Saturday, November 26, 2011

ကျောင်းဆရာလုပ်တော့မည့် Hip Hop အဆိုတော်
 
Gzaသည် ဟားဗက်တက္ကသိုလ်တွင် ဒီဇင်ဘာ (၁)ရက်နေ့၌ အာဖရိကန်ဖွားများ၏ ဆွေးနွေးပွဲတစ်ခုကို ဦးဆောင် ဆွေးနွေးမည်ဖြစ်
Posted on Nov 25 11 - 12:33 PM | Hits : 930
ကျောင်းဆရာလုပ်တော့မည့် Hip Hop အဆိုတော်
နာမည်ကျော် Hip Hopဂီတအဖွဲ့ Wu-Tang Clanမှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ Gzaတစ်ယောက် အလုပ်ပြောင်းသွားပြီ ဖြစ်သည်။ ၎င်းသည် ဒီဇင်ဘာလမှ စပြီး ဟားဗက်တက္ကသိုလ်တွင် ကျောင်းသားများကို Lectureရိုက်တော့မည် ဖြစ်သည်။ Gzaသည် ဟားဗက်တက္ကသိုလ်တွင် ဒီဇင်ဘာ (၁)ရက်နေ့၌ အာဖရိကန်ဖွားများ၏ ဆွေးနွေးပွဲတစ်ခုကို ဦးဆောင် ဆွေးနွေးမည်ဖြစ်သည်။

ယင်းတွင်၎င်း၏ဂီတသမားဘ၀ ဖြတ်သန်းမှုများကိုပါ ပြန်ပြောင်းပြော
ဆိုသွားမည် ဖြစ်သည်။ ထို့အပြင် Wu-Tang Clanကို ဖွဲ့စည်းပုံနှင့် ၎င်းတို့၏ သီချင်းစာသားများ အကြောင်းကိုလည်း ဆွေးနွေးသွားမည်ဟု သိရသည်။ ၎င်း၏ အစီအစဉ် အပြီးတွင် ဟားဗက် တက္ကသိုလ် ကျောင်းသားများ၏ မေးခွန်းကို ဖြေကြားရန်လည်း Gzaက စီစဉ်ထားသည်။ RollingStone.com၏ အဆိုအရ Gzaနှင့် ဟားဗက်မှ တာဝန်ရှိသူများကြား အဆိုပါ ဟောပြောဆွေးနွေးပွဲ အစီအစဉ်အတွက် အပြီးအပြတ် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

အမည်ရင်း ဂယ်ရီဂရိုက်စ်ဖြစ်သော အဆိုတော်သည် အမေရိကန် ပညာရေး ဖွဲ့စည်းမှုဌာနသို့လည်း အဆိုပါ အစီအစဉ်အပြီးတွင် သွားရောက် လည်ပတ်မည်ဟု သိရှိရသည်။ Gzaသည် (၂၀၁၂)ခုနှစ်တွင် ၎င်း၏ တစ်ကိုယ်တော် အယ်လ်ဘမ်ကို ထုတ်ဝေနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................