Tuesday, September 13, 2011

အသက်၂၁မတိုင်ခင်အရက်သောက်ခြင်းသည်

အသက်   ၂၁   နှစ်အရွယ်မတိုင်မီ   အရက်သောက်ခွင့် ရသည့်နေရာ၌ကြီးပြင်း   လာသောလူငယ်များသည်
ဤကဲ့သို့ သုံးစွဲ၍ မရသော နေရာများ၌ကြီးပြင်းလာရသူများထက် အရွယ်ရလာလျှင် အရက်ကြောင့်ဖြစ်သော
လူမှုရေး၊ကျန်းမာရေး ဆိုင်ရာ ပြဿနာ များ ပိုမိုကြုံ တွေ့ရကြောင်း     ၀ါရှင်တန်တက္ကသိုလ်စိတ်ပညာဌာနမှ
အမျိုးသမီး သုတေသန ဦးဆောင်  ညွှန်ကြားရေးမှူး      ဒေါက်တာကာရန်နော်ဘက်ဂ်    ၏ ပြောကြားချက်ကို
ကိုးကား၍BBCသတင်းတစ်ရပ်ကဖော်ပြထားသည်။“ အရွယ်မတိုင်ခင်အရက်သောက်တဲ့ သက်ရောက်မှုဟာ
ပျောက်ပျက်မသွားပါဘူး ၊ အသက်၂၁ နှစ် အောက်အရက် မသောက်ရ တဲ့ တားမြစ်မှုဟာစိတ်ပညာ
ဆိုင်ရာတွေ့ရှိချက်နှင့်ဆက်စပ်ပါတယ်”ဟုအဆိုပါပညာရှင်က.ရှင်းပြသည်။ ဒါက်တာ ကာရန်နော်ဘက်ဂ်နှင့် သူမ၏ သုတေသန အဖွဲ့သည် ၁၉၄၈ မှ၁၉၇၀ အကြားမွေးဖွားခဲ့ကြသောလူပေါင်း ၄၃၀၀၀ ကျော်ကို သုတေသန ပြုခဲ့ကြရာအရက်စွဲမှု များနှင့် အရက်ကြောင့် ဖြစ်သောနောက်ဆက်တွဲ ဆိုးကျိုး ဖြစ်ပွားမှု
နှုန်းများသည်၎င်းတို့ပထမဦးဆုံးအရက်သောက်ဖူးသောအရွယ်ငယ် ရွယ်လေပိုများလေဖြစ်ကြောင်းတွေ့
ရှိခဲ့ရသည်။ ယခင်က အမေရိကန် ပြည်ထောင်စုအချို့ပြည်နယ် ဥပဒေများတွင် အသက် ၁၈ နှစ်ကျော် လျှင်အရက်သောက်နိုင် ကြောင်းခွင့်ပြုထားပြီး ဖြစ်သော်လည်း ဗဟို အစိုးရ၏ ဖိအားပေးမှုကြောင့် အရက်
စတင်သောက်နိုင်သော အသက် ကို ၂၁ အရွယ်တွင် အရက်ဆိုင်ထိုင်ဖူးသောစစ်တမ်းဖြေဆိုသူများ၏ ၃၃ ရာခိုင်နှုန်းသည်သာမန်၂၁နှစ်နောက်ပိုင်းအရက်သောက်သူများ ထက် ပိုမို မြန်ဆန်စွာ အရက်စွဲသွားကြသည်ဟု ထိုစစ်တမ်းကသက်သေပြထားသည်။

No comments:

Post a Comment

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................