လက်ဖက်မြေ
▼
မြန်မာယူနီကုတ်ဖန်တီးခဲ့သူ
မြန်မာယူနီကုတ်ဖန်တီးခဲ့သူ
မြန်မာစာကို ကွန်ပျူတာပေါ်တွင် အသုံးချနိုင်ရေးအတွက် အင်တိုက်အားတိုက်
ပါဝင်လှုပ်ရှားခဲ့သော အင်္ဂလန်နိုင်ငံသား Keith Stribley သည် ၁၅.၂.၂၀၁၁နေ့
နံနက် ၅ နာရီခွဲအချိန်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ပါသည်။ Keith သည်
သံလွင်ဆော့ဖ် (http://www.thanlwinsoft.org)
အမည်ဖြင့် ကွန်ပျူတာတွင်မြန်မာစာကိုအဆင်ပြေစွာအသုံးပြု
နိုင်ရေးအတွက်ကြိုးစားပမ်းစားဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါ
သည်။Keithကွယ်လွန်ခြင်းသည်မြန်မာစာကိုကွန်ပျူတာတွင်အသုံးပြုနိုင်စေရန်ဆောင်ရွက်နေသည့်သူများအတွက်
တန်ဖိုးမဖြတ်နိုင်သော
ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါသည်။ သို့ဖြစ်ပါ၍
မိသားစုနှင့်ထပ်တူထပ်မျှကျေကွဲဝမ်းနည်း ရပါကြောင်း ကွန်ပျူတာမြန်မာစာ စနစ်
အကောင်အထည်ဖော်နေသူများ အားလုံးက မှတ်တမ်းတင် ရင်း ဂုဏ်ပြုအပ်ပါသည်။
Keith
Stribley သည် ၁၉၇၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး
မြန်မာနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ကွယ်လွန်ချိန်တွင်ဇနီးဖြစ်သူဒေါ်ခိုင်ဇာဝင်းနှင့်သမီးလေး ရေဗက္ကလင်း
တို့ နှစ်ဦးကျန်ရစ်ခဲ့သည်။ Keith ၏ဈာပနကို ၂၈.၂.၂၀၁၁ နေ့တွင်
မြန်မာပြည်တွင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment