် သုံးစွဲသူအများအပြား၏ request လုပ်မှုကြောင့် Gmail သည် မကြာခဏ
ပြတ်တောက်မှုများ ဖြစ်ပွားလျက် ရှိသည်။
2010
အကောင့်များကို မလိုအပ်ပဲ ရယူမှု၊တန်ဖိုးမထားမှု၊တွေကြောင့် အကောင့်တစ်ခုကို request လုပ်ဖို့မလွယ်တော့ပါ။တကယ်တမ်းတော့ မေးတစ်ခုရှိတာနဲ့ အကုန်လုံးနီးနီးသုံးလို့ရပါတယ် သူပေးထားတဲ့ဆိုက်ကလည်းများပါတယ် ချိုးခြံခြွေတာ ကြပါ

GoogleTalk Shortcut များ


၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။
၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။
၃ ။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။
၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _P_ ) ခံပေးပါ ။ P နေရာမှာ ကြိုက်တာရေးလို့ရတယ်နော် ဒါပေမယ့် မြန်မာစာတော့မရဘူးဗျ ။
၅ ။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။
၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။ Ctrl+Tab ဆိုတာက ဗျောင်းပြန်ပြန်တက်သွားအောင်လုပ်တာ ပါစမ်းကြည့်ပေါ့ ချက်နေရင်နဲ့ Mouse ကိုကိုင်စရာမလိုတော့ဘူးပေါ့ဗျာ စတိုင်ကျကျလေးပေါ့ဗျာ ။
၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို
လှည့်နိုင်ပါတယ် ။ (ချက်နေရင်းနဲ့ Mouse ကိုမကိုင်ပဲပေါ့ စတိုင်ကျကျ ဖြစ်အောင်) ။
၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။
၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( *a* ) ခံပေးပါ။ a နေရာမှာ ကြိုက်တဲ့စာရေးလို့ရတယ်နော် ဒါပေမယ့် မြန်မာစာမရဘူးဗျ ။
၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767လုံးပဲရိုက်လို့ရတယ်တဲ့ ။
(မစမ်းကြည့်ဖူးဘူးနော် စမ်းခြင်ရင်တော့ စမ်းကြည့်ကြပေါ့ဗျာ )
၁၂ ။ Ctrl+c က copy ၊ Ctrl+v က paste နော် ။
၁၃ ။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။
၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။
၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။
၁၆။windowနဲ့mနဲ့က firefoxကိုminimizeလုပ်ထားလို့ရပ်ါတယ်။ပြန်ဖွင်ချင်ရင်တော့window shiftကိုဖိပြီး m ကိုနိုပ်ပါ။
Google Talk  ဘာသာပြန်များ
English to Myanmar>>en2mm3@mmgeeks.org
English to Kannada>>en2kn@bot.talk.google.com
English to Malayalam>>en2ml@bot.talk.google.com
English to Tamil>>en2ta@bot.talk.google.com
English to Telugu>>en2te@bot.talk.google.com
Russia to Myanmar=mmgeeks.ru2mm
Argentina to English - ar2en@bot.talk.google.com
Netherlands to English - nl2en@bot.talk.google.com
Russianto English - ru2en@bot.talk.google.com


English to Arabic>>en2ar@bot.talk.google.com=Arabic to English>>ar2en@bot.talk.google.com
English to Hindi>>en2hi@bot.talk.google.com=Hindi to English>>hi2en@bot.talk.google.com
English to Bulgarian>>en2bg@bot.talk.google.com=Bulgarian to English>>bg2en@bot.talk.google.com
English to Czech>>en2cs@bot.talk.google.com=Czech to English>>cs2en@bot.talk.google.com
English to Danish>>en2da@bot.talk.google.com=Danish to English>>da2en@bot.talk.google.com
English to German>>en2de@bot.talk.google.com=German to English>>de2en@bot.talk.google.com
English to Greek>>en2el@bot.talk.google.com=Greek to English>>el2en@bot.talk.google.com
English to Spanish>>en2es@bot.talk.google.com=Spanish to English>>es2en@bot.talk.google.com
English to Finnish>>en2fi@bot.talk.google.com=Finnish to English>>fi2en@bot.talk.google.com
English to French>>en2fr@bot.talk.google.com=French to English>>fr2en@bot.talk.google.com
English to Croatian>>en2hr@bot.talk.google.com=Croatian to English>>hr2en@bot.talk.google.com
English to Italian>>en2it@bot.talk.google.com=Italian to English>>it2en@bot.talk.google.com
English to Japanese>>en2ja@bot.talk.google.com=Japanese to English>>ja2en@bot.talk.google.com
English to Korean>>en2ko@bot.talk.google.com=Korean to English>>ko2en@bot.talk.google.com
English to Dutch>>en2nl@bot.talk.google.com=Dutch to English>>nl2en@bot.talk.google.com
English to Norwegian>>en2no@bot.talk.google.com=Norwegian to English>>no2en@bot.talk.google.com
English to Polish>>en2pl@bot.talk.google.com=Polish to English>>pl2en@bot.talk.google.com
English to Portuguese>>en2pt@bot.talk.google.com=Portuguese to English>>pt2en@bot.talk.google.com
English to Romanian>>en2ro@bot.talk.google.com=Romanian to English>>ro2en@bot.talk.google.com
English to Russian>>en2ru@bot.talk.google.com=Russian to English>>ru2en@bot.talk.google.com
English to Swedish>>en2sv@bot.talk.google.com=Swedish to English>>sv2en@bot.talk.google.com
English to Chinese>>en2zh@bot.talk.google.com=Chinese to English>>zh2en@bot.talk.google.com
English to Traditional Chinese>>en2zh-hant@bot.talk.google.com
=Traditional Chinese to English>>zh-hant2en@bot.talk.google.com
Traditional Chinese to Chinese>>zh-hant2zh@bot.talk.google.com
=Chinese to Traditional Chinese>>zh2zh-hant@bot.talk.google.com
French to German>>de2fr@bot.talk.google.com=German to French>>de2fr@bot.talk.google.com

**အချိန်ပေးပါ**

**အချိန်ပေးပါ**

ရေးသားသူ SaiKoThu ,
အချိန်ပေးပြီး စာဖတ်ပါ။ ဒါဟာ ဥာဏ်ပညာကြီးမြင့်မှုရဲု့အုတ်မြစ်ပဲ။
အချိန်ပေးပြီး တွေးပါ။ ဒါဟာ စွမ်းအားတွေရဲ့အရင်းအမြစ်။
အချိန်ပေးပြီး ဆုတောင်းပါ။ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ခွန်အားပါပဲ။
အချိန်ပေးပြီး ချစ်ပါ။ဒါမှမဟုတ် ချစ်မေတ္တာကို ခံယူပါ။ ဘုရားသခင် ချီးမြှင့်ထားတဲ့ အထူးခံစားခွင့်လေ။
အချိန်ပေးပြီး ရယ်ပါ..။စိတ်ဝိညာဉ်ရဲ့ ဂီတသံစဉ်။
အချိန်ပေးပြီး ရင်းနှီးခင်မင်စွာနေပါ။ ပျော်ရွှင်ခြင်းဆီ သွားရာလမ်း။
အချိန်ပေးပြီး ကစားပါ။ အဆုံးမရှိတဲ့ အင်အားတို့ရဲ့ လျှို့ဝှက်ချက်ပေါ့။
အချိန်ပေးပြီး ဝေမျှပါ။ တစ်ကိုယ်ကောင်းကြံဖို့ နေ့ဟာ တိုတောင်းလွန်းလှတယ်။
နန်းညွန့်ဦး

Monday, September 12, 2011

စကားပုံများကပေးသော အသိပညာ

စကားပုံများကပေးသော အသိပညာ

ရေးသားသူ Sytan ,
                                        စကားပုံများကပေးသော အသိပညာ

               နာမည်ကောင်းရှိဖို့အရေးကြီးသည်။ နာမည်ဆိုး၊ နာမည်ပျက်ရှိသောသူသည် တစ်ဝက်ကြိုးပေး
အသတ်ခံရပြီးဖြစ်သည်။
                                                                                                    အနောက်တိုင်းစကားပုံ
                သေးငယ်သည့်ဒုက္ခများ၊ အဆင်မပြေမှုများကိုပင်လျှင် အောင့်အည်းသည်းခံနိုင်စွမ်း မရှိသော
သူသည် ကြီးမားသော ဒုက္ခများကို အထမြောက်အောင် ဘယ်တော့မှ ပြုလုပ်နိုင်မည်မဟုတ်။
                                                                                                               တရုတ်စကားပုံ
                ဂရုစိုက်မှုကင်းသော လင်ယောင်္ကျား၏ ဇနီးဖြစ်နေရခြင်းသည် မုဆိုးမ ဖြစ်နေရခြင်းနှင့် ဘာမှ
မခြားတော့ပေ။
                                                                                                             ဟန်ဂေရီစကားပုံ
                စလုပ်တော့မည်ဆိုလျှင် အဆုံးကိုပါ စဉ်းစားပါ။
                                                                                
                                                                                                              အာရေဗျစကားပုံ
                ခွေးကျိုးနှင့် ယုန်မလိုက်ပါနဲ့။
                                                                                                                 မြန်မာစကားပုံ
                တစ်ကြိမ်တစ်ခါ ခိုးမိသည်နှင့် တစ်သက်လုံး သူခိုးဖြစ်သွားရတော့သည်။
                                                                                                                  ဒတ်ခ်ျစကားပုံ
                 ညည်းနေရုံနဲ့တော့ ပေါင်မုန့်တုံးက ပိုပြီးကြီးမလာနိုင်ပါ။
                                                                                                      အနောက်တိုင်းစကားပုံ
                 သင့်ကိုယ်သင် လေးစားပါ။ သို့မဟုတ်ပါက သင့်အား မည်သူကမျှ လေးစားမည်မဟုတ်။
                                                                                                               အင်္ဂလိပ်စကားပုံ
                 ငယ်ရွယ်သည့်ရင်သွေးများသည် သင်၏ပေါင်အားနင်းပြီး ကြီးရင့်သောရင်သွေးများသည် သင်
၏ နှလုံးသားအားနင်းသည်။
                                                                                                                    ချက်စကားပုံ
                 ကျားသေက အရေခွံကျန်သည်။
                 လူသေက နာမည်ကျန်သည်။
                                                                တရုတ်စကားပုံ
                 ဘာကိုမှမကြည့်ဘဲ မသောက်နှင့်။
                 ဘာကိုမှမကြည့်ဘဲ လက်မှတ်မထိုးနှင့်။
                                                                 အနောက်တိုင်းစကားပုံ

ဦးနှောက်အားကောင်းမကောင်းစမ်းကြည့်ရအောင် ရေးသားသူ ခရု ,

ဦးနှောက်အားကောင်းမကောင်းစမ်းကြည့်ရအောင်

ရေးသားသူ ခရု ,
အချိန်လေးပေးပြီး စမ်းကြည့်ရအောင်လား လေ့ကျင့်ပေးနေတာနော်။ မျက်စိလျင်မလျင်ပေါ့။


1- Find the C below.. အောက်က O တွေထဲမှာ C ကိုတွေ့အောင်ရှာကြည့်ပါ...
ကာဆာကိုအသုံးမပြုပါနဲ့....
Please do not use any cursor help.
OOOOOOOOOOOOOOOOOOOOOOOOOOOOOO
O
OOOOOOOOOOOOOOOOOOOOOOOOOOOOOOO
OOOOOOOOOOOOOOOOOOOOOOOOOOOOOOO
OOOOOOOOOOOOOOOOOOOOOOOOOOOOOOO
OOOOOOOOOOOOOOOOOOOOOOOOOOOOOOO
OOOOOOOOOOOOOOOOOOOOOOOOOOOOOOO
OOOOOOOOOOOOOOOOOOOCOOOOOOOOOOO
OOOOOOOOOOOOOOOOOOOOOOOOOOOOOOO
OOOOOOOOOOOOOOOOOOOOOOOOOOOOOOO
OOOOOOOOOOOOOOOOOOOOOOOOOOOOOOO
OOOOOOOOOOOOOOOOOOOOOOOOOOOOOOO
**
*2- If you already found the C, now find the 6 below.*
C ကိုရှာတွေ့တယ်ဆိုရင် နောက်တစ်ခု တက်မယ်.... 6 ကိုရှာကြည့်ပါဦး....

99999999999999999999999999999999999999999999999
99999999999999999999999999999999999999999999999
99999999999999999999999999999999999999999999999
69999999999999999999999999999999999999999999999
99999999999999999999999999999999999999999999999
99999999999999999999999999999999999999999999999
*3 - Now find the N below. It's a little more difficult.*
ဒါဆိုရင် N ကိုထပ်ရှာကြည့်ပါဦး..နည်းနည်းတော့ခက်လာပြီနော်...
MMMMMMMMMMMMMMMMMMMMMMMMMMMMNMM
MMMMMMMMMMMMMMMMMMMMMMMMMMMMMMM
MMMMMMMMMMMMMMMMMMMMMMMMMMMMMMM
MMMMMMMMMMMMMMMMMMMMMMMMMMMMMMM
MMMMMMMMMMMMMMMMMMMMMMMMMMMMMMM

This is NOT a joke. If you were able to pass these 3 tests, you can cancel
your annual visit to your neurologist. Your brain is great and you're far
from having a close relationship with Alzheimer.
*Congratulations!*
Oh. One more test....
ဟာသမဟုတ်ဘူးနော်...တကယ်လို့သင်ဟာစမ်းသပ်မှု၃ခုလုံးကိုအောင်မြင်ခဲ့တယ်ဆိုရင်
ဦးနှောက်နဲ့အာရုံကြောအထူးကုသမားတော်နဲ့ ပြစရာမလိုတော့ပါဘူး...သင်ဟာ ဦးနှောက်
ကောင်းမွန်တဲ့သူဖြစ်တဲ့အပြင် အယ်လ်ဇိုင်းမားရောဂါဖြစ်ဖို့လဲ အဝေးကြီးပါတဲ့....

ဘဝ အခွင့်အရေး

ဘဝ အခွင့်အရေး

ရေးသားသူ ခရု ,
တစ်ခါတုန်းက လူတစ်ယောက်ဟာ တစ်ညမှာ နတ်မင်းကြီးတစ်ပါးနဲ့ ကြုံခဲ့တယ်။
နတ်မင်းကြီးက လူငယ်ကို အပြောင်းအလဲတစ်ခု သူ့ကိုယ်ပေါ်ကျရောက်နိုင်ကြောင်း

သူ့မှာသူဌေးဖြစ်နိုင်တဲ့၊ ရာထူးအရှိန်အဝါတွေ ကြီးမြင့်နိုင်တဲ့၊
လှပတဲ့ဇနီးတစ်ဦး ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိကြောင်း
ပြောခဲ့တယ်။

လူငယ်က နတ်မင်းကြီးပြောခဲ့တဲ့အတိုင်း ထူးခြားတာတွေ
သူ့အပေါ်ကျရောက်မယ့်နေ့ကို စောင့်နေခဲ့တယ်။ ဒါပေမယ့် နှစ်လရာသီတွေသာ
ပြောင်းသွားတယ်။ သူ့ဘဝဘာမှ မထူးခြားခဲ့ဘူး။ အဲဒီလို တစ်ယောက်တည်း
တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ကွယ်လွန်ပြီးနောက် နတ်မင်းကြီးနဲ့တွေ့ခဲ့ပြန်တယ်။
နတ်မင်းကြီးကိုတွေ့တာနဲ့ သူက "နတ်မင်းကြီး.... အရှင်ပြောတော့
ကျွန်တော်သူဌေးဖြစ်မယ်ဆို၊ ရာထူးကြီးကြီးမားမားနဲ့ ဇနီးချောချောရမယ်ဆို
အခုတော့ ကျွန်တော်တစ်သက်လုံး စောင့်နေခဲ့တာ ဘာမှလည်းမရခဲ့ဘူး" လို့
ပြောတယ်။

အဲဒီအခါ နတ်မင်းကြီးက "အသင်ကို သူဌေးဖြစ်နိုင်တဲ့၊ ရာထူးရနိုင်၊
ဇနီးချောချောရနိုင်တဲ့ အခွင့်အရေးပေးမယ်လို့ပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့်
ခင်ဗျားက ဒီအခွင့်အရေးတွေကို လက်လွတ်ခဲ့တယ်" လို့ ပြောတော့ လူငယ်က
"အရှင်နတ်မင်းပြောတာကို ကျွန်တော်သဘောမပေါက်ဘူး" လို့ဆိုတယ်။


နတ်မင်းကြီးက ဆက်ပြီးပြောပြန်တယ်။

"တစ်ခါတုန်းက ချမ်းသာနိုင်တဲ့ အခွင့်ကောင်းတစ်ခုကို အသင်ရခဲ့တယ်မဟုတ်လား?
ဒါပေမယ့် အသင် မလှုပ်ရှားခဲ့ဘူး။ ဆုံးရှုံးမှာကိုကြောက်ပြီး
အသင်သွားမစမ်းသပ်ခဲ့ဘူး။ ဒါကို တစ်ခြားတစ်ယောက်က မကြောက်မရွံ့နဲ့
သွားလုပ်ခဲ့တယ်။ အဲဒီလူဟာ နောက်ဆုံးမှာ မြို့ပေါ်က
အချမ်းသာဆုံးလူဖြစ်သွားခဲ့တယ်။ နောက်တစ်ခုရှိသေးတယ်....
အသင်မှတ်မိရဲ့လား! မြို့ပေါ်မှာ ငလျှင်လှုပ်တဲ့အခေါက်တုန်းက
အိမ်တော်တော်များများ ပြိုကုန်တယ်။ လူတွေအများကြီး ပိတ်မိနေကြတယ်။
လူတွေကိုကယ်တင်၊ ကူညီနိုင်တဲ့ အခွင့်အရေး အသင်မှာရှိပေမယ့်
အသင်သွားမကူညီခဲ့ဘူး။ အသင်မရှိတုန်း အသင့်အိမ်ကို သူခိုးဝင်မှာစိုးတယ်၊
လုယှက်မှာစိုးတယ်ဆိုတဲ့ ဆင်ခြေတွေနဲ့ မျက်စိရှေ့ကအဖြစ်တွေကို
အသင်မျက်စိမှိတ်ရှောင်လွဲခဲ့ပြီး ကိုယ့်အိမ်ကိုပဲ စောင့်နေခဲ့တယ်"

နတ်မင်းကြီးရဲ့စကားကို လူငယ်ကဟုတ်မှန်ကြောင်း အားနာပါးနာနဲ့ ခေါင်းညိတ်တယ်။

"လူတွေကို ကယ်တင်၊ ကူညီနိုင်တဲ့အခွင့်အရေးက အသင်ကိုရော၊ အသင့်မြို့ကိုပါ
ဂုဏ်တက်စေနိုင်ပေမယ့် အသင်လက်ရှောင်ခဲ့တယ်။ ပြီးတော့ ဆံပင်နက်မှောင်တဲ့
မိန်းမပျိုငယ်လေးတစ်ယောက်ကို အသင်မှတ်မိသေးလား! အဲဒီကောင်မလေးက အသင့်ကို
အစွဲလမ်းကြီး စွဲလမ်းစေခဲ့တယ်လေ။ သူကလွဲရင် အသင်ဘယ်သူကိုမှ မချစ်ဘူးလို့
ဆုံးဖြတ်ထားပေမယ့် အသင်ဖွင့်မပြောရဲခဲ့ဘူး။ ဖွင့်ပြောရင်လည်း အသင်ကို
သူချစ်လာနိုင်မှာမဟုတ်ဘူး။ လက်ထပ်ဖို့ဆို ပိုဝေးတယ်လို့ အသင်ထင်ပြီး
အငြင်းဆန်ကိုခံရမှာကြောက်တာနဲ့ အသင်ဖွင့်မပြောခဲ့ဘူးလေ။
အခွင့်ကောင်းတွေကို အသင်ဘေးကနေ တိတ်တဆိတ် အသင်ဖြတ်ကျော်စေခဲ့တာပဲ
မဟုတ်လား!"

နတ်မင်းကြီးပြောသမျှကို လူငယ်က ခေါင်းတညိတ်ညိတ်နဲ့ ဝန်ခံနေခဲ့တယ်။
သူ့မျက်လုံးအိမ်မှာလည်း မျက်ရည်တွေဝဲနေခဲ့တယ်။

"သူပါပဲ.. အသင့်ဇနီးဖြစ်နိုင်သူဟာ အဲဒီကောင်မလေးပါပဲ။ ဘဝတစ်ခုကို
ပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့အခွင့်အရေး အသင်မှာရှိပေမယ့်
အဲဒီအခွင့်အရေးတွေကို ခင်ဗျားလက်လွတ်ခဲ့တယ်"

ကျွန်တော်တို့ရဲ့ နေ့ရက်တွေမှာလည်း အခွင့်အရေးတွေနဲ့ လည်ပတ်နေပါတယ်။
အဲဒီအခွင့်အရေးတွေထဲမှာ အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေ
ပါနိုင်ပါတယ်။ ဒါပေမယ့် လူအများက ကြောက်တဲ့စိတ်နဲ့
ရှေ့တိုးမယ့်ခြေလှမ်းကို ရပ်တန့်လိုက်တတ်ကြပြီး အခွင့်အရေးကို
လက်လွတ်လိုက်တတ်ကြတယ်။

အငြင်းဆန်ခံရမှာကိုကြောက်ပြီး လူတွေနဲ့ ကျွန်တော်တို့ မဆက်ဆံရဲခဲ့ကြဘူး။
အလှောင်ခံရမှာကိုကြောက်ပြီး လူတွေနဲ့မပြောဆိုရဲ၊ ထုတ်ဖော်မပြောရဲခဲ့ဘူး။
ဆုံးရှုံးရမှာကိုကြောက်ပြီး တစ်ပါးသူအတွက် မပေးဆပ်ရဲခဲ့ကြဘူး။
မအောင်မြင်မှာကိုကြောက်ပြီး သွားမစမ်းသပ်ရဲခဲ့ကြဘူး။

ဒီလိုနဲ့ အခွင့်အရေးတွေက ကျွန်တော်တို့အပါးကနေ တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့ကြတယ်။

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................