အမေရိကန်တွင် iPad သုံးစွဲသူ ကျောင်းသားဦးရေ ရာခိုင်နှုန်းမြင့်တက်လာ
အမေရိကန်တစ်ဝန်းရှိ ကျောင်းများတွင် ကျောင်းသားများသည်
စက္ကူစာအုပ်သုံး သင်ရိုးညွှန်းတမ်း များနေရာ၌ စက္ကူလွတ် iPad ကို အစားထိုး
သုံးစွဲမှု မြင့်တက်လာကြောင်း စစ်တမ်းများအရ သိရှိရသည်။ ဇူလိုင်လတွင်
ကောက်ယူသော စစ်တမ်းများအရ ကျောင်းသားများ၏ သုံးပုံနှစ်ပုံ အရေအတွက်သည် iPad
ကို စတင်သုံးစွဲကြကြောင်း သိရှိရသည်။ တန်ဖိုးအားဖြင့် ဒေါ်လာငါးရာမှ
ခြောက်ရာဝန်းကျင်သာ ကုန်ကျသော Apple iPad ကိုလေးလံပင်ပန်းစွာ သယ်ဆောင်
သွားရသော စက္ကူစာအုပ်များ နေရာတွင် အစားထိုးသုံးစွဲဖို့ တာဝန်ရှိသူများကလည်း
လိုလားနှစ်သက်ကြသည်။ E-book များကို အွန်လိုင်းမှ အလွယ်တကူ
ရရှိနိုင်မှုကလည်း ဘာသာရပ်ဆိုင်ရာ ကိုးကားစာအုပ်များ ရှာဖွေဖတ်ရှုရာတွင်
ကျောင်းသားများအတွက်ပိုမို အဆင်ပြေ စေလာခဲ့သည်။
၎င်းအပြင် သင်္ချာနှင့် အင်ဂျင်နီယာ ကျောင်းသားများအတွက် အတွက်အချက်ဘာသာရပ်များတွင် လိုအပ်သော ဂဏန်းသင်္ချာတွက်စက် Calculator, အဘိဓာန် Dictionaries, Auto Card Application စသော လုပ်ဆောင်ချက်များကို iPad ပေါ်တွင် အလွယ်တကူ အသုံးပြုနိုင်ကြောင်း သိရသည်။ Problem Solving သင်္ချာပုစ္ဆာများကို တွက်ချက်ရာတွင် အလွယ်တကူ ပုံကြမ်းရေးဆွဲနိုင်မှု၊ မှတ်စုတို မှတ်သားမှု၊ အိမ်စာပုစ္ဆာများကို ဆရာများထံသို့ အွန်လိုင်းမှ လျှင်မြန်စွာပေးပို့နိုင်မှုနှင့် Tutorial သင်ခန်းစာများကို ဗီဒီယို မှတ်တမ်းများဖြင့် မှတ်သားသိမ်းဆည်းမှု စသောလုပ်ဆောင်ချက်များက ကျောင်းသားများအတွက် သာမက ဆရာများအတွက်ပါ သင်ကြားရေးအတွက် အလွန်တရာမှ ထိရောက်ထောက်ကူပေးနိုင်ကြောင်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပါမောက္ခမက်ခ်ဝက်စ်ချာမှ ထုတ်ဖော် ပြောကြားခဲ့သည်။ ယခုအခါ အမေရိကတစ်ဝန်းရှိ ပုဂ္ဂလိက အထက်တန်းကျောင်းများတွင် Apple နှင့် ပူးပေါင်း၍ ကျောင်းသား (၁,၂၅၀) ကို iPad တစ်လုံးကျနှုန်းဖြင့် စတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ရောက်တိုင်း အမေရိကန် လူမျိုးတွေဟာ နှလုံး ကျန်းမာရေးအတွက်
အထူး စစ်ဆေးမှု ခံယူလေ့ ရှိပါတယ်။ နှလုံး ရောဂါဟာ အမျိုးသမီးတွေမှာ
သေဆုံးနှုန်း အများဆုံးရောဂါ
သင့်သွားတွေကို ဖြတ်ပြီး လေကို စုပ်လိုက်ရုံ ဒါမှမဟုတ်ပူတဲ့၊ အေးတဲ့
အစာတွေကို ကိုက်လိုက်ရုံနဲ့ ရုတ်တရက် စူးစူးရှရှ နာကျင် သွားပါသလား။
သွားကျဉ်တဲ့အခါ ခံစားရတဲ့ နာကျင်မှုက မကြာရှည်ပါဘူး။ ချက်ချင်းဖြစ် ပြီး
စက္ကန့်အနည်းငယ်အတွင်းမှာပဲ ပြန်ပျောက် သွားပါတယ်။
လူတွေဟာ အသက်ကြီးလာတဲ့ အခါမှာဦးနှောက်