Friday, November 25, 2011

တစ်ကိုယ်တော်ခွေကို ကိုယ်ပိုင်သံစဉ်တွေပဲ လုပ်ချင်တဲ့ ချစ်သုဝေ

တစ်ကိုယ်တော်ခွေကို ကိုယ်ပိုင်သံစဉ်တွေပဲ လုပ်ချင်တဲ့  ချစ်သုဝေ
ချစ်သုဝေနဲ့ဆုံတွေ့ခိုက် ဂီတ ရုပ်ရှင်ဆိုင် ရာ အကြောင်းများနဲ့ ပတ်သက်ပြီး ယခု လိုမေးဖြစ်ခဲ့ပါ တယ်။
    နယ်ရှိုးတွေ တော်တော်လေး ဆို ဖြစ်နေတယ်နော်။
    ဟုတ်ပါတယ်။ ရန်ကုန်ရှိုး တောင် သိပ်မဆို ဖြစ်ဘူး။ သီချင်း ပိုင်းကို ထရီစာ အများကြီးဦးစား ပေးနေပါတယ်။ ရန်ကုန်ပွဲကလည်း ငှားမှ ဆိုလို့ရမှာ လေ။ အဲဒီတော့ နယ်ရှိုးတွေပဲ ဦး စားပေး ဆိုဖြစ် နေတယ်။
  တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်နေပြီလား။
    ဟုတ်ကဲ့၊ သီချင်းတွေ စု နေပါတယ်။ မိုးတွင်းမှာ သေသေ ချာချာ Mixing ဆွဲပြီး ထွက်မယ့်ရက် ကိုပြင်ဆင်မယ်လို့စိတ်ကူးထားတယ်။
    ထရီစာကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေ ပါမှာလား။
    သီချင်းကတော့ ရေးထားတာ တွေရှိပါတယ်။ ဒါပေမဲ့ တစ်ကိုယ် တော်ခွေမှာတော့ ထည့်မသုံးဖြစ် သေးပါဘူး။ ထရီစာနဲ့ အမြဲလက်တွဲ နေကျ တေးရေးတွေကိုပဲ ပုံပြီးအပ် ထားတယ်။တေးရေးတွေကထရီစာနဲ့ လိုက်မယ့်ပုံစံကို သေသေချာချာနဲ့ ရေးပေးထားကြပါတယ်။တစ်ခွေလုံး ကိုယ်ပိုင်သံစဉ်တွေဖြစ်မယ်ထင်တယ်။
    ငယ်သူမို့မသိပါ ရုပ်ရှင်ကားကြီး ဟာ ထရီစာ အတွက် ပထမဆုံး ကားကြီးနော်။ အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဘာ များပြောစရာရှိနေ သလဲ။
  ဟုတ်ပါတယ်၊ ထရီစာဘဝမှာ ပထမဆုံးသော ရုပ်ရှင်ကားကြီးပါ။ ဘာပြောချင်သလဲ ဆိုတော့ တစ်ခုပဲ ပြောချင်ပါတယ်။ အဲဒီဇာတ်ကားမှာ ပါဝင်ပတ်သက်သူ တွေဟာထရီစာအပေါ်မှာအရမ်းနွေး ထွေးကြတယ်။ အဲဒီကားလေးရိုက် ရတာတော်တော်ပျော်တယ်။ အခု ရုံတင်တော့ ပရိသတ်ဘက်က ပြန် ကြားရတဲ့အသံတွေကလည်းထရီစာ အတွက် အားဆေးတွေပါပဲ။ အဲဒီ ဇာတ်ကားမှာ ထရီစာလည်း အရမ်း ကြိုးစားထားပါတယ်။    

No comments:

Post a Comment

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................