'အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ်' ထဲက ဇာတ်ကောင်စရိုက်နဲ့တူညီတဲ့ သက်မွန်မြင့်
Posted on Jun

မကြာမီရုံတင်ပြသတော့မည့် "အာဒမ်ရယ်၊ ဧ၀ရယ်၊
ဒဿရယ်" ရုပ်ရှင်ဇာတ်ကားတွင် ချစ်သူကို မျက်စိမှိတ်ယုံကြည်ချစ်ခင်ပြီး
ဘာမဆို ခွင့်လွှတ်နားလည်ပေးတတ်သော ငွေလသာ ဇာတ်ကောင်စရိုက်နှင့်
သူမ၏နှလုံးသားခံစားချက်များမှာ အနီးစပ်ဆုံးတူညီကြောင်း ယင်းဇာတ်ကားကို
အထူးပွဲပြသသည့်နေ့က သက်မွန်မြင့်ကပြောသည်။ "သက်မွန်က အချစ်ကြီးပါတယ်။
အချစ်ကိုလည်း တန်ဖိုးထားပါတယ်။ ချစ်မိပြီဆိုရင် သိပ်ပြီးတော့ မစဉ်းစားဘူး။
မစဉ်းစားဘူးဆိုတာက ငါရှုံးနေရပြီလား၊ ငါအနစ်နာခံနေရပြီလားဆိုတာတွေကို
မစဉ်းစားတာ။ ကိုယ်ဘာလုပ်ပေးလို့ရမလဲ။ လုပ်ပေးလို့ရတာတွေ လုပ်ပေးတယ်။
သူကောင်းစားဖို့ စဉ်းစားပေးတယ်။ သူ့အပေါ်စေတနာထားတယ်။ 'အာဒမ်ရယ်၊ ဧ၀ရယ်၊
ဒဿရယ်' ဇာတ်ကားထဲက ငွေလသာ ဇာတ်ကောင်နဲ့ဆို အပြင်ကသက်မွန်ပုံစံက
အများကြီးနီးစပ်ပါတယ်။ ဒါပေမဲ့ ငွေလသာက တော်တော်လိမ္မာပါတယ်။ သက်မွန်ကတော့
တော်တော်ဆိုးတယ်(ရယ်လျက်) ဆိုးချင်တာပေါ့နော်။ လူတစ်ယောက်
ကိုယ့်ကိုတကယ်ချစ်ရင် ဘယ်လောက်ထိသည်းခံနိုင်မလဲလို့
ဆိုးကြည့်ချင်တာပေါ့နော်။ ငွေလသာကျတော့ ဘာမှမရှိဘူး။
ပေးဆပ်ခြင်းသက်သက်နဲ့ပေါ့" ဟုဖြေကြားခဲ့သည်။ ယင်းဇာတ်ကားရိုက်ကူးစဉ်က
ဒီဗီဒီဇာတ်ကားအဖြစ်သာ ရိုက်ကူးခဲ့သော်လည်း ယခုအခါ ဖလင်အဖြစ်ကူးပြောင်းကာ
လက်ရှိရုံတင်လျက်ရှိသော 'ပင်လယ်ထက် နေ၀န်းနီ' ဇာတ်ကားအပြီးတွင်
ရုံတင်ပြသတော့မည်ဖြစ်သည်။
ရေးသားသူ - အေးသူစံ
Credit - 7Day News, Vol(10) issue(14)
ရေးသားသူ - အေးသူစံ
Credit - 7Day News, Vol(10) issue(14)
No comments:
Post a Comment