Tuesday, September 13, 2011

photo
မြန်မာစာရေးဆရာလေးဦးပါဝင်မည့်တတိယအကြိမ် 
စာပေဟောပြောပွဲအား ဧပြီလအတွင်း စင်ကာပူနိုင်ငံ၌ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ယင်းစာပေဟောပြောပွဲအား စင်ကာပူနိုင်ငံUCC ခန်းမ တွင်ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ဆရာချစ်ဦးညို၊ ကျော်ဝင်း၊ ဦးဘုန်း(ဓာတု)၊ အောင်သင်းတို့ပါဝင်
ဟောပြောသွားမည်ဟု သိရှိရသည်။
"ကျွန်တော်တို့ အခုတစ်ခေါက် သွားမယ့် စာပေဟောပြောပွဲက တတိယအကြိမ်မြောက်ပါ။ အရင်အခေါက်တွေတုန်းကလည်း ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲ လာအားပေးခဲ့ကြတဲ့အတွက် အားတက်ခဲ့ရပါတယ်။ စာပေဟောပြောပွဲကိုလာပြီး နားထောင်တဲ့သူအများစုက စာပေကို တကယ်မြတ်နိုးကြတဲ့ လူငယ်တွေများသလို အချိန်မအားမလပ်တဲ့ကြားကပဲ မြန်မာစာပေကို တန်ဖိုးထားဖတ်ရှုသူတွေ ဆိုတာကို သိခွင့်ရပါတယ်။ ဒါကြောင့် အခုတစ်ခေါက် စာပေဟောပြောပွဲကိုလည်း သေချာပြင်ဆင်သွားမှာပါ"ဟု စာပေဟောပြောပွဲတွင် ပါဝင်မည့် ဆရာတစ်ဦးက ရှင်းပြခဲ့သည်။

စာပေဟောပြောပွဲ ၀င်ခွင့်လက်မှတ်များအား စင်ကာပူဒေါ်လာ ၁၅ ဖြင့်ရောင်းချလျက်ရှိပြီး သွားရောက် ဟောပြောမည့် စာရေးဆရာများ၏ ထွက်ရှိပြီး စာအုပ်အချို့အား ရောင်းချမည့်အစီအစဉ်များလည်း ပါဝင်မည်ဟု သိရသည်။ စင်ကာပူနိုင်ငံ စာပေဟောပြောပွဲကို ပထမအကြိမ်တွင် ဆရာချစ်ဦးညို၊ နေ၀င်းမြင့်နှင့် ဆရာမဂျူးတို့နှင့်ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်တွင် ဆရာအော်ပီကျယ်၊ ချစ်ဦးညိုနှင့် မောင်စိန်ဝင်း(ပုတီးကုန်း) တို့နှင့် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရှိ ရသည်

No comments:

Post a Comment

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................