INTERNET journal မှဆက်လက်ကူးယူဖော်ပြသည်။ |
![]() ကျွမ်းကျင်ဝန်ထမ်းရှားပါးမှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာ Network Engineer အလုပ်သင်ဝန်ထမ်းသင်တန်း အမှတ်စဉ် ၁၀ ကို ၂၀၁၂ခုနှစ် သြဂုတ်လ ၁၃ ရက်တွင် Nawarat Computer Sales, Service, Rental & Training Center မှ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလမှာ ၆ လဖြစ်ပြီး နေ့စဉ်နံနက် ၉း၃၀ မှ ညနေ ၅း၀၀ အထိ တစ်ပတ် (၅)ရက် တက်ရောက်ရမည်ဖြစ်သည်။ Practical A+ အောင်လက်မှတ်ကိုင်ဆောင်ထားပြီး လုပ်ငန်းခွင်အတွေ့အကြုံ၊ ကွန်ပျူတာပြုပြင်မှု နည်းစနစ်ကျွမ်းကျင်မှုများ၊ လုပ်ငန်းခွင်အတွေ့အကြုံ လိုအပ်သူများအတွက် Network Engineering ကိုအခြေခံမှစပြီး Enterprise Level Networking Experience ရရှိလိုသူများအတွက် အထူးသင့်တော်သော သင်တန်းဖြစ်သည်။ Long Distance Wireless Network တည်ဆောက်ပုံ၊ Wireless Router Setup, IP Camera, CCTV တပ်ဆင်အသုံးပြုပုံစသည့် လက်တွေ့လုပ်ငန်းခွင်တွင်လည်း လုပ်ကိုင်အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါသင်တန်းတွင် Window Server 2003, ISA Server, Mail Server, Exchange Server များကို အသေးစိတ်သင်ကြားမည်ဖြစ်သည်။ Internet Cafe အားစီမံခန့်ခွဲနိုင်ရန် Cafee Zee', Internet Software အမျိုးမျိုးကို Setup လုပ်ခြင်း LAN Game, Installation များကိုပါ သင်ကြားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသားဦးရေ ကန့်သတ်ထားပြီး တက်ရောက်လိုသူများအနေဖြင့် Nawarat Computer Sales, Service, Rental & Training Center ဖုန်း-၀၉၇၃၀၃၂၃၃၃၊ ၀၉-၅၁၆၄၆၃၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။ ရေးသားသူ -ဝေေ၀ |
Saturday, August 11, 2012
ကွန်ပျူတာ Network Engineer အလုပ်သင်ဝန်ထမ်းသင်တန်း ဖွင့်လှစ်မည် အတွဲ(၁၃) အမှတ်(၃၀)
ရုပ်သံမီဒီယာအထူးပြုလုပ်ချက် Visual Effects in Adobe After Effects သင်တန်းဖွင့်လှစ်မည် အတွဲ(၁၃) အမှတ်(၃၀)
INTERNET journal မှ တစ်ဆင့်ဆက်လက်မျှဝေသည်။ |
![]() အနုညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက်ရည်ရွယ်၍ Visual Effects in Adobe After Effects ရုပ်သံမီဒီယာအထူးပြုလုပ်ချက် ဖန်တီးခြင်းသင်တန်းကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း PROMOTION Computer Training Center မှသိရသည်။ အဆိုပါသင်တန်းတွင် နိုင်ငံတကာရုပ်သံမီဒီယာတွင် လက်တွေ့အသုံးများသော Adobe After Effects ဖြင့် စီးပွားရေးကြော်ငြာများ၊ TV ကြော်ငြာများကို လှပသေသပ်အသက်ဝင်အောင် တီထွင်ပြုလုပ်ခြင်းများ၊ ဗီဒီယိုနောက်ခံ Motion Background များဖန်တီးခြင်း၊ ဆန်းသစ်လှပသော Text Animation များ၊ အရာဝတ္ထုများ၊ 2D, 3D ပုံစံလှုပ်ရှားမှု အသွင်မျိုးစုံ ပြုလုပ်ခြင်း၊ ကာတွန်းဓာတ်ပုံများကို လှုပ်ရှားမှုပြုလုပ်ခြင်း၊ စာတန်းထိုးခြင်း၊ သီချင်း၊ ကာရာအိုကေသီချင်းစာသားများ ဖန်တီးခြင်း၊ Simulation များဖြစ်သည့် မိုးရွာခြင်း၊ နှင်းကျခြင်း၊ စာတန်း၊ ဓာတ်ပုံများ ပေါက်ကွဲခြင်းစသည့် Special Effects & Transition များ ထည့်သွင်းဖန်တီးခြင်း၊ Video clips, Image clips များကို သက်ဝင်လှုပ်ရှားမှု ထည့်သွင်းခြင်းများအပြင် Exporting ထုတ်နိုင်သည်အထိ သင်ကြားရမည်ဖြစ်သည်။ သင်တန်းကာလ (၂) လကြာမြင့်မည်ဖြစ်ပြီး သြဂုတ် ၉ ရက်အထိ သင်တန်းအပ်နှံသူများကို သင်တန်းကြေး ၁၀ ရာခိုင်နှုန်းလျှော့ပေးမည်ဖြစ်ကြောင်း သိရသည်။ ရေးသားသူ -သူရ |
Tuesday, July 10, 2012
ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့ တိုးချဲ့
ချင်းမိုင် (မဇ္စျိမ) ။ ။ ဦးဆောင်အဖွဲ့ဝင် ၃ ဦးပါ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ကို အင်္ဂါနေ့တွင် နောက်ထပ် ၂ ဦးဖြင့် အင်အားဖြည့်လိုက်သည်။
ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် ဗဟိုနှင့် ရန်ကုန်တိုင်း အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ဝင် ၅ဝ ကျော် ဗဟန်းရုံးချုပ်၌ ပထမဆုံး တွေ့ဆုံကာ အင်အားတိုးချဲ့ခြင်း ဖြစ်သည်။

“၅ ယောက် ဖြစ်သွားတာပေါ့နော်။ ဒေါ်စုလည်း လွတ်လာပြီဆိုတော့ လှုပ်ရှားမှုတွေက များလာပြီလေ။ အဲဒါကြောင့် ကျမတို့ လုပ်ငန်းပိုပြီးတော့ လည်ပတ်လို့ရအောင်လို့ ကျမတို့ဘက်က အင်အားထပ်ဖြည့်ထားတာ ဖြစ်ပါတယ်” ဟု NLD ဗဟို အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ ဒေါ်မေဝင်းမြင့်က မဇ္ဈိမကို ပြောသည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းရှိ ၂၆ မြို့နယ်မှ ခေါင်းဆောင်များနှင့် ဗဟိုအမျိုးသမီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
NLD ရန်ကုန်တိုင်း အမျိုးသမီးအဖွဲ့က လက်ရှိတွင် တာမွေမြို့နယ် ရာပြည့်ဈေးရှိ ခေါင်းရွက်ဈေးသည် ၅ဝ ကို တဦးလျှင် ကျပ် ၂ဝ,ဝဝဝ စီ ချေးငွေ ထုတ်ပေးထားရာ၊ ထိုအသေးစား ချေးငွေလုပ်ငန်းအကြောင်း အင်္ဂါနေ့ တွေ့ဆုံပွဲတွင် အမျိုးသမီးခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသေးသည်။
“လောလောဆယ် အသေးစားငွေချေးလုပ်ငန်းတွေ ကျမတို့ စနေတယ်လေ။ ဒါကို ကျမတို့ ချပြတယ်။ ပြီးခဲ့တဲ့လက စပြီးတော့ ကျမတို့ ဈေးတခုမှာ အတိုးမဲ့ ငွေချေးတာတွေ လုပ်နေတယ်။ အဲဒီဈေးတဈေး အောင်မြင်သွားလို့ရှိရင် နောက်ထပ်မြို့နယ်တွေမှာ အတိုးမဲ့ အသေးစား ငွေချေးလုပ်ငန်းတွေ လုပ်မယ်ဆိုတဲ့ အကြောင်းတွေ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို ချပြဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ဒေါ်မေဝင်းမြင့်က ပြောသည်။
သင်္ကန်းကျွန်းမြို့နယ်၌ ပြီးခဲ့သည့်လတွင် ဖွင့်လှစ်ခဲ့သည့်

“ဦးဝင်းထိန်ကလည်း ဒေါ်စုကိုယ်စားပေါ့နော်၊ ပထမဆုံး အမျိုးသမီးအဖွဲ့ရဲ့ လုပ်ငန်းစဉ်၊ နောက်ပြီး အမျိုးသမီးအဖွဲ့မှာ နာရေးကူညီမှုအသင်းတခု ထပ်ပြီးတော့ ဖွဲ့တဲ့ဟာ မလုပ်သင့်ဘူးဆိုတဲ့ဟာကို တားတာပေါ့နော်။ ဆန်း နာရေးကူညီမှု အသင်းပေါ့နော်၊ သူတို့မသိဘဲနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြတာ ရှိတယ်ပေါ့။ ဒါကိုလည်း မဆီလျော်လို့ ဒါကို တားမြစ်တယ် ဆိုတဲ့အကြောင်း ဒေါ်စုကိုယ်စား ဦးဝင်းထိန်က တားမြစ်တာပေါ့နော်” ဟု ဒေါ်မေဝင်းမြင့်က ဆိုသည်။
NLD ဗဟိုအမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး တာဝန်ခံမှာ ဒေါ်မေဝင်းမြင့် ဖြစ်သည်။ အဖွဲ့ဝင်များမှာ ဒေါ်လဲ့လဲ့၊ ဒေါ်မေနှင်းဆီ၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်မြင့်မြင့်စိန်နှင့် ဒေါ်အေးအေးမာ ဖြစ်သည်။
လွှတ်တော်ရုပ်သံလိုင်း စမ်းသပ်ထုတ်လွှင့်၊ ပြည်သူ့လွှတ်တော် ၀က်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်
ယခုလ (၄)ရက်နေ့က စတင်ကျင်းပသော လွှတ်တော်အစည်းအဝေး
ကျင်းပပြုလုပ်ပုံများကို SKY Net ၏လွှတ်တော်ရုပ်သံလိုင်းမှ
စမ်းသပ်ထုတ်လွှင့်လျက်ရှိပြီး လွှတ်တော်ဆိုင်ရာဝက်ဘ်ဆိုက်ဖြစ်သော
ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်ထားကြောင်း သိရသည်။ ပထမအကြိမ် လွှတ်တော်များ၏ စတုတ္ထပုံမှန်အစည်းအဝေးများ ကျင်းပပြုလုပ်ပုံများကို SKY Net ရုပ်သံလိုင်း၏ လွှတ်တော်ရုပ်သံလိုင်း (Hluttaw Channel) အမည်ဖြင့် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှစ၍ စမ်းသပ်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း SKY Net ရုပ်သံလိုင်းများက ကြေညာခဲ့သည်။ “တချို့ရုပ်သံလိုင်းတွေ ဖမ်းယူသလို Remote နဲ့ Setting ထဲမှာ ၀င်ရောက်ပြင်စရာမလိုပါဘူး။ ထပ်တိုးရုပ်သံလိုင်းအဖြစ်နဲ့ ထုတ်လွှင့်ထားတာမို့လို့ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ လွှတ်တော် Channel ဆိုပြီး လွှင့်ထားတာပါ” ဟု SKY Net အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။ ပထမအကြိမ်လွှတ်တော်များ၏ စတုတ္ထပုံမှန်အစည်းအဝေးများ ကျင်းပပြုလုပ်ပုံများကို Live နှင့် Delay များဖြင့် ၂၄ နာရီ စမ်းသပ်ထုတ်လွှင့်လျက်ရှိကြောင်း ကြည့်ရှုသူများကပြောသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်လွှတ်တော်ရုံး၏ ကြီးကြပ်မှုနှင့် လွှတ်တော်အလိုက်တာဝန်ခံများ၏ စီစဉ်ညွှန်ကြားမှုဖြင့် လွှတ်တော်အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များကို မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်စေရေးနှင့် မှန်ကန်သောသတင်းများကို နိုင်ငံတ၀ှမ်း ကျယ်ပြန့်လျင်မြန်စွာ ရောက်ရှိနိုင်စေရန်အတွက် အဆိုပါလွှတ်တော်ရုပ်သံလိုင်းကို စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း SKY Net ရုပ်သံလိုင်းများမှ ကြေညာခဲ့သည်။ ၎င်းအပြင် ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုက်ကိုလည်း www.pyitthuhluttaw.gov.mm လိပ်စာဖြင့် စတင်လွှင့်တင်ထားကြောင်း သိရသည်။ အဆိုပါဝက်ဘ်ဆိုက်မှာ Beta Version အနေဖြင့် လွှင့်တင်ထားခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးရှိသော ရက်စွဲ ၊ အစည်းအဝေးမှတ်တမ်း၊ ဗီဒီယိုမှတ်တမ်း၊ ဓါတ်ပုံမှတ်တမ်းများအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ မဲဆန္ဒနယ်များကို အလွယ်တကူရှာဖွေနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။ အဖွင့်စာမျက်နှာနှင့် သတင်းနှင့်ပြန်ကြားရေး၊ အစည်းအဝေးများ၊ ကိုယ်စားလှယ်များ၊ ကော်မတီ/ကော်မရှင်များ၊ ဥပဒေဆိုင်ရာများကို သီးခြားစာမျက်နှာဖြင့် ကြည့်ရှုနိုင်မည့်အပြင် မိမိရှာဖွေလိုသောအချက်အလက်များကို Search Box တွင်ရှာဖွေနိုင်မည်ဖြစ်သည်။ အဆိုပါဝက်ဘ်ဆိုက်တွင် ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရသတင်းများကို ဖော်ပြထားကြောင်း သိရသည်။ ရေးသားသူ -ထွန်းထွန်း |
ရခိုင်ပြည်နယ် အတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်များ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်
![]() |
![]() |
ဆူပူ အကြမ်းဖက်မှုများကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် စစ်တွေတက္ကသိုလ် အပါအ၀င်
ရခိုင်ပြည်နယ် အတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်များကို လာမည့် ဇူလိုင်လ ၁၆
ရက်နေ့မှစတင်ပြီး ပုံမှန်ပြန်လည် ဖွင့်လှစ်သွားတော့မည် ဖြစ်ကြောင်း
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၉
ရက်နေ့က ပြောကြား လိုက်သည်။
စစ်တွေမြို့တွင် စစ်တွေတက္ကသိုလ်၊ နည်းပညာကောလိပ်(စစ်တွေ)နှင့်
ကွန်ပျူတာကောလိပ်(စစ်တွေ)တို့ ရှိကြပြီး ပြည်နယ်တစ်ခုလုံးမှ လာရောက်
ပညာသင်ကြားလျက်ရှိကြသည်။ သို့သော်လည်း ဇွန်လဆန်းပိုင်းမှ
စတင်ဖြစ်ပွားမှုများကြောင့် အခြေခံပညာကျောင်းများ အပါအ၀င် တက္ကသိုလ်နှင့်
ကောလိပ်များကို ယာယီပိတ်ထားခဲ့ရသည်။ လုံခြုံရေး အခြေအနေကြောင့်
ထုတ်ပြန်ကြေညာခဲ့ရသော အရေးပေါ်အခြေအနေကို ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးဘဲ
ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားဆဲပင် ဖြစ်သည်။ ယခုရက်ပိုင်းတွင် အခြေအနေပြန်လည် တည်ငြိမ်စပြုလာခြင်းကြောင့် စစ်တွေမြို့မဈေးကြီးအား ပြန်လည်ဖွင့်လှစ်ခဲ့ပြီ ဖြစ်သော်လည်း လုံခြုံရေးတင်းကျပ်စွာ ချထားကြောင်း စစ်တွေမြို့ခံများက ပြောပါသည်။ “တက္ကသိုလ်နဲ့ကောလိပ်တွေကို လာမယ့် ဇူလိုင် ၁၆ ရက်မှာ ပြန်ဖွင့်မယ်ပြောပေမယ့် အခုထိအခြေခံပညာ ကျောင်းတွေမှာ ကျောင်းလာတက်တဲ့သူ မရှိသေးပါဘူး။ စစ်တွေနဲ့မောင်တောမှာတော့ မိဘတွေကစိုးရိမ်လို့ ကလေးတွေကို ကျောင်းပေးမတက်တာပါ။ တောင်ကုတ်၊ မာန်အောင်၊ ကျောက်ဖြူနဲ့ ဘူးသီးတောင်မှာတော့ ကျောင်းတက်နေကြပါပြီ။ တစ်မြို့နယ်လုံးတော့ မဟုတ်ဘူးပေါ့။ ဆိုးတာကတော့ မောင်တောပဲ။ အဲဒီမြို့နယ်မှာ တာဝန်ကျတဲ့သူတွေ ဘယ်သူမှပြန်တာ မတွေ့ရသေးဘူး။ သူတို့လည်း သူတို့ လုံခြုံရေးအတွက် စိုးရိမ်မှာပေါ့။ လစာလေး မဖြစ်စလောက်နဲ့ အသတ်ခံရရင် ဆိုပြီး မသွားရဲကြတာ။ ပြီးခဲ့တဲ့ အရေးအခင်းမှာ မောင်တောမြို့နယ် ထဲက ဆရာဆရာမတွေ သတ်ခံခဲ့ရတာရှိတယ်လေ” ဟု စစ်တွေမြို့ရှိ Eleven Media Group ၏ သတင်းထောက်က ပြောကြားပါသည်။ ရခိုင်ပြည်နယ်တွင် လုံခြုံရေး အခြေအနေကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များ၌ ဇွန်လ ၈ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့ပြီး စစ်တွေမြို့တွင် ဇွန်လ ၁၀ ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။ |
ရပ်နားထားသည့် စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းများကို ပြန်လည်ချထားပေး
![]() မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အချိန်ကြာမြင့်စွာ ရပ်နားထားရှိခဲ့သည့် စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းများကို ပြန်လည်ရောင်းချပေးလျက်ရှိသည်ဟု သိရသည်။ ယခင်က ငွေကျပ် ၅ သိန်းဖြင့် ရောင်းချခဲ့သည့် ဖုန်းလိုင်းများဖြစ်ပြီး ယခုအခါ၌ ငွေကျပ် ၂ သိန်းခွဲဖြင့် ပြန်လည်ရောင်းချပေးနေခြင်း ဖြစ်သည်။ ၂ သိန်းဂျီအက်စ်အမ်ဖုန်းလိုင်းများ ချထားမပေးခင်အချိန်မှစတင်၍ စီဒီအမ်အေ ၈၀၀ မို ဘိုင်းဖုန်းရောင်းချခြင်းကို ရပ်နားထားရှိခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှသာ ပြန်လည်ချထားပေးခဲ့ခြင်းဖြစ်သည်။ ယခင်က လိုင်းဆွဲအားကောင်းမွန်သည်ဟုဆိုကာ ၀ယ်လိုအားမြင့်တက်လာခဲ့သည့် စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းလိုင်းများသည် ပြင်ပပေါက်ဈေး ငွေကျပ် ၇ သိန်းခွဲအထိ မြင့်တက်ခဲ့ဖူးသည်။ စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းလိုင်းများမှာ EVDO နည်းပညာဖြင့် အင်တာနက်အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်းလိုင်းများဖြစ်ကြပြီး 3G စနစ်ကို အခြေခံထားကြောင်းသိရသည်။ “အခုရွှေဂုံတိုင်ရုံးမှာ စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းကိုတန်းစီပြီး ၀ယ်နေကြတဲ့လူတွေ အများကြီးပဲ။ တစ်ရက်ကို လျှောက်လွှာ ၁၀၀ ပဲ လက်ခံတယ်လို့ပြောတယ်။ ၁၀၀ ကျော်သွားရင်တော့ နောက်ရက်မှလုပ်ပေးတာပေါ့” ဟုဆက်သွယ်ရေးရုံးသို့ အင်တာနက်လိုင်း သွားရောက်လျှောက်ထားသူတစ်ဦးက ပြောသည်။ ငွေကျပ် ၂ သိန်းခွဲဖြင့် ချထားပေးနေသည့် အဆိုပါစီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ် ၁ သောင်းထပ်မံပေးသွင်း၍ အင်တာနက်လိုင်များ လျှောက်ထားနိုင်မည်ဖြစ်ပြီး အသုံးပြုခဘီလ်ဈေးနှုန်းကိုမှု တစ်မိနစ်လျှင် ၄ ကျပ် နှုန်းအဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားရှိသည်။ အဆိုပါဖုန်းလိုင်းများကို ရန်ကုန်မြို့၌ ရွှေဂုံတိုင်ဆက်သွယ်ရေးရုံး၊ အလုံဆက်သွယ်ရေးရုံးနှင့် ပန်းဆိုးတန်းဆက်သွယ်ရေးရုံးတို့တွင် လျှောက်ထားမှုများ ပြုလုပ်ဆောင်ရွက်ပြီး အခြားသော ပြည်နယ်နှင့်တိုင်းများ၌ သက်ဆိုင်ရာဆက်သွယ်ရေးရုံးများတွင် ၀ယ်ယူနိုင်မည်ဖြစ်သည်။ |
Online Consultancy နှင့် On Call Clinic ၀န်ဆောင်မှုများဆောင်ရွက်မည်
ကျန်းမာရေးဝန်ဆောင်မှုများအဖြစ် Online Consultancy နှင့် On Call Clinic
ဝန်ဆောင်မှုများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း Blue Ocean Operation
Management Co.,Ltd မှတာဝန်ရှိသူက ပြောသည်။ ရတနာပုံ Call Center ၏
သီးသန့်ဝန်ဆောင်မှုအနေဖြင့် အဆိုပါကျန်းမာရေးဝန်ဆောင်မှုကို
ဆောင်ရွက်ခြင်းဖြစ်ပြီး ဖုန်းခေါ်ဆို၍ ကျန်းမာရေးအသိပညာပေးဆွေးနွေးခြင်း၊ အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းတို့ကို ၂၄ နာရီဆောင်ရွက်နိုင်ပြီဟုဆိုသည်။ ဖုန်းနံပါတ် ၁၈၇၅ သို့ဆက်သွယ်ကာ အဆိုပါဆောင်ရွက်ချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး မိမိ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအား လိုအပ်ချက်များရှိပါက ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ခြင်း၊ သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှု စသည်တို့ကို မေးမြန်းစုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းကျန်းမာရေးဝန်ဆောင်မှုအစီအစဉ်တွင် အသင်းဝင်ရောက်နိုင်မည့် အစီအစဉ်တစ်ရပ်ကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။ အသင်းဝင်သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး အသင်းဝင်များအနေဖြင့် လစဉ် Call Center မှဆရာဝန်များမှ ဖုန်းခေါ်ဆိုပြီး လိုအပ်သည်များကို ဆွေးနွေးခြင်း၊ ၆ လတစ်ကြိမ် Physical Examination စစ်ဆေးပေးခြင်း၊ လိုအပ်သည့်အကြံဥာဏ်များပေးခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အသင်းဝင်များအား ဟောပြောဆွေးနွေးပညာပေးခြင်း၊ အသင်းဝင်အချင်းချင်း အတွေ့အကြုံများကို တိုင်ပင်ဆွေးနွေးနိုင်ရန် စီစဉ်ပေးခြင်း၊ အထူးကုဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံလိုပါက စီစဉ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ရေးသားသူ -ထွန်းထွန်း |
Nikon D-800
![]() နိုင်ငံတကာဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်ထဲမှာ လူကြိုက်များလျက်ရှိတဲ့ Nikon ရဲ့စွမ်းဆောင်ရည်မြင့် Nikon D-800 ဖြစ်ပါတယ်။ ကမ္ဘာမှာ Megapixel အမြင့်ဆုံး Professional ကင်မရာတစ်လုံး လည်းဖြစ်ပါတယ်။ အကောင်းဆုံးလုပ်ဆောင်ချက်နဲ့ အမြင့်မားဆုံးစွမ်းဆောင်ရည်တွေနဲ့ ဖန်တီးထုတ်လုပ်ပေးထားတဲ့ Nikon ရဲ့မျိုးဆက်သစ်ကင်မရာဖြစ်ပါတယ်။ လက်ရှိမှာ အခြားအမှတ်တံဆိပ် Professional ကင်မရာများထက်လည်း စွမ်းဆောင်ရည်မြင့်မားတာကို တွေ့ရပါတယ်။ ဒီကင်မရာကို ပြည်တွင်းက ဓါတ်ပုံဆရာကြီးများလည်း အသုံးများလာတာကို တွေ့ရပါတယ်။ အားသာချက် ပုံရိပ်ကြည်လင်ပြတ်သားမှုကို စွမ်းဆောင်ပေးတဲ့ Megapixel ဟာ အမြင့်မားဆုံးပါဝင်လာတာကိုတွေ့ရပါတယ်။ 36.0 Megapixel ရှိပြီး CMOS ဆင်ဆာကို တပ်ဆင်ပေးထားပါတယ်။ Expeed 3Processor ကိုသုံးထားတာကြောင့် ကင်မရာရဲ့လုပ်ဆောင်ချက်ကို အမြင့်ဆုံး Speed နဲ့အလုပ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ISO ကို ၁၀၀ မှ ၆၄၀၀ ထိပေးထားပေမယ့် ကင်မရာရဲ့စွမ်းဆောင်ရည်အရ ISO ကို ၂၅၆၀၀ အထိ သုံးစွဲနိုင်တာကို တွေ့ရပါတယ်။ Focus ပွိုင့် ၅၁ ခုပါဝင်ပြီး ဓါတ်ပုံဆရာများကို စိတ်ကျေနပ်မှု အပြည့်အ၀ပေးစွမ်းနိုင်မယ့် ကင်မရာပါ။ Movie ကို Full HD အရည်အသွေးနဲ့ရိုက်ကူးနိုင်ပြီး ကြီးမားတဲ့ LCD Screen နဲ့ဖန်တီးပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းများအတွက် အကောင်းဆုံးအသုံးချနိုင်မယ့် ကင်မရာတစ်လုံးဖြစ်တဲ့အပြင် အနုပညာဆန်တဲ့ပုံရိပ်များစွာကို ပုံဖော်ပေးနိုင်တဲ့ Nikon ရဲ့မျိုးဆက်သစ် Professional ကင်မရာတစ်လုံးဖြစ်ပါတယ်။ အားနည်းချက် နောက်ဆုံးပေါ် Professional ကင်မရာဖြစ်တဲ့အတွက်ကြောင့် အားနည်းချက်အနည်းဆုံးဖြစ်အောင် ထုတ်လုပ်ပေးထားပါတယ်။ လုပ်ဆောင်ချက်ပိုင်းမှာလည်း အားနည်းမှုမရှိပါဘူး။ ဒါပေမယ့် D800 နဲ့D800 E ဆိုပြီး နှစ်မျိုးခွဲရောင်းချပေးထားတာကတော့ Nikon ရဲ့လိုအပ်ချက်လို့ ဆိုရမှာပါ။ Resolution မြင့်မားတဲ့အတွက် အချို့ပုံရိပ်များဟာ လိုင်းတွန့်လိုင်းကွေးများကြောင့် ပုံပျက်စီးတတ်ပါတယ်။ အဲ့ဒါကိုကာကွယ်ပေးမယ့် Low-pass fitter ပါဝင်တာနဲ့ မပါဝင်တာကွာပြီး Nikon D800 နဲ့ Nikon D800 E တို့ကွာခြားတာကို တွေ့ရပါတယ်။ ဒါဟာ ကင်မရာဝယ်ယူသုံးစွဲသူများကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ သုံးသပ်ချက် Nikon D800 ဟာကမ္ဘာမှာ Megapixel အမြင့်ဆုံးကင်မရာဖြစ်ပါတယ်။ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်များကိုလည်း နောက်ဆုံးပေါ်နည်းပညာများနဲ့ အကောင်းဆုံးဖန်တီးထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀၀ ၀န်းကျင်ရှိပါတယ်။ D800 နဲ့ D800E တို့ရဲ့ ဈေးနှုန်းဟာလည်း ဒေါ်လာနှစ်ရာခန့်သာ ကွာခြားမှာဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ လုပ်ဆောင်ချက်တို့ ကိုက်ညီမှုရှိတဲ့ ကင်မရာဖြစ်တယ်လို့ သုံးသပ်ရမှာပါ။ ရေးသားသူ -ကျော်မျိုးဦး |
Panasonic TZ-25
![]() ဈေးနှုန်းမြင့်မားပြီး စွမ်းဆောင်ရည်အထူးကောင်းမွန်တဲ့ မိသားစုသုံး Panasonic TZ-25 ကင်မရာဖြစ်ပါတယ်။ အပျော်တမ်းအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Auto Compact ကင်မရာတစ်လုံးဖြစ်ပေမယ့် ကင်မရာရဲ့လုပ်ဆောင်ချက်တွေဟာ အိတ်ဆောင် Professional ကင်မရာတစ်လုံးလို ပံ့ပိုးစွမ်းဆောင်ပေးမှာဖြစ်ပါတယ်။ ဘော်ဒီဒီဇိုင်းကတော့ ရိုးရှင်းပါတယ်။ အရောင်အသွေးတွေနဲ့ လှပစွာ ဖန်တီးထုတ်လုပ်ပေးထားတာ တွေ့ရပါတယ်။ ဒီကင်မရာကို လူငယ်များအနေနဲ့ ပိုမိုအကြိုက်တွေ့နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ခရီးဆောင်အသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေစေနိုင်တဲ့အပြင် ပုံထွက်အရည်အသွေးကိုလည်း အထူးစိတ်ချလို့ရနိုင်ပါတယ်။ အားသာချက် ပုံရိပ်ကြည်လင်ပြတ်သားမှုအတွက်ပါဝင်တဲ့ Megapixel ဟာ ၁၂.၁ ရှိတာကြောင့် Auto Compact ကင်မရာတစ်လုံးမှာရှိသင့်တဲ့ အရည်အသွေးနဲ့ ကိုက်ညီမှုရှိတယ်လို့ဆိုရမှာပါ။ Zoom ဆွဲအားဟာလည်း အထူးကောင်းမွန်ပါတယ်။ ဒီကင်မရာဟာ အခြား Auto ကင်မရာများထက်ပိုမို Zoom ကစားနိုင်ပြီး Optical Zoom 16X ပါဝင်တာကိုတွေ့ရပါတယ်။ LCD Screen အရွယ်အစားမှာ ၃ လက်မရှိပြီး LEICA အမျိုးအစားမှန်ဘီလူးကို တပ်ဆင်အသုံးပြုထားပါတယ်။ အပျော်တမ်းအတွက် စုံလင်တဲ့စနစ်တွေကို ထည့်သွင်းဖန်တီးပေးထားတဲ့အပြင် လုပ်ဆောင်ချက်များကိုလည်း လွယ်ကူစွာ ကိုင်တွယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလင်းအမှောင်အတွက် ISO ကို ၃၂၀၀ အထိ အသုံးပြုနိုင်တာကြောင့် လိုအပ်တဲ့အလင်းအားအတွက် လုံလောက်မှုရှိပါတယ်။ Movie ကိုလည်း Full HD အရည်အသွေးနဲ့ မှတ်တမ်းတင်ရိုက်ကူးနိုင်မှာပါ။ လက်ရှိဈေးကွက်ထဲမှာ အနီရောင်နဲ့ အနက်ရောင်နှစ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အားနည်းချက် ကင်မရာရဲ့ဈေးနှုန်းဟာလည်း အနည်းငယ်များနေတာကို တွေ့ရပါတယ်။ လုပ်ဆောင်ချက်နဲ့ စွမ်းဆောင်ရည်ပိုင်းမှာကတော့ အားနည်းချက်မရှိပါဘူး။ View Finder မပါဝင်တာကလည်း ဒီကင်မရာရဲ့ အားနည်းချက်တစ်ခုဖြစ်ပါတယ်။ 3D စနစ်နဲ့ GPS စနစ်တို့လည်း ပါဝင်ခြင်းမရှိပါဘူး။ ဒါတွေကတော့ ဒီကင်မရာရဲ့ အားနည်းတဲ့အချက်တွေဖြစ်ပါတယ်။ သုံးသပ်ချက် ဒီကင်မရာဟာ ဈေးနှုန်းများပေမယ့် အကောင်းကြိုက်သူအတွက်ကတော့ အဆင်ပြေနိုင်တဲ့ဈေးနှုန်းဖြစ်တယ်လို့ ဆိုရမှာပါ။ ပြည်တွင်းဈေးကွက်မှာ ကျပ်၃၉၀,၀၀၀ ၀န်းကျင်နဲ့ ရောင်းချပေးနေတာကို တွေ့ရပါတယ်။ ဒီကင်မရာမှာ အားနည်းချက်အချို့ရှိပေမယ့် အဓိကကျတဲ့ အပိုင်းမဟုတ်ပါဘူး။ အသုံးပြုသူတွေအနေနဲ့လည်း ကိုင်တွယ်အသုံးပြုမှုအပိုင်းမှာ အဆင်ပြေနိုင်သလို စိတ်ကျေနပ်မှုကိုလည်း အပြည့်အ၀ရရှိကြမယ်လို့ထင်ပါတယ်။ ဒါကြောင့် မိသားစုအပျော်တမ်းအသုံးပြုရန် သင့်တော်တဲ့ကင်မရာတစ်လုံးဖြစ်တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ |
Portable EVD Player ၀ယ်ယူသူများကို beats by dr.dre နားကြပ်လက်ဆောင်ပေးမည်
![]() ၉.၅ လက်မစကရင်အရွယ်အစားရှိ Portable EVD Player ၀ယ်ယူသူများကို beats by dr.dre နားကြပ် လက်ဆောင်ပေးသွားမယ်လို့သိရပါတယ်။ အဆိုပါ EVD Player မှာ CD, VCD, DVD, MP3, JPEG, MPEG 4 စတာတွေကို ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ USB ပို့နဲ့ Memory card Slot ပါဝင်ပါတယ်။ Memory Card slot ပါဝင်တဲ့အတွက် SD, MS, MMC စတဲ့ Memory Card တွေကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အင်တာနာချိတ်ဆက်ရန် ပို့ပါဝင်တဲ့အတွက် အင်တာနာချိတ်ဆက်ပြီး TV လိုင်းတွေကို ဖမ်းယူကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ EVD Player မှာပါဝင်တဲ့ စကရင်ကို ၂၇၀ ဒီဂရီလှည့်လည်ပြီး အသုံးပြုနိုင်ပါတယ်။ ဂိမ်းလည်းကစားနိုင်မှာဖြစ်ပါတယ်။ ဆက်စပ်ပစ္စည်းတွေအနေနဲ့ ဂိမ်းလက်ကိုင်တစ်ဖက်၊ အိတ်ဆောင်အင်တာနာတစ်ချောင်း၊ A/V ကြိုးတစ်ချောင်း၊ Car charger နှင့် အခြားသောဆက်စပ်ပစ္စည်းအချို့ ပါဝင်ပါတယ်။ အရောင်အနေနဲ့ အပြာ၊ ခရမ်း၊ ပန်းနှင့် အနီဆိုပြီး လေးမျိုးရှိတဲ့အတွက် ကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်ပါတယ်။ စိတ်ပါဝင်စားသူများအနေနဲ့ဖုန်း ၃၈၀၅၃၆ နှင့် ၀၉-၈၆၂၂၇၄၄ သို့ ဆက်သွယ်စုံစမ်း ၀ယ်ယူအသုံးပြုနိုင်ပါတယ်။ ရေးသားသူ -ကိုအောင် |
အိုင်တီနှင့် ကွန်ပျူတာဆက်စပ်ကုမ္ပဏီများမှ မိုဘိုင်းဖုန်းဈေးကွက်ကို စိတ်ဝင်စား
![]() အိုင်တီနှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများရောင်းချသည့် ကုမ္ပဏီများမှ မိုဘိုင်းဖုန်းဈေးကွက်ကို စိတ်ဝင်စားလာကြောင်း သိရသည်။ ယခင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း သီးသန့်ရောင်းချသည့် အရောင်းဆိုင်များ၊ ကုမ္ပဏီများမှ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချမှုရှိလာသည့်အပြင် မိုဘိုင်းဖုန်းနှင့်ဆက်စပ်သည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများမှ သိရသည်။ “မိုဘိုင်းဖုန်းဈေးကွက်ထဲကို ၀င်ရောက်လာတဲ့ အဓိကအကြောင်းအရင်းကတော့ Smart Phone တွေက ကွန်ပျူတာတစ်လုံးလို လုပ်ဆောင်နိုင်စွမ်း တူညီလာတာရယ်၊ ယခုနောက်ပိုင်း ဆက်သွယ်ရေးအဆင့်မြှင့်တင်မှုအရ မိုဘိုင်းဖုန်းသုံးစွဲသူ များလာတဲ့အကြောင်းအရင်းတွေကြောင့် ဖြစ်ပါတယ်” ဟု မိုဘိုင်းဖုန်းဈေးကွက်အတွင်းသို့ ၀င်ရောက်ခြင်းနှင့်ပတ်သက်၍ KMD မှ Chairman & CEO ဖြစ်သည့် ဦးသောင်းတင်က KMD Mobile Corner သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မိုဘိုင်းဖုန်းရောင်းချရခြင်းနှင့်ပတ်သက်၍ T-Land IT Digital & Mobile Center မှတာဝန်ရှိသူတစ်ဦးက “မိုဘိုင်းဖုန်းဝယ်ယူသူတစ်ဦးနဲ့ ကွန်ပျူတာဝယ်ယူသူတစ်ဦးဆိုရင် ကွန်ပျူတာဝယ်ယူတဲ့သူက အချိန်ယူစဉ်းစားပါတယ်။ မိုဘိုင်းဖုန်းဝယ်ယူတဲ့သူထက် အချိန်ပိုယူပါတယ်။ ကွန်ပျူတာတစ်လုံးရဲ့ အသေးစိတ်အချက်အလက်၊ သုံးစွဲသူရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိမရှိဆိုတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားပါတယ်။ နောက်တစ်ခုက မိုဘိုင်းဖုန်းဝယ်ယူသူတစ်ဦးက မိုဘိုင်းဖုန်းတစ်လုံးကို တစ်နှစ်အထက်အသုံးပြုပြီးတာနဲ့ အသစ်တစ်မျိုး လဲလှယ်အသုံးပြုတတ်ပါတယ်။ ကွန်ပျူတာတစ်လုံးကတော့ မိုဘိုင်းဖုန်းတစ်လုံးထက် အချိန်တော်တော်ကြာကြာ ပိုပြီးအသုံးပြုကြတယ်” ဟုရှင်းပြသည်။ ထိုကဲ့သို့ ရောင်းချမှုနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက “မိုဘိုင်းဖုန်းဈေးကွက်ထဲကို ကွန်ပျူတာရောင်းချတဲ့ ကုမ္ပဏီတွေ ၀င်ရောက်လာတာဟာဆိုရင် မိုဘိုင်းဖုန်းအသုံးပြုတွေအတွက် ပိုကောင်းလာနိုင်ပါတယ်။ အပြိုင်ကုမ္ပဏီတွေရှိလာတာရယ်၊ ကွန်ပျူတာနဲ့ ချိတ်ဆက်လုပ်ဆောင်ရတဲ့ Service တွေကို အပြည့်အ၀ပေးနိုင်သူတွေ များလာတာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တရားဝင်ကိုယ်စားလှယ်တွေ ကိုယ်တိုင်ရောင်းချမှုရှိလာရင်လဲ သုံးစွဲသူတွေအတွက် ပစ္စည်းအာမခံချက်ပိုစိတ်ချရပြီး Warranty Service တွေ အပြည့်အ၀ရလာနိုင်ပါတယ်” ဟုဆက်လက်ရှင်းပြသည်။ ရေးသားသူ -မိုးသူ |
Canon 5D Mark III
![]() စွမ်းဆောင်ရည်မြင့်မားပြီး ဓာတ်ပုံဆရာများအတွက် အကောင်းဆုံးတီထွင်ဖန်တီးပေးထားတဲ့ Canon ရဲ့မျိုးဆက်သစ် 5D Mark III ကင်မရာဖြစ်ပါတယ်။ လုပ်ငန်းသုံး ဓါတ်ပုံကင်မရာတစ်လုံးဖြစ်ပါတယ်။ 5D Mark II ထက် လုပ်ဆောင်ချက်ပိုမိုစုံလင်တဲ့ ကင်မရာပါ။ Professional ဓါတ်ပုံဆရာများ ထပ်မံရွေးချယ်အသုံးပြုလာကြတဲ့ ကင်မရာတစ်လုံးလို့ဆိုရင်လည်း မမှားပါဘူး။ ဈေးကွက်ထဲကို ရောက်ရှိလာတာ လပိုင်းတော့ရှိသွားပါပြီ။ လက်ရှိမှာ ဓါတ်ပုံဆရာအများအပြားလည်း အသုံးချနေကြတာကို တွေ့ရပါတယ်။ ဈေးနှုန်းကတော့ မြင့်မားပါတယ်။ အားသာချက် ပုံရိပ်ကြည်လင်ပြတ်သားမှုအတွက် စွမ်းဆောင်ပေးတဲ့ Mega-pixel 22 ပါဝင်ပါတယ်။ 5D Mark II ထက်အနည်းငယ်သာတဲ့ Megapixel ဖြစ်ပါတယ်။ Zoom အတွက်ကတော့ ကြိုက်နှစ်သက်တဲ့ Canon မှန်ဘီလူးတွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဈေးကွက်ထဲမှာတော့ 24-105 mm L Lens နဲ့တွဲဖက်ရောင်းချထားတာကို တွေ့ရပါတယ်။ ဒီကင်မရာရဲ့ အဓိကအားသာချက်ကိုပြောရမယ်ဆိုရင်တော့ Focus ပွိုင့် ၆ ခုပါဝင်ခြင်းဖြစ်ပါတယ်။ ဒါဟာ 5D Mark II နဲ့အဓိကကွာခြားချက်ဖြစ်ပါတယ်။ နောက်ကွာခြားချက်ကတော့ Memory အတွက် CF ကတ်နဲ့ SD ကတ်နှစ်မျိုးလုံးကို တစ်ပြိုင်တည်း ထည့်သွင်းအသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ Movie ကိုလည်း Full HD အရည်အသွေးနဲ့ ရိုက်ကူးယူနိုင်ပါတယ်။ အခြားလုပ်ဆောင်ချက်တွေနဲ့ ဖွဲ့စည်းပုံတွေဟာ 5D Mark II နဲ့တူညီတာကို တွေ့ရပါတယ်။ အားနည်းချက် Canon ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ ကင်မရာဖြစ်ပေမယ့် 5D Mark II ထက် အနည်းငယ်အားသာမှုရှိတာကို တွေ့ရပါတယ်။ ဒါပေမဲ့ 5D Mark II ထက် ဈေးနှုန်းနှစ်ဆ ပိုများနေပါတယ်။ ဒါဟာ ဒီကင်မရာရဲ့ အဓိကအားနည်းချက်ပါ။ အခြားအားနည်းချက်တွေတော့ မရှိပါဘူး။ သုံးသပ်ချက် 5D Mark II နဲ့ လုပ်ဆောင်ချက်အနည်းငယ်သာ ကွာဟပေမယ့် ဈေးနှုန်းထက်ဝက်ခန့် ကွာဟနေပါတယ်။ ဒါကြောင့် ဓာတ်ပုံဆရာတွေ ရွေးချယ်ဝယ်ယူအသုံးပြုဖို့ အခက်တွေ့နေကြပါတယ်။ ဒါပေမဲ့ Model အသစ်စကိုင်လိုသူတွေအတွက်ကတော့ ကိစ္စမရှိပါဘူး။ ဈေးနှုန်းပိုင်းတစ်ချက်ကိုသာ စဉ်းစားရမှာပါ။ ကင်မရာရဲ့ လုပ်ဆောင်ချက်နဲ့ ဖွဲ့စည်းပုံတွေကတော့ အသုံးပြုသူဓာတ်ပုံဆရာများကို စိတ်ကျေနပ်မှု အပြည့်အ၀ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ကျပ် ၃၇ သိန်းဝန်းကျင်ရှိပြီး ပြည်တွင်းဈေးကွက်မှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းအတွက် ရွေးချယ်အသုံးပြုမယ်ဆိုရင်လည်း သင့်တော်တဲ့ကင်မရာဖြစ်ပါတယ်။ ရေးသားသူ -ကျော်မျိုးဦး |
Google+ သည် လူမှုကွန်ရက်တစ်ခုမဟုတ်ကြောင်း Google အမှုဆောင်ပြောကြား
![]() Google+ သည် Facebook ကိုယှဉ်ပြိုင်ရန်အတွက် ထုတ်လုပ်ထားသည့် လူမှုကွန်ရက်သီးသန့်မဟုတ်ဘဲ Google အား အဆင့်မြှင့်တင်ထားသည့် ၀န်ဆောင်မှုတစ်ခုဖြစ်ကြောင်း Google ကုမ္ပဏီ၏ အမှုဆောင်များကပြောကြားခဲ့သည်။ လက်ရှိတွင် Google+ သုံးစွဲနေသူများသည် Google+ ၏ circle များမှနေ၍ မိသားစု၊ မိတ်ဆွေများနှင့် စကားစမြည်ပြောဆိုခြင်း၊ ဓာတ်ပုံများတင်ခြင်း၊ ဗီဒီယိုများကြည့်ရှုခြင်းတို့ကို ပြုလုပ်နေကြရာ ယင်းတို့ကို အခြားလူမှုကွန်ရက်များတွင်လည်း ပြုလုပ်နိုင်ကြောင်းနှင့် Google+ အား ၎င်းထက်ပိုသည့်ရည်မှန်းချက်ဖြင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ လူမှုစီးပွားရေးတွဲဖက်ဥက္ကဋ္ဌ X Vic Gundotra နှင့် Google+ ၏ထုတ်ကုန်တွဲဖက်ဥက္ကဌ Bradley Horowitz တို့ကပြောကြားခဲ့သည်။ Google+ သည် လူမှုကွန်ရက်တစ်ခုအဖြစ်ထက် Google ၏ထုတ်ကုန်များအားလုံးကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ကြောင်း၊ အသုံးပြုသူများက အဆိုပါအချက်ကို နားလည်မှုလွဲနေခြင်းဖြစ်ကြောင်း Gundotar က သတင်းဌာနတစ်ခုသို့ပြောကြားခဲ့သည်။ Google+ သည် Google ထုတ်ကုန်များအားလုံးကို တစ်စုတစ်စည်းတည်း အသုံးပြုနိုင်စေရန် ပြုလုပ်ထားခြင်းဖြစ်ပြီး လူမှုကွန်ရက်တစ်ခုအဖြစ်ထက်မူ ပိုမိုသာလွန်ကြောင်း Gabriel အကြံပေးအုပ်စု၏ သုတေသီတစ်ဦးဖြစ်သူ Dan Olds ကထုတ်ဖော်ပြောကြားခဲ့သည်။ ရေးသားသူ -ဟေမာ |
သြစတြေးလျနိုင်ငံ New Castle University မှ နိုင်ငံတကာ ကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆုလျှောက်ထားနိုင်ရန်ခေါ်ယူ
![]() သြစတြေးလျနိုင်ငံ New Castle University ၏အင်ဂျင်နီယာဌာန၊ ပတ်ဝန်းကျင်နှင့် ဆောက်လုပ်ရေးဌာနတို့မှ ၂၀၁၂ -၂၀၁၃ ခုနှစ်အတွက် နိုင်ငံတကာ ကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆုလျှောက်ထားနိုင်ရန် ခေါ်ယူကြောင်း EduLink Australia မှသိရသည်။ အဆိုပါပညာသင်ဆုကို ပေးအပ်ရခြင်းရည်ရွယ်ချက်မှာ New Castle ၏ Faculty of Engineering & Built Environment တို့မှ နိုင်ငံတကာ ကျောင်းသူကျောင်းသားများအတွက် ကမ္ဘာ့အဆင့်အတန်းမီ Undergraduate Education ကိုရရှိစေရန် အခွင့်အလမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။ ပညာသင်ဆုမှာ ကျောင်းလခ၏ Semester အလိုက် ၂၅ ရာခိုင်နှုန်းကိုရရှိမှာဖြစ်ပြီး ပညာသင်ဆုရရှိသော ကျောင်းသားကျောင်းသူများ၏ ပညာရေးကြိုးစားအားထုတ်မှုပေါ်မူတည်၍ ပညာသင်နှစ် ၅ နှစ်ရရှိမည်ဖြစ်သည်။ ၎င်းပညာသင်ဆုကို လျှောက်ထားသော ကျောင်းသားကျောင်းသူများ၏ ပညာအရည်အချင်းပေါ်မူတည်၍ ရွေးချယ်သွားမည်ဖြစ်ပြီး လျှောက်ထားရန်နောက်ဆုံးရက်မှ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်ဖြစ်သည်။ ပညာသင်ဆုရွေးချယ်ချီးမြင့်မည့် ကျောင်းသားဦးရေမှာ ၁၂ ယောက်ဖြစ်ပြီး Full-Time Degree Program ကို တက်ရောက်ရမည်ဖြစ်သည်။ အဓိကဘာသာရပ်များဖြစ်သည့် Engineering, Computer Science, Architecture, Construction Management, Industrial Design အစရှိသည့်ဘာသာရပ်များမှ ခွဲထွက်သော သက်ဆိုင်ရာအထူးပြုဘာသာရပ်များကိုပါ လျှောက်ထားနိုင်သည်။ ပညာသင်ဆုချီးမြှင့်ခံရသော ကျောင်းသားကျောင်းသူသည် Bursary ပညာသင်ဆုအနေဖြင့် ဒေါ်လာ ၁,၀၀၀ ကိုထပ်မံခံစားနိုင်ရန် လျှောက်ထားနိုင်ကြောင်းသိရသည်။ အသေးစိတ်သိရှိလိုပါက EduLink Australia ဖုန်း ၀၁-၅၀၀ ၄၆၄ သို့ ၀၉-၇၃၁၆ ၂၅၈၆ သို့မေးမြန်းစုံစမ်းနိုင်သည်။ ရေးသားသူ -စိုးမြင့်ထွန်း |
Singapore Road Show ကို မန္တလေးနှင့်လားရှိုးမြို့များတွင် ကျင်းပမည် အတွဲ(၁၃) အမှတ်(၂၅)
![]() တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ထားသူများနှင့် စင်ကာပူပညာရေးကို စိတ်ဝင်စားသော မန္တလေးနှင့်လားရှိုးမြို့ကြီးများမှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများအတွက် ပညာရေးသတင်း အချက်အလက်များကို တစ်နေရာတည်းတွင်လေ့လာနိုင်ရန် Singapore Education Road Show ကို ဇူလိုင်လ (၁) ရက်နှင့် ဇူလိုင်လ (၃) ရက်များတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပွဲကို စင်ကာပူနိုင်ငံမှ Edu Trust လက်မှတ်ရရှိထားပြီး Asia One People's Choice Award ရရှိထားသော ကျောင်းများနှင့်ပူးပေါင်းကာ ကျင်းပခြင်းဖြစ်သည်။ အဆိုပါ Singapore Education Road Show ကို ဇူလိုင်လ (၁)ရက် တနင်္ဂနွေနေ့တွင် မန္တလေးမြို့ ၇၈ လမ်းရှိ Hotel Mandalay တွင် ညနေ (၃)နာရီ မှ (၆)နာရီ အထိလည်းကောင်း၊ ဇူလိုင်လ (၃)ရက် အင်္ဂါနေ့တွင် လားရှိုးမြို့ရှိ Lashio Motel တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။ Singapore Education Road Show ၌ ၂၀၁၁-၂၀၁၂ တွင် Asian One People's Choice Award ရရှိထားသည့်ကျောင်းများဖြစ်သည့် SIM, PSB Academy, MDIS တို့ ပါဝင်ပြသမည်ဖြစ်ပြီး Engineering, Computer, Business, Accounting, Finance, Economics, Logistics, Journalism & Public Relation, Biomedical Science, Biotechnology, Pharmacy, Fashion Design အစရှိသည့် ဘာသာရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြသသွားမည်ဖြစ်သည်။ ၎င်း Singapore Education Road Show ကိုဖြစ်မြောက်ရန်အတွက် Study Aboard Information Center မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ |
မဖွယ်မရာပြုသူအား ထောင်ဒဏ်၁၀နှစ်နှင့် ကြိမ်ဒဏ်(၁၆)ချက်ပေး
၎င်းက ထိုသို့ ကြော်ငြာတင်၍ ကျန်းမာရေး စစ်ဆေးရန်အတွက် ဆက်သွယ်လာသော အမျိုးသမီးများအား လိင်ပိုင်ဆိုင်ရာကိစ္စများ မတော်တရောက်လုပ်ခဲ့တာတွေကို တရားရုံးက စစ်ဆေးတွေ့ရှိတဲ့အတွက် ထောင်ဒဏ်၁၀နှစ် ကျခံစေရန်နှင့် ကြိမ်ဒဏ်(၁၆)ချက် ပေးရန် တရားရုံးက စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။
သီတာထွေးအမှု တရားခံများ သေဒဏ်ချမှတ်
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးကို မုဒိမ်းကျင့် လုယက် သတ်ဖြတ်ခဲ့သော တရားခံ သုံးဦးကို ဇွန်လ ၁၈ရက်နေ့ နံနက် ၁၁နာရီ ၅၀မိန့်နစ်တွင် သေဒဏ် ပြစ်ဒဏ် ချမှတ် ချမှတ်လိုက်ပြီဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ ရှေ့နေတစ်ဦးက The Voice Weeklyသို့ ပြောကြားသည်။
အဆိုပါ အမှုကို ဇွန်လ ၈ ရက်နေ့တွင် ပထမဆုံး အကြိမ် စတင်စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဇွန်လ ၁၁ရက် နေ့မှ ၁၅ရက်နေ့အထိ နှစ်ဖက်လုံးမှ သက်သေများ၊ တရားလို တရားခံများကို စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ သက်သေများ၏ ထွက်ဆိုချက်ကို ရယူပြီ ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။
ပြစ်မှု ကျူးလွန်သူ အဖြစ် စွပ်စွဲခံထားရသူ အစ္စလာမ်ဘာသာဝင် သုံးဦးအနက် ထက်ထက် (ရော်ရှီး) သည် မိမိကိုယ်ကို အဆုံးစီရင်သွားပြီး ကျန်နှစ်ဦးဖြစ်သော ရော်ဖီး၊ ခိုရှီး တို့သည် ယင်းပြစ်ဒဏ်ကို ခံစားရမည်ဖြစ် ကြောင်း အဆိုပါရှေ့နေက ရှင်းပြသည်။
မသီတာထွေးသည် မေလ ၂၈ရက်နေ့က ကျောက်နီမော်ကျေးရွာ စံပြရပ်ကွက်မှ စက်ချုပ်သင်ပြီးနေအိမ်သို့ ပြန်လာစဉ် အစ္စလာမ် ဘာသာဝင်များနေထိုင်သော ကျောက်ထရံရွာ အနီးတွင် အစ္စလာမ်ဘာသာဝင်သုံးဦးက မုဒိမ်းကျင့်၊ လုယက် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများမှတစ်ဆင့် ဇွန်လ ၅ရက်နေ့တွင် ဖော်ပြခဲ့သည်။
The Voice Weekly
တစ်သောင်းတန် အသစ်ကြောင့် ရွှေဈေး ပြန်လည် လှုပ်ခတ်
ရွှေအရောင်းဆိုင် |
“ကမ္ဘာရွှေဈေးကလည်း တက်နေတယ်ခုနည်းနည်းတော့ကျလာပြီ။ ဒေါ်လာဈေးကလည်းဒီရက်ပိုင်းနည်း
ရွှေဈေးမှာ ဇွန်လ(၁၈)ရက်နေ့တွင် ကမာ့္ဘရွှေပေါက်ဈေးအရ တစ်အောင်စလျှင် ဒေါ်လာ (၁၆၂၄)ကျပ်လောက်ရှိနေပြီး၊ မြန်မာ့ရွှေဈေး မှာ (၁၆) ပဲရည်တစ်ကျေပ်သားလျှင် ငွေကျပ် (၇၂၆၃၀၀) ကျပ်၊ (၁၅) ပဲရည်မှာ (၆၇၅၀၀၀) ကျပ်ရှိ နေကြောင်း သိရှိရသည်။
ပြည်တွင်းဈေးကွက်အတွင် အခေါက်ရွှေးဈေးနှုန်းသည် ပြီးခဲ့သည့် မေလ(၁၄)၇က်နေ့ မှစ သုံးပတ်နီးပါးမျှကျပ် (၇) သိန်းအောက်သို့  ရောက်ရှိခဲ့ပြီး ဇွန်လ (၄) ၇က်နေ့မှ စတင်ကာ ကျပ် (၇) သိန်းအထက် ရောက်ရှိခဲ့သည်။
“ပိုက်ဆံအသစ်ထွက်တာနဲ့ ရွှေဈေးတစ်သောင်းကျော်ထပ်တက်သွာ
ဇွန်လ (၁၅)ရက်နေ့ ငွေစက္ကူအသစ် စတင်ထုတ်ဝေပြီးနောက် ရန်ကုန်မြို့ ရွှေဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်ငွေ ခုနှစ်သိန်းနှစ်သောင်းကျော်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်
“ရွှေဈေးပြန်တက်လာတော့ အရောင်းအဝယ်ပြန်ဖြစ်လာတယ်။ ရှုံးတဲ့သူရှိသလို၊ မြတ်တဲ့သူလည်း ရှိတယ်။ ကမ္ဘာ့ရွှေဈေးကလည်း မတည်ငြိမ်ဘူး။ အတက်အကျကြမ်းတယ်။ ပြီးတော့ ငွေစက္ကူအသစ်ကလည်း ထုတ် ထားတယ်ဆိုတော့ ဆက်ပြီးစောင့်ကြည့်ရဦးမယ်”ဟု Gold Star ရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇွန်လဆန်းပိုင်းတွင် ရွှေဈေးနှုန်းခုနှစ်သိန်းအထက်သို
ငွေစက္ကူအသစ်ထွက်သည့်နေ့ ဇွန်လ (၁၅) ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ်အောင်
၂၀၁၂ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဇွန်လ ဒုတိယအပတ်ကျော်သည်အထိ ကမ္ဘာ့ရွှေဈေးမြင့်တက်ခဲ့မှုကြော
စစ်တွေကမ်းနား တလျှောက် လုံခြုံရေး တိုးမြှင့်ချထား၊ ဈေးနှင့် ကျောင်းများ ပိတ်ထားဆဲ
ကမ်းနားတစ်လျောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထား |
စစ်တွေတွင် ယခင်က လုံခြုံရေးချထားခြင်းမရှိသေးသော နေရာများဖြစ်သည့်နေရာ အချို့တွင် လုံခြုံရေး တိုး မြှင့်ချထား မှုများ ပြုလုပ်လာခြင်းဖြစ်သည်။ မြစ်ကမ်းစပ်နှင့်ပင်လယ်ကမ်ြးေ
''ကမ်းနားလမ်းတစ်လျှောက်ပေါ့၊ ညဆိုရင် ရဲကင်းတွေ နေရာအနှံ့ချထားတာ တွေရပါတယ်၊ ဒါအပြင် စစ်တွေဟိုတယ်ဘက် ပင်လယ်ကမ်းခြေမှာလည်း ရဲကင်းချထားတာတွေ့ရပါတယ်၊ အထူးသဖြင့်ဘင်္ဂါလီတွေရေကြောင်းကေ
ရွှေပြားရပ်ကွက်ရှိ မြစ်ကြောင်းတစ်လျှောက် လျှပ်စစ်မီးများထွန်းထားရပြီး ရဲနှင့် အရပ်သားများကပူးပေါင်း၍ ကင်းစောင့် ရကြောင်း ရွှေပြားရပ်ကွက်က ဒေသခံတစ်ဦးက ပြောသည်။
''ရပ်ကွက်လုံခြုံရေးကို ရဲ နဲ့ ပြည်သူတွေနဲ့ပေါင်းပြီးကင်းစော
လက်ရှိ အနေအထားအရ ဘင်္ဂါလီများကို စစ်တွေမြို့ပြင်ရှိ ဘုမေနှင့် ရေချိုးဆိပ် သဲချောင်းတို့တွင်ယာယီနေရာချပေး ထားပြီး ကျောင်းကြီးလမ်းရပ်ကွက်နှင့် အောင်မင်္ဂလာတို့တွင် ဘင်္ဂါလီ အများအပြားကျန်ရှိနေသေး ကြောင်းကိုလည်း သိရသည်။
မင်းရပ်ကွက်နှင့် နေရာအချို့တွင် စစ်တပ်နှင့် ရဲလုံခြုံရေးချထားဆဲဖြစ်သလို ညမထွက်ရအမိန့်လည်း ထုတ်ပြန် ထားဆဲဖြစ်သည်။
'’ ကာဖျုးထုတ်လိုက်ခြင်းအားဖြင့်
တစ်ပတ်အတွင်းရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများ
လူထုခေါင်းဆောင်နှင့် U2 ဘိုနို (ဓါတ်ပုံ)
![]() |
နော်ဝေနိုင်ငံ၊ အော်စလိုမြို့က မြန်မာ့နိုင်ငံရေး အကြောင်း ဆွေးနွေးတဲ့ အော်စလိုဖိုရမ်ကို တက်ရောက်တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူတူး တေးဂီတအဖွဲ့ ခေါင်းဆောင် ဘိုနို |
![]() |
နှင်းဆီပန်းအနီ၊ လုံချည်အနီနဲ့ လန်းဆန်းပြုံးရွှင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် |
![]() |
အဆိုတော် ဘိုနို၊ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Jonas Gahr Stoere နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အား အောစလိုဖိုရမ် စင်မြင့်ထက်ဝယ် ဇွန်(၁၈)ရက်နေ့က တွေ့ရစဉ်(ဓာတ်ပုံ-AFP) |
![]() |
ဇွန်(၁၈)ရက်နေ့က
အောစလိုဖိုရမ်သို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေ
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Jonas Gahr Stoere က
ကြိုဆိုနှုတ်ဆက်နေစဉ်(ဓာတ်ပုံ- |
ပွဲစားများကြောင့် ကိုယ်တိုင်ဆိုင်ကယ်လိုင်စင်ပြုလုပ်သူများ အခက်တွေ့နေ
ပွဲစားများကြောင့် ကိုယ်တိုင်ဆိုင်ကယ်လိုင်စင်ပြုလုပ်သူများ အခက်တွေ့နေ
ပြင်ဦးလွင်မြို့ရှိ လိုင်စင်မဲ့ဆိုင်ကယ်(ဘလက်ဘီး)များအား လိုင်စင်ပြုလုပ်ပေးရာတွင် ပွဲစားများကြောင့်ကိုယ်တိုင်လိုင်စင် လုပ်သူများအနေဖြင့် အဆင်မပြေမှုများဖြစ်ပေါ်လျှက်ရှိကြောင်း ဆိုင်ကယ်လိုင်စင်--
သတင်းအပြည့်အစုံကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ရွှေပြည်သာမှာ ဆန္ဒပြ
![]() |
၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်က ရွှေပြည်သာ စက်မှုဇုန် (၁) ရှိ good family အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ်။ RFA |
စက်ရုံတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုထွန်းလင်းအောင်ကို အလုပ်ထုတ်လိုက်တဲ့အတွက် မကျေမနပ်ဖြစ်ပြီး အခုလို ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ မကြည်ကြည်ခင်က ပြောပါတယ်။
"ဒီထုတ်ပယ်မှုကို သမီးတို့ အနေနဲ့ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်ပါဘူးဆိုတာက သမီးတို့ရဲ့ အလုပ်သမား အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဖြစ်နေတဲ့အတွက်ကိုလည်း အလုပ်မခံနိုင်ပါဘူး။ ဒီအစိုးရကိုလည်း မလေးစားသလိုမျိုးဖြစ်တယ်။ အလုပ်သမား အဖွဲ့အစည်းကိုလည်း မလေးစားသလိုမျိုးဖြစ်တယ်။ ဥပဒေကိုလည်း မလိုက်နာသလိုမျိုး ဖြစ်တဲ့အတွက် သမီးတို့က သူတို့ရဲ့ ထုတ်ပယ်မှုကို ငြင်းပယ်ပါတယ်"
အလုပ်သမား အချင်းချင်း ဖြစ်ပွားတဲ့ ပဋိပက္ခတစ်ခုကို အလုပ်သမားခေါင်းဆောင် ကိုထွန်းလင်းအောင်က ၀င်ရောက် ဖြေရှင်းပေးခဲ့တဲ့အပေါ် အလုပ်ရှင်ဘက်က နားလည်မှုလွဲပြီး ကိုထွန်းလင်းအောင်ကို အလုပ်ထုတ်လိုက်တာ ဖြစ်တယ်လို့ စက်ရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခုလို ကိုထွန်းလင်းအောင်ကို ရုတ်တရက် အလုပ်ထုတ်လိုက်တာဟာ အလုပ်ရှင်ဘက်က အလုပ်သမား ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မမာမာဦးက ပြောပါတယ်။
ညနေပိုင်းမှာတော့ အလုပ်သမားတွေဘက်က တောင်းဆိုချက်ဖြစ်တဲ့ ကိုထွန်းလင်းအောင်ကို အလုပ်ပြန်လည် ခန့်အပ်ရေးကို အလုပ်ရှင်ဘက်က လိုက်လျောပေးတာကြောင့် နှစ်ဖက်ပြေလည်မှု ရရှိသွားတယ်လို့ သိရပါတယ်။
Monday, July 9, 2012
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဒေသခံနှင့် သွားရောက် တွေ့ဆုံ
ဖနိဒါ | ကြာသပတေးနေ့၊ ဇူလိုင်လ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၀ မိနစ်
ချင်းမိုင်(မဇ္စျိမ)။ ။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မဲဆန္ဒနယ် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဒေသခံ ပြည်သူများ တင်ပြသည့် အခက်အခဲများကို ဆွေးနွေးခဲ့သည်ဟု သတင်း လိုက်ပါယူခဲ့သူ ပေါ်ပြူလာနယူးစ်က သတင်းထောက် ကိုဥာဏ်လင်းအောင်က ပြောသည်။
ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာ အောင်ဇမ္ဗူပရဟိတ စာသင်တိုက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ရေ၊ လျှပ်စစ်မီး၊ ချေးငွေ၊ အလုပ်အကိုင် ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများနှင့် ပတ်သက်၍ တင်ပြချက်များကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ကလေးတွေ ကျောင်းမတက်နိုင်တဲ့ ကိစ္စတွေ၊ သူတို့ဒေသမှာ ဆေးပေးခန်း မရှိတဲ့ ကိစ္စတွေ၊ သန့်စင်တဲ့ရေ မရှိတဲ့ ကိစ္စတွေ ပါတယ်။ အလုပ်လက်မဲ့ ကိစ္စတွေ များသောအားဖြင့် တင်ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူလုပ်ပေးနိုင်တဲ့ ကိစ္စတွေ လုပ်ပေးမယ်၊ တချို့ဟာတွေက အစိုးရနဲ့ ဆိုင်တဲ့ကိစ္စတွေကိုတော့ ညှိနှိုင်းပြီးတော့ သူလုပ်ပေးမယ်လို့ ပြောတယ်” ဟု ကိုဥာဏ်လင်းအောင်က ပြောသည်။
ထို့ပြင် ဒေသခံတဦးက ချေးငွေ ကိစ္စနှင့် ပတ်သက်၍ တင်ပြချက်ကို ဒေါ်အောင်ဆန်းစုကြည်က အသေးစားချေးငွေ ထုတ်ပေးနေသည့် အဖွဲ့တခုနှင့် ချိတ်ဆက်ထားပြီး လာမည့် သုံး၊ လေးလအတွင်း ကော့မှူးမြို့နယ်အတွင်း အကောင်အထည် ဖော်လာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ရေကိစ္စကတော့ ကျမတို့ တတ်နိုင်သလောက် လုပ်သွားမှာပါ။ ငွေကိစ္စ ချေးငွေကိစ္စနဲ့ ပတ်သက်လို့၊ အသေးစားချေးငွေ အပြင်မှာ လုပ်နေတဲ့ အဖွဲ့တခုနဲ့ ချိတ်ဆက်ပြီးပြောတယ်။ ဒါဒီဟာကိုတော့ နောက် သုံးလေးလမှာ ဒီကော့မှူးဘက်ကို လာဖို့အတွက် ချိတ်ဆက်ပြီးတော့ လုပ်ကိုင်ဖို့ ကျမတို့ ချိတ်ဆက်ထားပါတယ်။ သုံးလေးလ လောက်မှာ ဖြစ်လာမယ်လို့ ကျမ မျော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို တယ်လီဖုန်းမှတဆင့် ဖမ်းယူခဲ့ခြင်း ဖြစ်သည်။
ကော့မှူးမြို့နယ် ကျေးရွာပေါင်း ၆၁ ရွာမှ ကျေးရွာဒေသခံ ၃ဝဝ ကျော် တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က သန့်စင်သည့်ရေနှင့် ဆည်ရေများ ရရှိရေးအတွက် မိုးရာသီကုန်ပါက ရေတွင်းများ တူးပေးမည်ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။
ပထမအကြိမ် လွှတ်တော် စတုတ္ထု ပုံမှန်အစည်းအဝေးကို သုံးရက်ကြာ ခွင့်ယူထားစဉ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ မဲဆန္ဒရှင် ပြည်သူများနှင့် သွားရောက် တွေ့ဆုံခဲ့သလို၊ ပါတီတွင်း လုပ်ငန်းများကိုလည်း လွှတ်တော်လုပ်ငန်းဆိုင်ရာကော်မတီနှင့် လွှတ်တော်ဆိုင်ရာ ဆော်သြော်ရေး တာဝန်များကို
ပေးအပ်ခဲ့သည်။
NLD လွှတ်တော်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ဦးဆောင်မှုပေးနိုင်ရေးအတွက် “လွှတ်တော် လုပ်ငန်းဆိုင်ရာကော်မတီ”ကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီတွင် ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခုနှစ်ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ထို့ပြင် လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ ပံ့ပိုးကူညီနိုင်ရန် “လွှတ်တော်ဆိုင်ရာ ဆော်သြော်ရေး”မှူး အဖြစ် တောင်တွင်း ကြီး မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့် လက်ထောက် ဆော်သြော်ရေးမှူးအဖြစ် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းအား ခန့်အပ်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော် (ခ) ဦးဖြိုးဇေယျာသော်ကို ဒေါ်အောင်ဆန်းစု ကြည်၏ လွှတ်တော်ဆိုင်ရာ အရာရှိအဖြစ် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မဲဆန္ဒနယ်မြေသို့ ရွေးကောက်ပွဲပြီးနောက် ဧပြီလ ၁၇ ရက်နေ့ကလည်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကံစမ်းမဲ ဖောက်၍ ဆုငွေ ပေးအပ်ခဲ့သည်။ ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပမည် တကြိမ် ယခုတကြိမ်ဆိုလျှင် သုံးကြိမ်မြောက် ဒေသခံ ပြည်သူများနှင့် သွားရောက် တွေ့ဆုံခြင်း ဖြစ်သည်။
Sunday, June 24, 2012
( SWiSH Max4 4.0 )ဆော့ဝဲဖြင့် ( Flash song ) ပြုလုပ်နည်း




















( မှတ်ချက် )= ပုံတွေသေးနေလို့ သိပ်မမြင်ရဘူးဆိုလျှင်ပုံပေါ်ကို( Right Click ) နှိပ်ပြီး ( open link in new tab )ကိုကလစ်ပြီးပုံအကြီးနိုင်ပါတယ်)အားလုံးအဆင်ပြေပါစေဗျာ
အကြင်နာနန်းတော်မှ ကူးယူဖြန့်ဝေသည်။
Tuesday, April 24, 2012
firefox security
blogger ကော့သောင်းသား မှ ကူးယူထားပါသည်။
မသိသေးတဲ့ သူတွေလည်း ရှိမှာပါပဲ ဘာပဲဖြစ်ဖြစ် မသိသေးတဲ့ သူတွေအတွက်
ကာကွယ်နိုင်အောင်ပါ။
Website တွေမှာ Login လုပ်ရင် firefox က မိမိရဲ့ Password ကို မှတ်ထားပေးရမလား
ဒါမှမဟုတ် မမှတ်ထားဘူးလားလို့
အောက်ကပြထားတဲ့ပုံအတိုင်းမေးပါတယ်၊

တကယ်လို့ မိမိတစ်ယောက်တည်းသုံးနေတဲ့ ကွန်ပျူတာ မှာ Remember ကို နှိပ်တာ ကိစ္စမရှိပေမယ့် အများသုံးနေတဲ့ကွန်ပျူတာဆိုရင် Never for this site ပါဘဲ
အများသုံးနေတဲ့ကွန်ပျူတာမှာ Remember သာနှိပ်ထားခဲ့ရင်တော့
တစ်ယောက်ယောက်က အောက်ကပြထားတဲ့ ပုံအတိုင်း ပြန်ရှာရင်
ကိုယ့် Password ကိုသူများသိသွားပါလိမ့်မယ်





Subscribe to:
Posts (Atom)
Popular Posts
-
Android ဖုန်းအတွက် အလန်းဇယား Wallpaper လှလှလေးများ - 5မျိုး Download - KoiFreeLiveWallpaper_v1.5.apk ====================...
-
မောင်(စွယ်စုံကျမ်း)ဆိုဒ်မှ ကူးယူသည်။............................ Android ဖုန်းအတွက် အသစ်ထွက် Viber Version 3 အလန်းလွန် အလွန်ကောင်းပါတယ်။...
-
ခုဆုဂျေတင်ပြမယ့်...အဆိုတော်လေးကတော့...အသံချိုချိုလေးနဲ့သီချင်းအေးအေးလေးတွေကို.. ဆွဲဆွဲငင်ငင်လေးဆိုတတ်တဲ့..နာမည်ဆန်းဆန်းလေး...ပုံလန်းလန်းလေ...
-
ndroid ဖုန်းကနေ စံဇာဏီဘို၏ 12ရာသီဟောစတမ်းနဲ့ စွယ်စုံ Download - myanmarzodiac-4-v1.4.apk
-
Gtalk Gadget လို့ ခေါ်တဲ့ http://talkgadget.google.com/talkgadget/popout ကိုသွားလိုက်ပါ။ အဲဒီမှာ အရင်ဆုံး Signinကို နှိပ်လိုက်ပါ။ ပြီးရင...
-
Android ဖုန်းလုံခြုံရေးအတွက် လက်ဗွေနဲ့ သောခတ်ထားလို့ ရတဲ့ဆော့ဝဲ Download - Finger Security For Android
-
INTERNET journal မှဆက်လက်ကူးယူဖော်ပြသည်။ ကျွမ်းကျင်ဝန်ထမ်းရှားပါးမှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ချက်ဖြ...
-
ဒီလိုပါပဲဗျာ……….လူဆိုတာ ဘယ်လိုနေနေ……..အပြစ်မြင်ချင်ရင်တော့ အပြစ်ရှာလို့ရတာပေါ့ဗျာ ဟုတ်တော့လည်းဟုတ်တယ်ဗျ ကျနော် မြန်မာအမျိုးသား လိ...
-
တအာင်း(ပလောင်)အမျိုးသားအလံ (၁) နေကို ကိုးကွယ်ရသည့် အကြောင်းအရင်း တောတောင်ကုန်းမြင့်ဒေသများတွင် နေထိုင်ကြသော ကု...
-
ဒီမှာတင်းတယ်..တင်းတယ်...လို့ခပ်မိမိလေးဆိုတတ်တဲ့...အဆိုတော်မလေးအေသင်ချိုဆွေပါရှင်.. အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့..မလိုက်အောင်ပဲ...သီချင်းဆို...
ပလောင်လေးမှ
လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................