လက်ဖက်မြေ

Monday, August 29, 2011

တအာင်းအလံ

တအာင်း(ပလောင်)အမျိုးသားအလံ
(၁) နေကို ကိုးကွယ်ရသည့် အကြောင်းအရင်း 
                တောတောင်ကုန်းမြင့်ဒေသများတွင် နေထိုင်ကြသော  ကုန်းပိုင်တအာင်း(ပလောင်)တို့သည်
နေကို မိမိတို့၏ အသက်သခင်ကျေးဇူးရှင်အဖြစ် ယုံကြည့်အားထား တောင့်တကိုးကွယ်ကြ၏။ အဘယ်
ကြောင့်ဟုဆိုသော် ညအခါတွင် မှောင်မိုက် ပြိး အလွန်အေးချမ်းလှ၍ ရာသီဥတုဒဏ်ကို ဆင်းရဲစွာ ရင်ဆိုင်ရ
သည်။ ခြင်၊မှက် ရန်တို့ကို လည်း ကြောက်ရ၏ သားရဲတိရစ္ဆာန် တို့၏ရန်ကိုလည်းကြောက်ရ၏၊မိမိတို့လုပ်
ငန်းခွင်လည်း မ၀င်ရောက်နိုင်ဘဲဖြစ်ကြ၏ ၊ခရီးသွားလာမှု မပြုနိုင်သောကြောင့် ခရီးနှောင့်နှေးကြရ၏ စသည့်တို့ကြောင့် ညအခါကို  အလိုမရှိမတော့တကြကုန်ပါ။ နေ့အခါနေထွက်လာသည်နှင့် ထိုဘေးဒုက္ခ
အန္တာရယ်တို့မှ ကင်းဝေးကြ ကုန်၏ လုပ်ငန်းခွင်များကိုငြိမ်းချမ်းစွာ ၀င်ရောက်လုပ်ကိုင်နိုင်ကြကုန်၏။
အလိုရှိသောခရိးသို့ အေးချမ်းစွာ သွားလာနိုင်ကြကုန်၏။
                    ထို့ကြောင့် နေမင်းကြီးကို အားကိုးအားထားတောင့်တမှု ဖြစ်ကြကုန်၏။နေမင်းပေါ်ထွက်ရေး
ကိုသာစောင့်စားကြရကုန်၏။နေမင်းကြီးသည် နောက်ဘက်တောင်တန်းများဆီသို့ ၀င်ရောက်ပျောက်ကွယ်
သွားမည်ကို လွန်စွာစိုးရိမ်ကြကုန်၏။ သိုဖြစ်၍ နေကို အစိုးရသော နေနတ်သားအား ဖခင်ကြိးအဖြစ် ကျေး
ဇူးရှင်ကြိးအဖြစ်လိုလားတောင့်တခြင်းသည် များစွာ ဖြစ်ကြကုန်၏။ ထိုအချိန်မှ စ၍ နေနေတ်သားအား
မိမိ တအာင်း(ပလောင်)တို့၏ ကျေးဇူးရှင်ဖခင်ကြီးအဖြစ် အားလုံးက မှတ်ယူကိုးကွယ်ကြသည့်ဟူ၏

(2) နဂါးကို ကိုးကွယ်ရသည့် အကြောင်းရင်း
            တအာင်း(ပလောင်)ဟူသော ဝေါ်ဟာရသည် ပုန်းလုံးဟူသောစကားမှ ဆင်းသက်လာသည်။မွန်ဂို
လွိုက်စကားဖြစ်  ပုန်း -အမျိုးအနွယ်ဟု အဓိပ္ပါယ်ရသည်။ နဂါးမှဆင်းသာက်လာသော လူမျိုးဟုလည်း
အဓိပ္ပါယ်ရသည် ။ မြစ်ချောင်းအင်းအိုင် ပင်လယ်သမုဒ္ဒရာအနီးတွင် နေထိုင်ကြသော (တအိုမ်)လူမျိုးဟု
လည်း အဓိပ္ပါယ်ရသည်။(တအိုမ်)ပလောင်တို့သည် ရေကိုပိုင်းစိုးသော နတ်နဂါးအား မိမိတို့၏အသက်သ
ခင်ကျေးဇူးရှင်ကြီးများအဖြစ် ယုံကြည် အားထားကိုးကွယ်ကြကုန်၏။
အဘယ်ကြောင့်ဆိုသော်  (တအိုမ်)ပလောင်တို့သည် မြစ်ချောင်း အင်းအိုင် ပင်လယ်အနီးတွင် နေထိုင်ကြ
ရာ စိုက်ပျိုးရေးမွေးမြူရေးတို့ကိုသာ လုပ်ကိုင်စားသောက်နေထိုင်ကြရကုန်၏။ မိုးနားပါးခြင်း ရေရှားပါးခြင်း
များ ပေါ်ပေါက်သည်နှစ်များတွင် မိမိတို့၏လုပ်ငန်းများမအောင်မြင်ကြပေ။ပျက်စီးဆုံးရှံးမှု များကြီးစွာဖြစ်
ပေါ်ကြရ၏။ ထို့ကြောင့် စားဝတ်နေရေးအတွက် အလွန်ကြပ်တည်းကြရန်ကုန်၏။ နတ်နဂါးပေါ်သောနှစ်
သို့မဟုတ် နဂါးနိမိတ်ဖြစ်သောနှစ်(နတ်နဂါးနှစ်)(တရုတ်ရိုးရာအယူအစ)တို့တွင် မြစ်ချောင်းအင်းအိုင်တို့
တွင် ရေကောင်းခြင်းလိုအပ်သောမိုးတို့အချိန်မှန်ရွာသွန်းခြင်းတို့ကြောင့် စိုက်ပျီုးရေးမွေးမြုရေး တို့ဖြစ်ထွန်း
ကြကုန်၏။ ထိုအခါအသက်မွေးမှု အဆင်ပြေချောမွေ၍ (တအိုမ်)ပလောင်လူမျိုးတို့ စိတ်ချမ်းသာပျော်ရွင်ကြ
သည်ဖြစ်ကုန်၏။နတ်နဂါးကို နှစ်စဉ်နှစ်တိုင်း လိုလားကြ၏ တောင့်တကြ၏ ဆုတောင်းပွဲံများလုပ်ကြ၍ ပင့်
ဖိတ်ကြကုန်၏။နတ်နဂါးကိုလည်း မိမိတို့(တအိုမ်)ပလောင်လူမျိုတို့သည် ကျေးဇူးရှင်မိခင်ကြီးအဖြစ် မှတ်ယူ
ကိုးကွယ်ကြသည်ဟူ၏

(3) နေ၊နဂါးကို ကိုးကွယ် ရခြင်းအကြောင်းအရင်း

                   တအာင်း(ပလောင်)လူမျိုးတို့သည် (နေနတ်သား)ကို ကိုးကွယ်ကြ၍ နေထိုင်ကြကုန်၏။နေ
ထိုင်သည်(တအိုမ်) ပလောင်တို့သည်လည်း (နတ်နဂါးမင်းသမိး)ကို ကိုးကွယ်ကြကုန်၏။(နေနတ်သား)ကို
ကိုးကွယ်ကြသည့် တအာင်း(ပလောင်)အမျိုးသားနှင့် (နတ်နဂါးမင်းသမီး)ကိုကိုးကွယ်ကြသည့် (တအိုမ်)
ပလောင်လူမျိုးအမျိုးသမီးငယ်တို့သည် အထက်အောက်ကုန်ပစ္စည်းမျာကူးသန်းရောင်းဝယ်ခြင်း၊ ကုန်ပစ္စည်း
များဖလှယ်ခြင်းဖြင့် တွေ့ဆုံကြပြီးသည့်နောက်တွင် တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်ကာ ပေါင်းဖက်လာ
ကြရာမှ သားသမီးမျိုးဆက်များမွေးဖွားလာခဲ့ကြသည်။
          ထိုအချိန်မှ စ၍ တအာင်း(ပလောင်)လူမျိုးတို့နှင့် (တအိုမ်)ပလောင်လူမျိုးတို့သည် နှစ်စဉ်ကူးသန်း
ရောင်းဝယ်ဆက်ဆံကြခြင်းကြောင့် ပိုမိုရင်းနှီးလာကြရာ၊မိသားစုများဖြစ်လာကြကုန်၏ကိုးကွယ်ယုံကြည့်မှု၌
ဖခင်ဘက်မှ(နေနတ်သား)ကိုးကွယ်မှုနှင့်မိခင်ဘက်မှ(နတ်နဂါးသမီး)ကိုးကွယ်ယုံကြည့်မှု (နှစ်)မျိုးစလုံးကို
ပေါင်းစည်းကာ(နေ၊နဂါး)ကိုးကွယ်မှု ကို စတင်ခဲ့ကြသည်။ထိုမှစ၍(နေနတ်သား)အား ကျေးဇူးရှင် ဖခင်အ
အဖြစ်လည်းကောင်း၊(နတ်နဂွး)မင်းသမီးအားကျေးဇူးရှင်အမိအဖြစ်လည်းကောင်း ၊ပေါင်းစည်းကာ ကိုးကွယ်
ကြကုန်၏။ပလောင်ဘာသာဖြင့် (ကူန်ဆငီ၊မာနဂါး)ဟူ၍ ဆိုစမှတ်ပြုကြကုန်သည်ဟူ၏။ ကာလကြာသော်
နေကို ကိုးကွယ်သောအုပ်စုနှင့်နေနဂါးကို ကိုးကွယ်သော အုပ်စု ပေါင်းစည်းရောနှောနေထိုင်မှုကြောင့်
ကိုးကွယ်မှုသည်လည်း  တူညီလာကြပြီး၊ တစ်ခုတည်ေးသာ (နေနဂါး)ကိုးကွယ်မှုဖြစ်ပေါ်လာသည်။



Sunday, August 28, 2011

တအာင်း (ပလောင်)လူမျိုး

တအာင်း(ပလောင်)လူမျိုး




သီပေါ ပွဲတွင် ပျော်ဖြေနေသော တအာင်းပျိုလေးများအား တအာင်းစာပေနှင့်ဗဟိုကောင်မတီအဖွဲ့မှ ဆုငွေပေးနေစဉ်



နမ့်ဆန်မြို့၏ နံနက် သဘာဝအလှလေးပါ

တအာင်းဗဟိုကောင်မတီများ မိုင်းကိုင်သို့ စာပေစီးရုံရေး ကွင်းစင်းရာ မိုင်းကိုင် ရှိ တအာင်လူမျိုးများ အမှတ်တရ
နမ့်ဆန်မြို့ မြီု့မဂိုဏ်းချုပ်ဆရာတော်ကျောင်းနှင့် နမ့်ဆန်မြို့ရှုခင်း

 နမ့်ခမ်းဝတ်ဆုံနှင့် ပလောင်ပျိုဖြူလေးတစ်ယောက်