ကျန်းမာရေးဝန်ဆောင်မှုများအဖြစ် Online Consultancy နှင့် On Call Clinic
ဝန်ဆောင်မှုများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း Blue Ocean Operation
Management Co.,Ltd မှတာဝန်ရှိသူက ပြောသည်။ ရတနာပုံ Call Center ၏
သီးသန့်ဝန်ဆောင်မှုအနေဖြင့် အဆိုပါကျန်းမာရေးဝန်ဆောင်မှုကို
ဆောင်ရွက်ခြင်းဖြစ်ပြီး ဖုန်းခေါ်ဆို၍ ကျန်းမာရေးအသိပညာပေးဆွေးနွေးခြင်း၊ အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းတို့ကို ၂၄ နာရီဆောင်ရွက်နိုင်ပြီဟုဆိုသည်။ ဖုန်းနံပါတ် ၁၈၇၅ သို့ဆက်သွယ်ကာ အဆိုပါဆောင်ရွက်ချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး မိမိ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအား လိုအပ်ချက်များရှိပါက ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ခြင်း၊ သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှု စသည်တို့ကို မေးမြန်းစုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းကျန်းမာရေးဝန်ဆောင်မှုအစီအစဉ်တွင် အသင်းဝင်ရောက်နိုင်မည့် အစီအစဉ်တစ်ရပ်ကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။ အသင်းဝင်သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး အသင်းဝင်များအနေဖြင့် လစဉ် Call Center မှဆရာဝန်များမှ ဖုန်းခေါ်ဆိုပြီး လိုအပ်သည်များကို ဆွေးနွေးခြင်း၊ ၆ လတစ်ကြိမ် Physical Examination စစ်ဆေးပေးခြင်း၊ လိုအပ်သည့်အကြံဥာဏ်များပေးခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အသင်းဝင်များအား ဟောပြောဆွေးနွေးပညာပေးခြင်း၊ အသင်းဝင်အချင်းချင်း အတွေ့အကြုံများကို တိုင်ပင်ဆွေးနွေးနိုင်ရန် စီစဉ်ပေးခြင်း၊ အထူးကုဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံလိုပါက စီစဉ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ရေးသားသူ -ထွန်းထွန်း |
လက်ဖက်မြေ
▼
No comments:
Post a Comment