INTERNET journal မှ တစ်ဆင့်ဆက်လက်မျှဝေသည်။ |
အနုညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက်ရည်ရွယ်၍ Visual Effects in Adobe After Effects ရုပ်သံမီဒီယာအထူးပြုလုပ်ချက် ဖန်တီးခြင်းသင်တန်းကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း PROMOTION Computer Training Center မှသိရသည်။ အဆိုပါသင်တန်းတွင် နိုင်ငံတကာရုပ်သံမီဒီယာတွင် လက်တွေ့အသုံးများသော Adobe After Effects ဖြင့် စီးပွားရေးကြော်ငြာများ၊ TV ကြော်ငြာများကို လှပသေသပ်အသက်ဝင်အောင် တီထွင်ပြုလုပ်ခြင်းများ၊ ဗီဒီယိုနောက်ခံ Motion Background များဖန်တီးခြင်း၊ ဆန်းသစ်လှပသော Text Animation များ၊ အရာဝတ္ထုများ၊ 2D, 3D ပုံစံလှုပ်ရှားမှု အသွင်မျိုးစုံ ပြုလုပ်ခြင်း၊ ကာတွန်းဓာတ်ပုံများကို လှုပ်ရှားမှုပြုလုပ်ခြင်း၊ စာတန်းထိုးခြင်း၊ သီချင်း၊ ကာရာအိုကေသီချင်းစာသားများ ဖန်တီးခြင်း၊ Simulation များဖြစ်သည့် မိုးရွာခြင်း၊ နှင်းကျခြင်း၊ စာတန်း၊ ဓာတ်ပုံများ ပေါက်ကွဲခြင်းစသည့် Special Effects & Transition များ ထည့်သွင်းဖန်တီးခြင်း၊ Video clips, Image clips များကို သက်ဝင်လှုပ်ရှားမှု ထည့်သွင်းခြင်းများအပြင် Exporting ထုတ်နိုင်သည်အထိ သင်ကြားရမည်ဖြစ်သည်။ သင်တန်းကာလ (၂) လကြာမြင့်မည်ဖြစ်ပြီး သြဂုတ် ၉ ရက်အထိ သင်တန်းအပ်နှံသူများကို သင်တန်းကြေး ၁၀ ရာခိုင်နှုန်းလျှော့ပေးမည်ဖြစ်ကြောင်း သိရသည်။ ရေးသားသူ -သူရ |
လက်ဖက်မြေ
▼
No comments:
Post a Comment