Saturday, January 7, 2012

အောင်ဘာလေသိန်းဆုဌာနခွဲက အွန်လိုင်းတွင် ထီတိုက်နိုင်ရန် ၀က်ဘ်ဆိုက်လွှင့်တင်

အောင်ဘာလေသိန်းဆုဌာနခွဲက အွန်လိုင်းတွင် ထီတိုက်နိုင်ရန် ၀က်ဘ်ဆိုက်လွှင့်တင်

ရန်ကုန်၊ အောက်တိုဘာ-၅
အောင်ဘာလေသိန်းထီဆုပေါက် မဲများကို (၂၇၃)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှစ၍ အွန်လိုင်းမှကြည့်ရှုပြီး ထီပေါက်စဉ် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပြည်
တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ  သတင်း ရရှိသည်။
    ပြည်တွင်းအခွန်များဦးစီးဌာနမှလွှင့်တင်ထားသည့်   www.irdmyanmar.gov.mm   ၀က်ဘ် ဆိုက်တွင် ထီတိုက်နိုင်မည်ဖြစ်ပြီးအောင်ဘာလေသိန်းဆုဌာနခွဲမှ သိန်းထီပေါက်စဉ်များအခမဲ့ပေး ဝေမှုကိုလည်း   ဆက်လက်လုပ် ဆောင်သွားမည်ဟုသိရသည်။    အောင်ဘာလေသိန်းဆု ပေါက်မဲများကို ထီဖွင့်ပွဲပြုလုပ်ပြီး ၄ ရက်အကြာတွင် အွန်လိုင်းမှ
ထီတိုက်ခြင်း၊ အခမဲ့ပေါက်စဉ်ထုတ်ယူခြင်းများကိုပြုလုပ်နိုင် မည်ဖြစ်သည်။
    အွန်လိုင်းမှအောင်ဘာလေထီတိုက်နိုင်ရန် ရွှေမြန်မာထီဆိုင်အုပ်စုကလည်း www.shwemy-anmarlottery.com    ၀က်ဘ်ဆိုက် လွှင့်တင်ပေးထားပြီး ယခုအခါ ဌာနဆိုင်ရာဝက်ဘ်ဆိုက်တွင်ပါ ထီတိုက်နိုင်ပြီဖြစ်သည်။
    မြန်မာတစ်နိုင်ငံလုံးတွင် ထီတစ်စောင်၂၀၀ ကျပ်နှုန်းဖြင့်ဝယ်ယူနိုင်သည့်ဆိုင်စာရင်းကို လည်း ဌာနမှထုတ်ဝေသည့် အောင်ဘာလေသိန်းထီပေါက် စဉ်တွင် ဖော်ပြ ထားကာစုစုပေါင်း ၄၁ ဆိုင်ရှိသည်ဟုသိရသည်။

No comments:

Post a Comment

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................