ဘရာဇီးကခေါင်းနှစ်လုံးနှင့်ကလေး
ဘရာဇီးနိုင်ငံတွင်
အသက်၂၅နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဦးခေါင်းနှစ်လုံး ပါရှိသည့်
ကလေးငယ်တစ်ဦးကို မွေးဖွားခဲ့ကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ ၂၂ရက်နေ့တွင်
ဖော်ပြသည်။ မာရီယာဒီနာဇာရေး အမည်ရှိ အမျိုးသမီးသည် ဘရာဇီးနိုင်ငံ
မြောက်ပိုင်း ပါရာပြည်နယ် အနာဂျက်မြို့ရှိ ဆေးရုံတွင် အဆိုပါကလေးကို
ဗိုက်ခွဲမွေးဖွားခဲ့ခြင်း ဖြစ်သည်။သူသည် ဆေးရုံသို့ တက်ရောက်ခဲ့စဉ် သူ၏ကိုယ်ဝန်ကို အမြွှာပူးဟုသာ ထင်ခဲ့သည် ဟုဆိုသည်။ မွေးဖွားလာစဉ် ကလေးသည် ကိုယ်အလေးချိန် ၉ဒသမ ၉ပေါင်ရှိသည်။ ကလေးသည် ဦးခေါင်းနှစ်လုံးပါရှိ သည်မှလွဲ၍ အခြားခန္ဒာကိုယ် အစိတ်အပိုင်းများ အားလုံးမှာ ကျန်းမာသန်စွမ်းကာ ပုံမှန်အတိုင်း အလုပ်လုပ် နိုင်သည်ဟုဆိုသည်။ ကလေးသည် ဦးနှောက်နှစ်ခုနှင့် ကျောရိုးနှစ်ခု ပါဝင်သော်လည်း နှလုံး၊ အဆုတ်၊ အသည်းနှင့် လိင်အင်္ဂါများမှာ တစ်ဦးစာသာ ပါဝင်သည်ဟု ဆိုသည်။
No comments:
Post a Comment