Tuesday, September 13, 2011

ဦးနှောက်အားကောင်းစေသော အရာများ (Brain Boosters)
ဦးနှောက်အားကောင်းစေသော အရာများ (Brain Boosters) လူတွေဟာ အသက်ကြီးလာတဲ့ အခါမှာဦးနှောက်
မှာ ရှိတဲ့ နူရွန်တွေရဲ့သုံးဆယ် ရာခိုင်နှုန်းဆုံးရှုံးပြီး
ဖြစ်တယ်လို့ လေ့လာသူတွေကထင်ခဲ့ကြပါ
တယ်။ တကယ်တော့ သင်သာ ကျန်းမာရေး
ကောင်းနေမယ် ဆိုရင် သင့်ဘဝတစ်လျှောက်လုံး
နူရွန် အများစုကို ထိန်းသိမ်း ထားနိုင်တယ်လို့ ဦးနှောက်ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အသက်ကြီးတဲ့ အထိ ဦးနှောက်
ဆဲလ်တွေ အကောင်းဆုံး ဖြစ်နေအောင် ထိန်းသိမ်း ထားနိုင်ဖို့ အတွက် ဦးနှောက်စွမ်းအား
ပြည့်စေတဲ့ အရာတွေကို အကြံပြုပေးပါရစေ။
(၁) စိတ်ကူးသစ်နှင့် စိန်ခေါ်မှု အသစ်များ
သက်လတ်ပိုင်း အရွယ်မှာ သိုလှောင်ထားတဲ့ အချက်အလက်တွေကို ပြန်ခေါ်တဲ့ အခါတိုင်း မှတ်မိနေစေဖို့ အတွက် ဦးနှောက်ထဲမှာ နူရွန်လမ်းကြောင်း သန်းနဲ့ချီပြီး တည်ဆောက်ထားပါတယ်။ ဒီလမ်းကြောင်းတွေကြောင့် ငယ်ရွယ်သူတွေနဲ့ ယှဉ်ရင် သင့်အနေနဲ့ ပြဿနာတွေကို အလွယ်တကူ
ဖြေရှင်းနိုင်ပါလိမ့်မယ်။ အမြဲတမ်း သမားရိုးကျ တွေးတောနေရင် ဦးနှောက်ရဲ့ ကွန်ရက်အသစ်ကို တည်ဆောက်ဖို့ လှုံ့ဆော်မှုနှုန်း နည်းသွားပါလိမ့်မယ်။ ဒါကြောင့် စာအုပ်ဖတ်တာ၊ ကမ္ဘာကြီး အကြောင်း သိအောင် လေ့လာတာ၊ တူရိယာကို တီးခတ်တာနဲ့ ဘာသာစကားအသစ် လေ့လာတာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှ သင့်ဦးနှောက်က မှတ်သားနိုင်စွမ်း ပိုကောင်းလာမှာပါ။
(၂) အစပိုင်းမှာ အလေးထားခြင်း
အသစ်အဆန်း တစ်ခုခုကို မှတ်မိဖို့ ဆိုရင် အစပိုင်း ကတည်းက သေသေချာချာ မှတ်သားထားဖို့ လိုပါတယ်။ ဥပမာ လူတစ်ယောက်နဲ့ တစ်ကြိမ် စတွေ့ပြီးတာနဲ့ အဲဒီလူရဲ့ နာမည်ကို မှတ်မိဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ စတွေ့ကတည်းက သူ့နာမည်နဲ့ ရုပ်ကို တွဲပြီး မှတ်မိနေအောင် သေသေချာချာ မှတ်သားထားဖို့ လိုပါတယ်။ လေ့လာမှုအသစ်ကို လုပ်ရာမှာလည်း အစပိုင်း ကတည်းက အလေးထားပြီး မှတ်သားတတ်တဲ့ အကျင့်ကို လုပ်ပေးရင် မှတ်ဉာဏ် ကောင်းမွန်စေပါတယ်။
(၃) လေ့ကျင့်ခန်း လုပ်ခြင်း
နှလုံးလိုပဲ ဦးနှောက်ကလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့အတွက် သွေးစီးဆင်းမှု ကောင်းဖို့ လိုပါတယ်။ ဒါကြောင့် ပုံမှန် လေ့ကျင့်ခန်း လုပ်ပြီး ဦးနှောက် ဆဲလ်သစ်တွေရဲ့ ကြီးထွားမှု အားကောင်းအောင် လုပ်ဆောင် ပေးသင့်ပါတယ်။
(၄) အာဟာရ
ကောင်းမွန်တဲ့ အစားအသောက်တွေဟာ ဦးနှောက် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သက်လတ်ပိုင်း အရွယ်ကနေ အသက်ကြီးတဲ့အထိ ဦးနှောက်စွမ်းအား ကောင်းနေအောင် အဆီများတဲ့ ငါး၊ အဆီ ထုတ်ထားတဲ့ နွားနို့၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားပေးသင့်ပါတယ်။

No comments:

Post a Comment

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................